img:hover { position: relative; top: 1px; left: 1px; } အောင်မျိုးထွန်း Blog မှ ကြိုဆိုပါ၏။: အရင်တစ်ခါက မိုးရာသီ

လမ်းပေါ်မှာပဲ ရွာချလိုက်ပါ။

ဒီတစ်ခါမိုးဟာ ဟိုတစ်ခါလိုသည်းမယ်လို့ သူတို့ ထင်ဦးမှာပဲ။



တမင်တကာလုပ်တဲ့ မတော်တဆတွေလည်းရွာ

မသိုးမသန့် မျက်စောင်းတွေလည်းရွာ

ဖိနပ်မစီးတဲ့ စကားလုံးတွေလည်းရွာ

အန်ဖတ်ဆို့ နေတဲ့ နှင်းဆီပန်းတွေလည်းရွာ

မသိနားမလည်ခြင်းများလည်းရွာ

လက်ဖက်ရည်ဆိုင်မှာပေးဖို့ အကြွေးတွေလည်းရွာ

သူငယ်ချင်းတစ်ယောက်အမေရဲ့  ကင်ဆာရောဂါလည်းရွာ

ကားစပါယ်ယာရဲ့ လျှို့ ဝှက်အိပ်ကပ် ကလေးလည်းရွာ

ထုံးသုတ်ထားတဲ့  မလေးရှားပိတောက်ပန်းတွေလည်းရွာ

ဘာပဲရွာရွာ လမ်းပေါ်မှာပဲရွာပါ။

တစ်ရက်တစ်မနက် လောက်ပဲဖြစ်ဖြစ်

ကိုင်ဇာရဲ့ မိုးသီချင်းလို

ငါတို့  နဲနဲပါးပါးလောက်စိုကြည့်ကြရအောင်။

0 comments: