img:hover { position: relative; top: 1px; left: 1px; } အောင်မျိုးထွန်း Blog မှ ကြိုဆိုပါ၏။: အိမ်ထမင်းအိမ်ဟင်း

အိမ်ထမင်းအိမ်ဟင်း
Wednesday, February 25th, 2009


ရော့ ဒီမှာ နေ့ တွက်ဖိုး

မိန်းမရေ ဈေးဖိုးဖယ်ပြီး

သမီးအတွက် ကွန်ဖါဘူးဝယ်ပါ

အိမ်ရှေ့ သရက်ပင်ခူးတာ

ဒီနေ့ ဘယ်နှလုံးရ

အိမ်နီးချင်းတွေကိုလည်း ပေးလိုက်ပါ

ညအခါ လသာသာ ကစားမလား နားမလား

ဖေကြီး မီးမီးအိပ်ချင်ဘီ ပုံပြောပြ

မိန်းမမွေးနေ့ 

လမ်းထိပ်စတိုးက ကလစ်လေးဝယ်လာ

ခေါင်းမိုးအပေါက်ကနေလည်း လရောင်တွေဖြာလို့ 

ရေဒီယိုကလာတဲ့ 

ယနေ့ မှစနှစ်တစ်ရာတိုင်

မနက်ခင်းမသွားခင် တိုင်ကီထဲရေဖြည့်ခဲ့ 

ဈေးကအပြန်ရှင့်အတွက် ကြက်အသဲအမြစ်ဝယ်ခဲ့မယ်

ဒီနေ့ ကဘာဟင်းလဲ

ကန်စွန်းရွက်ချည်ရည်

နောက်ဖေးဆင်းခူးတာမျှော့တွယ်လို့ 

ဘာပဲဖြစ်ဖြစ် သမီးအတွက်ငါးကြော်ထားပါ

ရုပ်မြင်သံကြားမရှိတော့လည်း

စောစောအိပ်ယာဝင်လို့ ရတာပ

ရေဒီယိုအစီအစဉ်အပြီး



ရှင်မရေ.... ဆီမီးခွက်ကိုငြိမ်းလိုက်တော့။

0 comments: