img:hover { position: relative; top: 1px; left: 1px; } အောင်မျိုးထွန်း Blog မှ ကြိုဆိုပါ၏။: လတ်တလော ၀ါကျများ

လတ်တလော ၀ါကျများ
Tuesday, March 3rd, 2009

အဆုံးကိုသွားမယ်

ဒါဟာ အစဖြစ်တယ် အလယ်ဖြစ်တယ်

သိဖို့ မလိုအပ်ဘူး

ဆုံးခါနီးလည်းဖြစ်ချင်ဖြစ်မယ်

ဖြတ်သန်းရမယ်

ခြောက်ကမ်းပါး ပင်လယ် လွင်ပြင်

တစ်ချိန်မှာရှေးလူကြီးတွေ ပြောခဲ့သလို

အဆုံးကိုရောက်မယ်

ချွေးစက် သွေးစက် မျက်ရည်

အမှုမဲ့ အမှတ်မဲ့ သာထားခဲ့ 

အဆုံးကိုရောက်ရင် ရှေးလူကြီးတွေပြောသလို

မီးကုန်ယမ်းကုန် ပျော်ရွှင်ရမယ်

အရည်ပျော်ပါစေ ငါတို့ ဦးနှောက်တွေ ........

ခုတ်ထစ်ခံပါစေ ငါတို့ နှလုံးသားတွေ..........

ဖောက်ထုတ်ပစ်ပါစေ ငါတို့ မျက်လုံးတွေ.....

လှီးဖြတ်ကြပါစေ ငါတို့ ခြေလက်တွေ........



ရုတ်တရက်ဆိုသလို ပဲ



ခြေကုန်လက်ပန်းကျနေတဲ့  ရှေးလူကြီးတွေကို

အဆုံးမှာတွေ့ လိုက်ရတော့တယ်။

0 comments: