img:hover { position: relative; top: 1px; left: 1px; } အောင်မျိုးထွန်း Blog မှ ကြိုဆိုပါ၏။: ရင်ခွင်စစ်တမ်း

ရင်ခွင်စစ်တမ်း
Sunday, October 5th, 2008


ရှင်သန်ခြင်းရဲ့  ဖွင့်ဆိုချက်

ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ။ (၁၇ ဇူလိုင် ၂၀၀၈ နံနက် ရး၃၃)

၂၂ နှစ်မြောက်ပန်းချီကားမှာ အလှပဆုံး စုတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။

တစ်နေ့ လုံး မွှေးပျံ့ နေသော ပန်းရနံ့ များ၏ လက်ဆတ်မှုသည် အရာတိုင်းဆီသို့ ဦးတည်လိမ့်မည်။



အရေးကြီးဆုံးအဟာရ

မုန့် တွေဝယ်လာတာ။ ည ၈နာရီလောက်အဆောင်လာခဲ့လေ။ (၁၈ သြဂုတ် ၂၀၀၈ နေ့ လည် ၁း၄၂)

မမျှော်လင့်တဲ့ ပျော်စရာတွေကို မမက မထင်မှတ်ပဲ ပစ်ချခဲ့တာကိုး။ မိုးမမြင်လေမမြင်နဲ့ လူတိုင်းကိုပြုံးပြဖြစ်ခဲ့တယ်။

တွယ်တာမှုဆိုသည်မှာ အချိန်ကာလနှင့် တိုက်ရိုက်အချိုးမကျကြောင်း တွေ့ မြင်ကြရမည်။ ချစ်ဖွယ်သောမျက်ဝန်းသည်သာလျှင် ယင်းတို့ ၏အကြောင်းခံဖြစ်ရမည်။



လိုအပ်သော စိတ်ဓါတ်ခိုင်မာမှု

စာထဲသေသေချာချာ အာရုံစိုက်နော်။ တခြားဘာမှ မစဉ်းစားနဲ့ ။ ပင်ပန်းတာကို သည်းခံလိုက်။

(၈ စက်တင်ဘာ ၂၀၀၈ နေ့ လည် ၁း၅၇)

ကိုင်ဇာကတော့ ဓူဝံကြယ်ကို တောင်ဘက်ရွှေ့ မယ်တဲ့ ။ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ဒီနေရာမှာ အရေးမကြီးပါဘူး။

လောကကြီးကိုရင်ဆိုင်ရန် ရတနာကျောက်စီဓါးကို ဘုရားသခင်ပေးရန် မေ့လျော့ နေခဲ့၏။ သို့ သော်ယင်းဓါးထက် အစွမ်းထက်သော ချစ်ခြင်းတရားကို အမှတ်တမဲ့ ထားရစ်ခဲ့၏။



နွမ်းလျနေချိန်များ

လာဖြစ်တော့မှ မဟုတ်ဘူး။ လာဖြစ်ရင်တော့ဖုန်းဆက်လိုက်မယ်လေ။ မျှော်တော့မနေနဲ့ ။ စာမှန်မှန်ကျက်နော်။

(၁၈ စက်တင်ဘာ ၂၀၀၈ ညနေ၆း၄၁)

မနက်ပိုင်း အဝေးပြေးကားတွေ ၀င်လာရင် ဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမယ့် လည်တဆန့် ဆန့် နဲ့ ကြည့်မိတုန်းပဲ။

သင်အမှတ်တမဲ့ ကျန်ရစ်ခဲ့သော လစ်လျူရှုခြင်းမှ အလွမ်းများဝေဆာစွာသီးပွင့်နေသည်ကို တွေ့ မြင်ရလိမ့်မည်။ သင်အနား ရောက်လာသောအခါတွင်မူ ရုတ်တရက်ကြွေကျရလိမ့်မည်။



အမှောင်တိုက်(သို့ မဟုတ်) မီးစာကုန်သောအိပ်မက်

တစ်ယောက်တည်းလား။ ဘာတွေလုပ်နေလဲ။ ဒီမှာတော့နှစ်ယောက်ဖြစ်သွားပြီ။ မုံရွာရောက်တဲ့အခါ မိတ်ဆက်ပေးမယ်လေ။ (၂၁ စက်တင်ဘာ ၂၀၀၈ ညနေ ၄း၃၇)

ဟန်ဆောင်တာနဲ့  မြိုသိပ်ရတာတွေကို ဘယ်သူသင်ပေးလို့ ငါတတ်ခဲ့ပါလိမ့်။ ဘာလို့ ကလေးတစ်ယောက်လို လိုချင်တာကိုပူဆာဖို့ ကြောက်ရွ့ံနေခဲ့တာလဲ။

လောင်ကျွမ်းစွာတောက်ပပြီးချိန်တွင် သင်သည်ပြာမှုန့် များနှင့်အတူ ပျောက်ကွယ်ရလိမ့်မည်။ သို့ သော် ထိုအလင်းရောင်ဖြင့် အခြားသူတို့ ပျော်ရွှင်ကြလိမ့်မည်။



အမှန်တရား ၊ သဘာဝနှင့်  ခွဲခွာခြင်း

နောက်ဆို မ မက်ဆေ့မပို့ တော့ဘူးနော်။ အလုပ်တွေရှုပ်နေလို့ ။ (၂၅ စက်တင်ဘာ ၂၀၀၈ မနက် ၁၀း၃၆)

မျှော်လင့်ပြီးသား၊ကျေနပ်ပြီးသားပါ။ မ ကိုသတိရလိုက်တာလို့  လိပ်ပြာလုံလုံနဲ့ ပြောဖို့  ဘယ်အချိန်အထိ ပြန်စောင့်ရဦးမှာလည်း။ ဒီဘ၀နဲ့ ရော လုံလောက်ပါ့မလား။

တစ်ပါးသူနမ်းမည့် ပါးပြင်အတွက် ရှင်သန်ခဲ့သော သနပ်ခါးပင်များအကြောင်းကို သင့်မိတ်ဆွေတစ်ဦးအား ပျော်စေပျက်စေ သဘောမျိုးဖြစ်စေ ပြောပြခဲ့စေလိုသည်။

0 comments: