img:hover { position: relative; top: 1px; left: 1px; } အောင်မျိုးထွန်း Blog မှ ကြိုဆိုပါ၏။

ncpa.cpl network connection shortcut
sysdm.cpl System properties
timedate.cpl Date & Time
telephon.cpl Phone & modem options
wscui.cpl Window security center
wuaucpl.cpl Automatic update
access.cpl accessibility options
appwiz.cpl add or remove programs
desk.cpl display propertioes
firewall.cpl window firewall
hdwwiz.cpl add hardware wizard
inetcpl.cpl internet properties
intl.cpl regional and language options
joy.cpl game controllers
main.cpl mouse properties
mmsys.cpl sounds and audio devices properties
netsetup.cpl network setup wizard
nusrmgr.cpl user account
powercfg.cpl power option properties


Compmgmt.msc computer management
devmgmt.msc device manager
dfrg.msc disk defragementer
diskmgmt.msc disk mannagement
eventvwr.msc event viewer
fsmgmt.msc shared folders
gpedit.msc group policy editor
lusrmgr.msc local users and groups
ntmsmgr.msc removable storage
ntmsoprq.msc removable storage operator request
perfmon.msc performance
secpol.msc local security setting
services.msc services

သူငယ်ချင်း နင့်အတွက် ကဗျာတစ်ပုဒ်ရေးပေးလိုက်တယ်......နင်နဲ့တိုက်ဆိုင်မယ်လို့ထင်တယ်.....ဖတ်ကြည့်ဦး....

လှည့်စားတယ်လို့မပြောပါနဲ့
ဒီရင်ဘက်တွေထဲက မုန်တိုင်းတွေဟာ
စကားတတ်မယ်ဆိုရင် လှည့်စားခဲ့သူဟာ
မင်းပါလို့ ပြောကြလိမ့်မယ်......

ရက်စက်ပါတယ်လို့ မပြောပါနဲ့
တွေ့ဆုံစဉ်ကတည်းက
နှုတ်ဆက်ခြင်း အတတ်ပညာတွေကို
မင်းကိုယ်တိုင် သင်ပေးခဲ့တာလေ......

မချစ်တတ်ဘူးလို့ မပြောပါနဲ့
ဗလာကျင်းတဲ့ နှလုံးသားထဲ
ချစ်တတ်လာအောင်
မင်းကိုယ်တိုင်ပဲ သင်ပေးခဲ့တာလေ.....

အစွဲအလမ်းကြီးတယ်လို့ မပြောပါနဲ့
အရာအားလုံးကို မေ့တတ်အောင်
မင်းမှ သင်မပေးခဲ့တာပဲလေ.....
အမှတ်တရ မှုန်ကြီးအတွက်
လေပြေ
(၁.၁၀.၂၀၀၄ pm: 11:15)



ဇွဲကပင်အလွမ်း

ရင်၌ဖြစ်သော....
ချစ်ခြင်းမေတ္တာ....
မင်းမသိအောင်....
ငါသိမ်းထားမယ်....
လွမ်းဆွေးရမယ့်....
နေ့သစ်တွေထဲ....
မင်းအကြောင်းသာ....
စိုးမိုးနေတယ်....
ကျောင်းကြီးပြီးလို့....
ဝေးသွားခဲ့ရင်....
မင်းမသိတဲ့....
ငါ့ချစ်ခြင်းတွေ....
ခံစားရင်းနဲ့....
ပေးဆပ်ရမဲ့....
ရင်ခွင်တစုံ....
လွမ်းဆွတ်မှုတွေ....
ငါရဦးမယ်....
ခံစားဦးမယ်....
K.S.W



"မြင်" မတွေ့နိုင်သောခံစားချက်

ရင်ထဲက တဒိတ်ဒိတ်နဲ့
ကျိတ်မှိတ်လို့ ခံစားမဲ့အစား
ဖွင့်ပြောလိုက်မယ်လို့ ရည်ရွယ်ခဲ့တယ်
စိတ်ကူးလေးတွေ မဖြစ်ခဲ့ဘူး
တွယ်ရာမဲ့ တိမ်တွေလို
လွင့်မျောနေတဲ့ စိတ်မှာ
မင်းအကြောင်း နေ့ညတွေးရင်း
ဘ၀စာမျက်နှာမှာ
မင်းရုပ်ပုံ ဖျက်ကနဲတွေ့
စွဲလမ်းစိတ်နဲ့
မေ့မရတော့ ခက်တယ်..........
Zb



ဥသြရဲ့ ဆရာ

နှုတ်တယော တစ်လက်လို
ဥသြငှက် ငိုတယ်ဆိုတာ
ငါ..... သနားတယ်
တကယ်တော့ ငါ့ရင်ထဲ
ရာနှုန်းပြည့် တိမ်မည်းတွေနဲ့
ချစ်အိမ်မက်ကို ကွယ်ဝှက်သိုပုန်း
ဘယ်လိုပုန်းလဲ ရင်ထဲကမင်းကို
တမ်းတရင်းဖြင့် လွမ်းချင်းဖွဲ့သီ
မူးရီရီနှင့် ငါ့ရဲ့ဘဝ
အလှသခင် ငါ....မြင်တယ်
ရေမြေအဆုံး အမုန်းရက်ရှည်
ပုန်းရက်လေအား မေ့ထားခဲ့လည်း
ရင်ထဲကမင်းကို အသည်းမနာ
ရှာဖွေအုံးမည်.... ရှာအုံးမည်
အလွမ်းပိုင်ရှင် ဥသြငှက်ကတောင်
ကောင်မလေးရေ လွမ်းတတ်လို့လားတဲ့...........
သွယ်ထွဋ္ဋ်ခေါင



အချစ်ဆိုတာ

ငါတမ်းတခဲ့တာ
ကြင်နာတဲ့အပြုံးကိုပါ
ငါရရှိခဲ့တာ
ရက်စက်တဲ့စကားလုံးတွေ
ခံစားရတာက
နာကြည်းတဲ့မျက်ဝန်း
ပိုင်ဆိုင်ချင်တာက
ချိုမြိန်တဲ့အချစ်တွေပါ
ငါ့ရင်ထဲမှာ.....
မင်းနဲ့ပတ်သက်ရင်
ဆုံးရှုံးမှုတွေဟာ
အကြိမ်ကြိမ် သန္ဓေတည်လို့
မွေးဖွားခဲ့တယ်
တကယ်တော့လည်း....
အချစ်ဆိုတာ
ပေးဆပ်ခြင်းလို့
ကိုယ့်အသည်းထဲမှာ
ခံယူတတ်လာပါပြီ.....

T.tom



ညှို့ငင်အပြုံး

ဖော်မဲ့ခရီး
ထီးထီးကျေနပ်
နေတတ်ခဲ့ပေမယ့်
မင်းရဲ့အပြုံးတစ်ပွင့်ကြောင့်
ရင်ကျက်တဲ့ နှလုံးသား
အရည်ပျော်ခဲ့ရပြီး.....
U.K




သိစေ

လွမ်းရခြင်းဆိုတဲ့ အကြောင်းတရားတွေက
တို့နှစ်ယောက် ဝေးတဲ့အချိန်မှာ
ငါ့အတွက် အကြောင်းဖန်လာပြီ........
အနေအထားတွေက တစ်မြေခြားနေပေမယ့်
အချုပ်အနှောင် ကြီးမားတဲ့
သံယောဇဉ် ရှိနေသရွေ့တော့
မေ၀၀ါးတဲ့အာရုံထဲမှာ မင်းရှိနေမှာပါ.......
တို့နှစ်ယောက် ဝေးကွာနေတဲ့အချိန်မှာ
ရည်စူးသမျှနဲ့ ကြည်နူးနေရတဲ့ အဖြစ်ကို
မင်းမြင်လှည့်ပါ ချစ်သူ........
အငိုမျက်လုံး မပြုံးသာပေမယ့်
ဆန္ဒကို သိက္ခာနဲ့ ထိန်းရင်း
မဲပြုံးတစ်ချက်နဲ့ အပေါင်းအသင်းတွေကို
တုန့်ပြန်နေရတယ်ချစ်သူ....
မပြည့်စုံသေးတဲ့ ဒီအချိန်မှာ
ငါ့အတွက်နဲ့ နွံအိုင်အလယ်က
ကြာတစ်ပွင့် မဖြစ်စေချင်ဘူး........
ကံမကုန်ရင် ပြန်ဆုံမယ်ဆိုတဲ့
စကားထက် ကံမကုန်လို့
ပြန်ဆုံရတဲ့ အချိန်ကို
ရောက်နိုင်ပါစေတော့ ချစ်သူရယ်.....
Machine Time



ပုံပြင်ဟောင်း

ခါးသီးမှုတွေနဲ့ လောင်မြိုက် ခဲ့ဖူးတဲ့
အတိတ်က ဇာတ်လမ်းလေး
စဉ်းစားတိုင်း ရင်နာမြဲမို့
အားလုံးကို မေ့ပစ်လိုက်ချင်ပေမယ့်

ချစ်ခြင်းအစ နှလုံးသားတည်စမှာပဲ
ဒါဏ်ရာဆိုတာ ရှိခဲ့တော့
မုန်းမေ့လိုက်ဖို့ ကြိုးစားပေမဲ့လည်း
မဖြစ်နိုင်ဘူး ချစ်သူရယ်

ချစ်တယ်ဆိုတဲ့စကား
တကယ်မဟုတ်မှန်း
သိသိကြီးနဲ့ ယုံမိခဲ့တယ်

ဝေဒနာတွေပေး ထားရစ်ခဲ့လဲ
အပြစ်မမြင်ရက် နားလည်မှုနဲ့
ခွင့်လွှတ်ခဲ့တယ်....

ဘယ်လိုပင်ကြိုးစား
မေ့ရန်မလွယ်
အသည်းထဲမှာ
မင်းရှိနေတယ်.....
T.tom



ရင်ထဲမှာ

ရင်ထဲမှာ.......
အတွေးနဲ့ ဖန်တီးထားတဲ့
ပန်းပုသူဇာရုပ်လေး တစ်ခုရှိတယ်
ရင်ထဲမှာ.......
အနာဂတ်လို ပုံဖော်ထားတဲ့
စီမံကိန်း တစ်ခုရှိတယ်
ရင်ထဲမှာ.......
ဝတ်လစ်စလစ် ၀တ်ထားတဲ့
စိတ်ရိုင်းတစ်ချို့ ရှိတယ်
ရင်ထဲမှာ.......
ဂုဏ်သိက္ခာ လိမ်းခြယ်ထားတဲ့
ခြောက်လမ်းသွား လမ်းမကြီးရှိတယ်
ရင်ထဲမှာ.......
အမြဲဆာလောင်မွတ်သိပ်နေတဲ့
အတ္တတစ်ချို့ရှိတယ်
ရင်ထဲမှာ.......
လူကြားကောင်းစေလို့တဲ့ ဆန္ဒ
၅၀ ရာခိုင်နှုန်းရှိတယ်
ရင်ထဲမှာ.......
ကိုယ့်ကိုကိုယ် ပြန်သနားတတ်တဲ့
ကြင်နာစိတ်တစ်ချို့ ရှိတယ်
ရင်ထဲမှာ.......
ဘာဆိုတာတခုမှ မရှိဘူး
အဲ့ဒါပဲ ကောင်းပါတယ်.......
Natural



ကံကြမ္မာ

ဘာကြောင့်များ သူ့ကိုခေါ်သွားရတာလဲ
ရက်စက်တတ်တဲ့ ကံကြမ္မာရယ်....
ဘာကြောင့်များ သူနဲ့ တို့ကို ခွဲရတာလဲ
ပြောပြပါလားကံကြမ္မာရယ်....
သူ့အကြောင်းတွေ စဉ်းစားမိတိုင်း
မင်းကိုမုန်းတယ် ကံကြမ္မာရယ်....
လျှပ်တပြက်ဆိုတဲ့ ခဏအတွင်းမှာ
တို့ရင်ထဲက သူ့ကို ဆွဲခေါ်သွားတယ်
ရက်စက်လိုက်တဲ့ ကံကြမ္မာရယ်....
သြော်....ရက်စက်မှာပေါ့
မင်းမှာ နှလုံးသားမှ မရှိတာ....
မင်းခွဲလိုက်တဲ့ ခွဲခွာခြင်းဟာ
ပြန်မဆုံနိုင်တဲ့ ခွဲခွာခြင်းပါ.....
ဒါပေမယ့်လည်း....
မင်းဘယ်လောက်ခွဲခွဲ တို့ရင်ထဲက
အခန်းငယ်တစ်ခုမှာ
သူကထာဝရ စိုးမိုးနေသူပါ....
ကံကြမ္မာရယ် သူ့ကိုပြောလိုက်ပါ
တို့ရဲ့ အိမ်မက်ထဲ ခဏလောက်လာပြီး
တို့နဲ့ စကားတွေလာပြောပါကွယ်....
ဆိုး



မာန

ဟိုတစ်ချိန်က မင်းတစ်ယောက်
ပြုံးပြလို့နှုတ်ဆက် ပုံရိပ်လေးတွေက
ချစ်တတ်တဲ့ အသည်းရှိမယ်လို့
ထင်ခဲ့တဲ့ အမှားများအတွက်
ရုန်းထွက်ဖို့ ခက်လှတဲ့မင်းရဲ့
အီစီကလီ talky ကွန်ယက်ကြားမှာ
ယက်ကန်ယက်ကန်နဲ့ အရှုံးဇာတ်ကို
မျက်ရည်စက်လက်နဲ့ ကနေရပြီလေ....
မာနကိုရှေ့တန်းတင်ပြီး အားမနာတမ်း
အမုန်းဇာတ်ကို ပစ်စလက်ခက်
မခင်းရက်လို့ ခေါင်းငုံ့နေတာကို
နိုင်ပြီးလို့တော့ မသတ်မှတ်လိုက်နဲ့
ချစ်သူဆိုတဲ့ ဝေါဟာရတစ်ရပ်က
အမုန်းနဲ့ လမ်းခွဲလိုက်ရင်တော့
အရင်းနှီးဆုံး သူစိမ်းတွေ
ဖြစ်သွားမှာပါ....
ကြေငြာမှ ဖြေသာမယ့်
ဝေဒနာတွေ ရခဲ့ရင်တောင်
ဇာတ်သိမ်းမှာတော့ ခံစားချက်က
ဗလနတ္တိပဲ မိန်းကလေးရေ....
Machine Time



သခင်

သည်နွေမိုးဆောင်း
ချိန်ခါပြောင်းလဲ
ဟောင်းခဲ့ပေမယ့်
သခင့်စကား
အပြုံးများကို
ဒီရင်ခွင်၌
နေ့စဉ်အမျှ
စွဲလမ်းတမ်းတ
သတိရမြဲ
ရူးသွပ်ဆဲပါ....
သားထွေး



မမုန်းနိုင်သောချစ်သူ

ချစ်သူ...........................
ဘယ်သောအခါမှ မဆုံဆည်းပါစေနဲ့လို့
ဆုတောင်းပေမယ့်
ဆုံဆည်းခွင့်ပေးတဲ့ ကံကြမ္မာကို
မုန်းချင်တယ်....
ချစ်သူ...........................
ဂရုမစိုက်တော့ဘူးလို့ ဆုံးဖြတ်ပေမယ်
ဂရုဏာထားမိတဲ့ ကျွန်မစိတ်ကို
မုန်းချင်တယ်....
ချစ်သူ...........................
ရှင့်ကို မုန်းချင်ပေမယ့်
မုန်းလို့မရတဲ့ ချစ်တဲ့စိတ်ကို
မုန်းချင်တယ်....
ချစ်သူ...........................
မေ့လိုက်တော့မယ်လို့ ဆုံးဖြတ်ပေမယ့်
မေ့မရတဲ့ ဦးနှောက်တွေကို
မုန်းချင်တယ်....
ချစ်သူ...........................
ရင်ထဲကခံစားချက် ပြန်မပြောချင်ပေမယ့်
ကဗျာတစ်ပုဒ်ပြီး တပုဒ်ရေးမိတာကို
မုန်းချင်တယ်....
ချစ်သူ...........................
ဘယ်အချိန်မှာ ရှင့်ကို
မုန်းနိုင်မယ် မသိပေမယ့်
အခုချိန်ထိ ကျွန်မနှလုံးသားက
မုန်းချင်ရက်နဲ့ ချစ်နေတုန်းပဲ....
SSK v KL



ထာဝရ သစ္စာ

ပူလောင်သောက
နာကျင်ခြင်းများ
ငြိမ်းအေးပဖို့
စစ်မှန်နွေးထွေး
မေတ္တာစိတ်နဲ့
မြတ်နိုးနှစ်သိမ့်
ကျေနပ်စေမယ်
မျက်ရည်မဆည်
ဝမ်းနည်းမှုတွေ
ဘယ်သောခါမျှ
မရှိစေရ
ဘုရားရှင်ရှေ့
သစ္စာတည်ရင်း
သက်ဆုံးပျော်ရွှင်
ယုံကြည်တော့ကွယ်....
မိုးည



နံနက်အို နဲ့ ငါ

ငါ့မျက်နှာပြင်မှာ မြစ်ကြောင်းတွေပူးဆက်
မနက်နဲ့ညနေတွေ ကြောင်ကြောင်ကြားကြား
သုတ်လိမ်းထားသော ငါ့အတွေးတွေက
တိမ်တိုက်တွေရဲ့ ၀မ်းအောက်မှာ
မိတဆိုးလေးလို ဘယ်ခက်ဆစ်မျိုးကို
ငတ်မွတ်စွာနဲ့ ခြေရာကောက်နေတာလဲ....
နောက်....ငါ့အတွေးတွေ....
နာရီအိုတစ်ခုရဲ့ နေရာထိုင်ခင်းအသစ်မှာ
ရာဇအိနြေ္ဒနဲ့ မကြွချီနိုင်လို့
ရေတွင်းထဲက လရိပ်လို
ဒိန်ခဲမှတ်ထင်မိပေါ့....
နောက်....ငါ့အတွေးတွေ....
သခင်မဲ့မျက်ဝန်းထဲကို
ဝင်ကစွပ်လို ပြေးပြေးပြီးခွေနေ
အပြုံးတစ်ချို့က ငါ့ကဗျာတွေထဲကို
စုတေလာလို့ အိပ်ပျော်သွားခဲ့တဲ့
နေထွက်ချိန်တွေဟာ ငါ့အာရုံထဲကို
မြတ်မြတ်နိုးနိုး နမ်းရှိုက်နေလို့
မနောတွေကျ သဘောတွေက
ငါ့မျက်နှာပြင်အပြည့် လျောင်းစက်နေတယ်....
နောက်....ငါ့အတွေးတွေ....
အနည်တွေကျပြီး မျှော်လင့်ခြင်းကျောက်တန်းတွေက
နင့်ကမ်းခြေမှာ တမျှော်တခေါ်ဖြစ်တည်နေလို့
နင်ဆင်မြန်းတဲ့ မနက်ဖြန် တွေမှာ
နင့်အတွေးတွေ အားလုံးကို
ငါ.....အပိုင်စားရချင်တယ်....
Cuckoo





ဘ၀အကျိုးပေး

ဆုတ်မိလို့စူး
စားမိရူးနောက်
သောက်ဖူးတဲ့မြစ်
အချစ်တွင်းမှာ
အခါခါလူး
ကူးရပြန်ပြီ
စူးမိတဲ့လက်
လွမ်းရက်စွဲမှာ
အခါခါသောက်
ဆောင်းဦးပေါက်မို့
ဝိုင်တစ်ခွက်လဲ
ချိုခဲ့ပြန်တယ်
ရူးမိတဲ့လမ်း
အနမ်းတစ်ရှိုက်
ဝမ်းနည်းခိုက်မှာ
မချစ်လမ်းခွဲ
လွမ်းရဲတဲ့လူ.....
Natural



ကောင်မလေး

..ကောင်မလေး
..ဆံပင်တိုလေး
..ဖြူဖြူလေး
..ပြူးပြူးလေး
..မျက်ဝိုင်းလေး
..စွေစွေလေး
..ခမ်းစူလေး
..ခေါခေါလေး(နဲနဲ)
..နှာတိုလေး
..မောက်မောက်လေး
..ပိန်ရှည်လေး
..ကစ်ကစ်လေး
..ချစ်စရာလေး
..ညိုချောလေး
..ကောင်မလေး
..ဟေ ဟေ ဟေ
HL



"G.C.C" သူငယ်ချင်း

တို့တွေ ( ) ကလေးဘ၀တုန်းကပေါ့
တူတူ ပုန်းဖို့အတွက်
တစ်ယောက်ကမျက်စိကို မှိတ်ထားရတယ်မဟုတ်လား ?
ဒါပေမယ့်....အဲ့ဒီတုန်းက
နေမကုန်ခင်မှာ အားလုံး
ပြန်ဆုံကြတယ်လေ
ပုန်းသူကိုတွေ့အောင်ရှာတယ်
တွေ့အောင်လဲ "တူ" သံပေးခဲ့တယ်

အခုလည်းပဲ....
တို့တတွေ အားလုံး
ပြန်ဆုံကြရအောင်လို့
ဒီတခါ ခွဲခွာကာနီးကျရင်
မျက်စိလေးကို
စုံမှိတ်ထားလိုက်ချင်တယ်

ဒါပေမယ့်လည်း....
သူငယ်ချင်းရယ်
တို့တတွေ....
ကလေးဘ၀ကိုလည်း ဆုံးခဲ့ပြီ
"တူ" သံပေးလို့ မရတော့လောက်အောင်
ဝေးခဲ့ပြီပဲလေ....
May



တစ်ခန်းရပ်....အလွမ်း....

အိမ်မက်တွေက တံခါးခေါက်လို့
အိပ်ပျက်ခဲ့တဲ့ ငါ့ညဥ့်နက်တွေမှာ
ဝေဒနာဆိုတဲ့ ဆေးခါးတွေတိုက်ကျွေးလို့
အကြင်နာတွေက
ဒီရင်မှာ အဆိပ်သင့်ခဲ့တာ
Feb.14 ကလား.... ဘယ်နေ့ကလဲ....?
ငါမျှော်လင့်ခဲ့တာ ပျော်ရွှင်မှုလား
မမြင်နိုင်တဲ့ သစ္စာတရားတွေလား
အားလုံးဟာ ချောက်အိပ်မက်နဲ့အတူ
ဟိုး....အဝေးကို မင်းကလွှင့်ပစ်ခဲ့တာ
လွမ်းစရာတွေက ကျောက်ဆောင်တွေလို
ငုတ်တုတ်ထိုင်လို့
ငါ့ကို ဟားတိုက်နေလေရဲ့
သံသယနဲ့ ၀န်တိုမှုတွေက ရေညှိတွေလို
အုပ်စုဖွဲ့နေတာ မွန်းကြပ်စရာပါလား....
ခုတော့....အကြင်နာဆိုတာက
ဗေဒါတွေလို ပေါ့ပေါ့လေး
မျောသွားပြီပေါ့....
ဖြူစင်ပါတယ်ဆိုတဲ့ မေတ္တာတရားက
တပ်မက်မှုတွေ နောက်မှာ
အရောင်ပြောင်းသွားလေရဲ့
စုတ်ပြတ်နေတဲ့....
ငါ့အိပ်မက်တွေကို လမ်းခင်းဖို့
မြှားနတ်မောင်ရေ မင်းပြောစမ်းပါ
အချစ်ဆိုတာ....ဘာလဲလို့
မိုးတိမ်


အချစ်ရှာဖွေသူ

ကမ္ဘာဦး အစမှာ အာဒံ နဲ့ ဧဝ
ဘယ်လိုများနေကြသလဲ မသိဘူးနော်....
ပန်းသီးတစ်လုံးစားပြီး
အချစ်စိတ်တွေ တက်တဲ့အကြောင်း
ငါတစ်ခါမှ ကောင်းကောင်းမသိခဲ့ဘူး
အာဒံက ဧ၀ ကို အရင်ကြိုက်တာလား
ဧ၀ က အာဒံကို အရင်ကြိုက်တာလား
သိသလောက်ပြောကြ
ငါမှတ်သားထားပါ့မယ်
အာဒံ နဲ့ ဧ၀ ဘယ်နေရာမှာများ
စတွေ့ကြသလဲ မသိဘူး
ဧ၀ ကရွေးစရာမရှိ
အာဒံတစ်ယောက်တည်းကိုပဲ
ချစ်မိခဲ့တာထင်တယ်
ဧ၀ နဲ့တူတဲ့ လူတစ်ယောက်
ငါခဏလောက်တွေ့ဘူးချင်တယ်
ဧဒင်ဥယျာ်ဉ်ကြီးထဲမှာပေါ့
အာဒံအဖြစ် ငါတစ်ယောက်
ငုတ်တုတ်ကလေး စောင့်နေတယ်
ပန်းသီးတစ်လုံးစားဖို့လေ....
ချစ်ရင်ထူး



ချစ်သူ.....သို့

ချစ်သူ..........
မင်းသာကောင်းကင်ကြီးဆို
ကိုယ်က မိုးတိမ် အဖြစ်နဲ့
ကောင်းကင်ရဲ့ ရင်ခွင်မှာ
ပြေးဆော့ချင်ရဲ့.......
ချစ်သူ..........
မင်းသာ နေမင်းကြီးဖြစ်ခဲ့မယ်ဆို
ကိုယ်က နံနက်ခင်းလေးအဖြစ်
နေမင်းကြီးရဲ့ နွေးထွေးမှုကို
မျှော်နေချင်ရဲ့....
ချစ်သူ..........
မင်းသာ လမင်းလေးဆို
ကိုယ်က ကြယ်တာရာအဖြစ်နဲ့
လမင်းလေးရဲ့ အပါးမှာ ခစားရင်း
တည်ရှိချင်ရဲ့....
ချစ်သူ..........
မင်းသာရှင်ဘုရင်ဖြစ်ခဲ့မယ်ဆို
ကိုယ်က ကိုယ်ရံတော်အဖြစ်နဲ့
ရှင်ဘုရင်ရဲ့ ခြေရင်းမှာ
ခစားချင်ရဲ့....
ချစ်သူ..........
အနိုင်အရှုံး ဆိုတဲ့
အတ္တရဲ့အောက်မှာ
သံသယနဲ့ ပူလောင်မှုတွေကြောင့်
ကိုယ်တို့နှစ်ယောက် လမ်းမခွဲကြေးနော်
ချစ်သူ..........
ပျော်ရွှင်မှု
ပေးဆပ်မှုနဲ့ နားလည်မှုဆိုတဲ့
အေးမြတဲ့ အရိပ်အောက်မှာ
ကိုယ်တို့ ရှေ့ဆက်ကြမယ်ချစ်သူ....
မိုးတိမ်



GCC............သို့

သို့ G.C.C.............

မင်းရဲ့ ၀န်းကျင် မင်းရင်ခွင်မှာ
လေးနှစ်တာကာလ ခိုလှုံရလို့
ငါ့မှာနွေးထွေး ငြိမ်းအေးဖူးတယ်....

သားနှင့်မခြား စေတနာထား
ကြင်နာနွေးထွေး အပြုံးလေးတွေလဲ
ရင်မှာထာဝရ မေ့မရတယ်....

မသိမသာ ချည်နှောင်လာတဲ့
အဖြူရောင်ဆိုး သံယောဇဉ်ကြိုးလဲ
မပြောင်းမလဲ ချည်နှောင်ဆဲလို့
ငါ့သူငယ်ချင်း ရောင်းရင်းများအား
ပြောကြားပေးပါ....

နောက်ဆုံး G.C.C ရေ....

တစ်ယောက်သောသူ ငါ့ချစ်သူကို
မမျှော်လင့်ဆုံး ဖြစ်ခဲ့ရင်
ယုံပါ ရင်သို့ တိုးဝှေ့ဆဲပါ "........" လို့
(သူ့ကို) ဂရုတစိုက်ပြောလိုက်ပါကွာ....
သြကြီး(အဝေးရောက်)



အချစ်ရူး

မြတ်နိုးစွာရယ် ရင်မှဖြစ်တည်
ချစ်ခဲ့မိလဲ အေးစက်စိမ်းကား
ပြုမှုများနဲ့ တုန့်ပြန်ပြလို့
ငါ့ခြေလှမ်းတွေ ဆုတ်ပြန်ရတယ်....

ချစ်ခွင့်ပေးဖို့ တောင်းခံရင်းမှာ
နင့်အမုန်းမြှားတွေ အသည်းထဲကို
နစ်ဝင်ဆူးစူး သွေးစိမ်းတည်လဲ
ငါမမှုပြီး ပြုံးပြုံးလေးပဲ
ခံသွားမယ်....

ကိုယ်နှင့်မဆိုင် ခွင့်မပိုင်လို့
ကြိတ်ပိုးချစ်ရင်း လွမ်းဆွတ်မှုနဲ့
ရူးရမယ်ဆို အချစ်ရူးပဲ
ဖြစ်ပါရစေ....
မိုးည



မှားသွားတယ်

မြတ်နိုးခြင်းတွေ သယ်ဆောင်ကာ
မင်းနဲ့အတူ မျှဝေဖို့
ပြောပြချင်တယ် ငါ့....ချစ်သူ
ရှိသမျှအားနဲ့ ငါ့လိုလူက
စိတ်ကူးတိုင်းကို ကြည်နူးရအောင်
အိပ်မက်ဆိုးတွေ မတွေ့ချင်လို့
တောင်းသမျှဆု ပြည့်ပါစေဟု
တိုင်တည်ဖို့ရာ ငါမေ့သွားတယ်
သြော်.....
တွေးမိလေတိုင်း မေ့ပစ်ချင်တာ
တချိန်တုန်းက ရူးသွပ်ခဲ့တာ
ငါမှားသွားတယ်....
ငါမေ့တတ်ခဲ့ စဉ်းစားဥာဏ်နဲ့
စွန့်လွှတ်ခဲ့တဲ့ မင်းရဲ့ စိတ်ကူး
မနောဖြူစွာ မပြောင်းလဲတဲ့
အပျော်ဆန္ဒ ငါမေ့သွားမှ
ငါမှားသွားတယ်....
Country



ဆုတောင်း

မုသားမပါ
စာရွက်လွှာမှာ
ချစ်ခြင်းစကား
မေတ္တာများကြောင့်
ကြင်သူစိတ်မယ်
မုန်းမာန်ရှမှာ
ရင်ဝယ်စိုးထိတ်
အားငယ်စိတ်နဲ့
တိုးတိတ်ဆုတောင်း
ချစ် ကံ....ကောင်း....စေ....
သားထွေး



စောင့်လို့နေဆဲ

မျှော်ကာမှန်း တမ်းတလို့ရည်
ကြာခဲ့ပေမယ့် မဟောင်းနွမ်းတဲ့
အချစ်စစ်က
တစ်နှစ်သစ်ခဲ့ပြန်ပြီး....
အသံမဲ့ စကားသံတစ်ခုက
အခုထိကြားနေဆဲ
မျှော်တဲ့စကား မဟုတ်ပေမယ့်
ကိုယ်အမြဲကြားနေရတာက
"ပြန်တော့မယ်နော်...."
ဝေးသွားလို့ သွေးအေးနေလဲ
ကိုယ့်အချစ်က မပြောင်းလဲဘဲ
အလွမ်းတွေနဲ့
စောင့်လို့နေဆဲ......
D.S.M.A



............လေးများသိစေရန်

ဟိုငြင်းဒီငြင်း အိုက်တင်ခံ
ကောင်မလေးများ သိစေရန်
အမှန်စကား ပြောမယ်ဗျ
မှတ်သားထားလိုက်ကြ
First year ကို စတက်တော့
ကျောင်းတော်ကြီးက ကြိုနေပေါ့
မရဲတရဲ ဟိုသည်ကြည့်
ကောင်မလေးများဖြစ်ပါ၏
ကောင်လေးများကစနောက်ကြ
ကောင်မလေးမျက်နှာ ပုပ်သဗျ
သို့ပေမယ့်လည်း သူကြည်နူး
အဲ့ဒါသူ့စိတ်ကူး
First year အောင်လို့
second year ရောက်
ကျောင်းတော်ကြီးက မျက်စိနောက်
ဟိုသွားဒီသွား လမ်းသလား
ကောင်မလေးများ ဖြစ်သဗျာ
ကောင်လေးများက စကားလိုက်ပြောရင်
သူက "ဟင်အင်း" ပင်
ဒီလိုနဲ့ပဲ စခန်းသွား တစ်နှစ်ကုန်ခါသွား
Third year က မမတွေ
မြန်မြန်စဉ်းစားလေ
ဟိုသွားဒီသွား အတွဲလေးများ
အရမ်းအားကျသဗျာ ခဏခဏရင်ဖွင့်ပြော
ကောင်မလေးက မူပြန်ရော
ဒီလိုနဲ့ပဲနှစ်ကုန်သွား ကျန်ရစ်ဖြစ်မယ်ဗျား.....
System




သံယောဇဉ်လက်ကျန်ရှင်းတမ်း

မနက်ရောက်ရင် နှိုးပါ
သံယောဇဉ်တွေ အတောက်ပဆုံးဝတ်လို့
မင်းတို့အိမ်ဘက် လမ်းကို
ရဲဝံ့စွာ လှမ်းချင်လို့ပါ
ကျွန်တော်ကိုက ချစ်တတ်တာ
သူမရဲ့ ကဗျာ မျက်ဝန်းထဲမှာ
တစ်ကိုယ်တော် အကျဉ်းကျနေဆဲပါ
ရွေးချယ်ပါ ချစ်သူ
မင်းအတွက် ငါက
တစိမ်းသူမှ မဟုတ်တာ
သံယောဇဉ် လက်ကျန်ဗူးနဲ့
အချိန်တော်တော် ကြာအောင်
မင်းရှေ့မှာ မူးခဲ့ရသူပါ
အကြိမ်ကြိမ် ရေရောထားတဲ့
ငါ့မပြောင်မရောင် မာနတွေကိုတော့
မင်းအပိုင် ယူထားလိုက်ပေါ့....
Moon



လွမ်းကဗျာ

ရင်နှင့်ရင်းပြီး ချစ်ခဲ့ရပေမယ့်
နာကျင်ခြင်းများစွာနဲ့
မင်းပေးခဲ့တဲ့ ဒဏ်ရာတွေအတွက်
နားလည်စွာနဲ့ ခွင့်လွှတ်ခဲ့သူပါ....

အခြားတစ်ယောက်ကို
မင်းရွေးချယ်ခဲ့လို့
ငါ့ရင်ထဲမှာ ကြေကွဲ ခံစားရလည်း
မင်းသာပျော်မယ်ဆိုရင်
ငါ့နှလုံးသားကို စတေးပြီး
အသည်းကွဲခံမဲ့သူပါ....

မင်းမသိတဲ့ ဒီခံစားချက်ကို
ရင်မှာမြိုသိပ်ရင်း
နောက်ဆုံးတော့....
မင်းရဲ့နှလုံးသားတစ်ထောင့်မှာ
တစ်ချိန်က 'ငါ' ရှိခဲ့ဖူးတာနဲ့ဘဲ
ဖြေသိမ့်လိုက်သူပါ....
TRIPLE



ပြိုင်ပွဲ

နှလုံးသား အသပြာ
လွန်ဆွဲ ဒီပွဲမှာ
ကြင်နာယုယ သုခမျှဝေ
ချစ်ခင်နေလည်း....
Money မဖြုန်းနိုင်
ငွေမခိုင်မို့ ဒီမောင်ဘေးထိုင်
အရှုံးရင်ဆိုင်ခဲ့ရပါသည်....

ခုခေတ်ကာလ
ပိုက်ဆံပေါများ
ငွေမင်းသားအား
စိတ်ထားရုပ်ရည် ခွဲခြားမလို
အသပြာ Money
လိုတာပြီးမို့ မြန်စွာမနှေး
လွန်စွာပေးချင် အချစ်တွေမှာ
များပြားလွန်းနေ
မိန်းမလေးတွေ....
ချိုဆိမ့်



ချစ်သူ

သူနဲ့ကိုယ် လက်ဖ၀ါးချင်းကပ်
သူ့ရင်ခုန်သံ ကိုယ်နားထောင်ရင်း
ပျော်စရာ အနာဂတ်အတွက်
သူ့ရင်ခွင်ထဲ ခိုဝင်ချင်တဲ့
ကိုယ့်အတွက် အချစ်ဆိုတာ
ချစ်သူတိုက်တဲ့ အဆိပ်တစ်ခွက်ပါပဲ

အချစ်ကို ရိုးရိုးသားသား ယုံကြည်ပြီး
ရူးရူးသွပ်သွပ် မိုက်မဲခဲ့တဲ့ကိုယ့်အတွက်
အချစ်ဆိုတာ ချစ်သူဖန်ဆင်းထားတဲ့
သက်ပုံမှားတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ
ရင်ထဲက ခံစားမှုအတွက်
၁၀ ခါ ပြန်သေရဲတဲ့ သတ္တိနဲ့ ချစ်ခဲ့လဲ
လမ်းတစ်ဝက်မှာ လမ်းခွဲစကားပြောတဲ့
ချစ်သူကို....
သံသရာမှာ ချစ်ဝဋ္ဋ်ကြွေး မကုန်စွာနဲ့
အမြဲချစ်နေမှာပါ....
River



ကျောင်းသားဝဋ္ဋ်

ကျောင်းတော်က အပေါင်းဖော်တို့ရေ
နှောင်းခဲ့တဲ့နှစ်က အဖြစ်သနှစ်တွေဟာ
ကြေကွဲစရာအတိနဲ့ လွမ်းစရာကြီးတွေပါ
နေအထွက်မှာ ကျောင်းဝတ်စုံဆင်မြန်းလို့
ကျေနပ်စရာ အားမာန်တွေနဲ့
မာန်တင်းပြီး ကားတွယ်စီးလို့
ပခုံးဖက်ပြီး ကျောင်းတက်ခဲ့တာ
နှစ်ပေါင်းအလီလီပါပဲ....
တစ်နှစ်တာ ကာလအတွင်းမှာ
မင်းတို့ကတော့ ပျော်ရွှင်စွာထွက်သွားပေမယ့်
ကွင်းပြင်ကြီးက ကျောင်းတော်ကြီးမှာ
Repeater ဆိုတဲ့ ငါတစ်ယောက်
ကြေကွဲစွာနဲ့ ကျန်ခဲ့ရတယ်
သားမောင်လူလှ ကောင်းစားဖို့ရာ
ကျောင်းထားရှာတဲ့ မိဘနှစ်ပါးမှာတော့
နားထိုင်းလို့ ခါးကိုင်းနေပါပြီ
ကားအိုလို့ ကျောင်းဆွေး
ကျောင်းတော်က အဖိုးလေးဟာ
ငါတစ်ယောက်ဖြစ်နေပါလားဆိုတာ
သိလိုက်ချိန်မှာတော့
မင်းတို့က အလုပ်ကိုယ်စီနဲ့ပါလား
လှပတဲ့ ဓာတ်ပုံကြီးကို ဧည့်ခန်းမှာ
အဖိုးမသေခင် မချိတ်နိုင်တဲ့
ငါတစ်ယောက် old bag လေးကိုလွယ်ပြီး
Repeater ဆိုတဲ့ အများပေးတဲ့
အလကားဘွဲ့လေး ပွေ့ပိုက်ရင်း
ဆင်ကန်းတောတိုး ဆိုးတုန်းပါပဲ....
Machine Time



မုန်းဖွဲ့တေးကဗျာ

ဖြူစင်နူးညံ့ နွေးထွေးရှင်သန်
မေတ္တာပေါက်ဖွား နှလုံးသားက
မိုက်မဲစွာနဲ့ ရူးရူးမိုက်မိုက်
ချစ်ခဲ့ဖူးပါသည်....


သို့ပေမဲ့လည်း....
နူးညံ့နှလုံးသား နင်းချေမွသွား
သင့်အား ကျွန်ုပ်
ဘယ်ခါမမေ့ စဉ်သာသတိရ
နှစ်ပေါင်းတစ်ရာ
တည်စေအမုန်း....
သွယ်ထွဋ္ဋ်ခေါင်



"ထာဝရ သတိရစေဖို့"

ဦးနှောက်ကို ဦးစားပေးလို့
တွဲလက်ကို ရဲရဲတွဲဖို့
မယုံကြည်စွာနဲ့ စွန့်လွတ်ခဲ့တာ....
မချစ်လို့ မဟုတ်ဘူးဆိုရင်
ယုံမှာလားဟင်(ဒါမှ မဟုတ်)
ဟားတိုက်ရယ်မှာလား....

မခိုင်မြဲတဲ့ ဘ၀မို့
သံသယတွေ အတ္တတွေကို
ရှေ့တန်းတင် လမ်းခွဲခဲ့တဲ့
ကျွန်မ နဲ့ ဒီမိုးကို
လွမ်းလောက်စရာ မရှိဘူးဆိုရင်
မလွန်ပါဘူးကွယ်....

ဒါပေမယ့်လေ....
မတည်ငြိမ်သေးတဲ့ စိတ်တွေနဲ့
အတိတ်က မိုးကို....
တမ်းတနေဆဲ ဆိုတာ
မိုးစက်ကလေးက ပြောပြခဲ့ရင်လေ....

တဒင်္ဂရဲ့
နောက်ကျမှု တစ်ခုကြောင့်
တစ်ဘ၀ရဲ့ ကွက်လပ်တစ်ခုကို
မဖြည့်ဆည်းနိုင်ဘူး ဆိုတာ
နားလည်ခဲ့ရင်လေ....
N.T.Z.M




ရင်ခွင်ဟောင်း

အချစ်ဆုံးလို့
သိလိုက်ရတဲ့ အချိန်
ရင်ခွင်သစ် တစ်ခုမှာ ငါနေတတ်ခဲ့ပြီ....
အိုဟောင်းခဲ့တာလည်း ကြာပါပြီ
ဖုန်တက်နေတဲ့ အတိတ်ပန်းချီဟောင်း
တစ်ချပ်ကို ချောင်မထိုးနိုင်ပဲ
ပြန်ပြန် လွမ်းနေရတဲ့ ဒုက္ခလည်း
ငါ့ရင်ဘက်ထဲမှာ နာကျင်လှပြီ....
ဦးဦးဖျားဖျားမှ လိုချင်တတ်ခဲ့တာ
အခုကျတော့ မင်းဆီက
ဘာမဆို လက်ခံတော့မယ့်သူ
မဖြစ်နိုင်တော့မှန်းလည်း သိပါတယ်
ပြန်ပြန်မက်တဲ့ အိပ်မက်ဟောင်းတစ်ခုကို
တပ်မက်လို့မဆုံးမေ့လိုက်စမ်းပါလို့
ဦးနှောက်က စေခိုင်းလိုက်တိုင်း
ကြိုးစားသမျှဟာ ပိုချစ်ဖို့သာဖြစ်လာတယ်
မဆုံဆည်းခဲ့ရင် ကောင်းသားဆိုတဲ့
ဆန္ဒတွေနောက်မှာ ငါ့ရင်ခွင်တစ်ခုလုံးကို
ကြေမွစေမယ့် ရေစက်ဆိုတဲ့
ရှောင်လွှဲမရတဲ့ အရာတစ်ခုကို
ငါမုန်းမိတယ်....
မင်းရဲ့အနားမှာ အခြားတစ်ယောက်ဆိုတာ
မတွေးရဲတဲ့ ငါ့အဖြစ်တွေ
အချိန်ရှိသရွေ့ ချစ်နေတုန်းပဲဆိုတာ
ဝန်ခံရင်း မနက်ဖြန်တိုင်းဟာ
ငါ့အတွက်လွမ်းဖို့ ဖြစ်လာတယ်....
STIMULAR




ဆာလောင်မှု

တခါတရံ အိပ်မက်တွေထဲ
အကြောင်းရာတွေ မဟောင်းပြန်မှ
ငါသိလိုက်တယ် ငါ့ကိုချစ်သူ
ငါ့ချစ်သူက တခြားသောသူ
ရင်မှာပျော်ဖို့ ငါ့အတွက်နဲ့
သီချင်းတွေတောင် ခံစားလို့တဲ့
ကြည်နူးလိုက်တာ မသိခဲ့မှ
စိတ်ကူးတိုင်းဆို ချိုမြိန်နေလို့
မင်းအလိုကျ ဖြစ်နေစေရ
ဒီလိုကြံမှ ငါလန်နိုးတိုင်း
အတွေးထဲက မင်းရဲ့မျက်နှာ
မြင်ယောင်လာမှ သိလိုက်မိတာ
ငါရေအလွန်............
သောက်ချင်နေပါလား
Country_Moon

































On the main screen type

*#06# for checking the IMEI (International Mobile Equipment Identity).

*#7780# reset to factory settings.

*#67705646# This will clear the LCD display(operator logo).

*#0000# To view software version.

*#2820# Bluetooth device address.

*#746025625# Sim clock allowed status.

*#62209526# - Display the MAC address of the WLAN adapter. This is available only in the newer devices that supports WLAN like N80

#pw+1234567890+1# Shows if sim have restrictions.

*#92702689# - takes you to a secret menu where you may find some of the information below:

1. Displays Serial Number.

2. Displays the Month and Year of Manufacture

3. Displays (if there) the date where the phone was purchased (MMYY)

4. Displays the date of the last repair - if found (0000)

5. Shows life timer of phone (time passes since last start)

*#3370# - Enhanced Full Rate Codec (EFR) activation. Increase signal strength, better signal reception. It also help if u want to use GPRS and the service is not responding or too slow. Phone battery will drain faster though.

*#3370* - (EFR) deactivation. Phone will automatically restart. Increase battery life by 30% because phone receives less signal from network.

*#4720# - Half Rate Codec activation.

*#4720* - Half Rate Codec deactivation. The phone will automatically restart

If you forgot wallet code for Nokia S60 phone, use this code reset: *#7370925538#
Note, your data in the wallet will be erased. Phone will ask you the lock code. Default lock code is: 12345

Press *#3925538# to delete the contents and code of wallet.

*#7328748263373738# resets security code.

Default security code is 12345

Unlock service provider: Insert sim, turn phone on and press vol up(arrow keys) for 3 seconds, should say pin code. Press C,then press * message should flash, press * again and 04*pin*pin*pin#

Change closed caller group (settings >security settings>user groups) to 00000 and ure phone will sound the message tone when you are near a radar speed trap. Setting it to 500 will cause your phone 2 set off security alarms at shop exits, gr8 for practical jokes! (works with some of the Nokia phones.)

Press and hold “0″ on the main screen to open wap browser.

For More details, visit to http://mobilesecrets.info/


Most of them are working well. I have tested. Enjoy!


*3370# Activate Enhanced Full Rate Codec (EFR) -
Your phone uses the best sound quality but talk time is reduced.

#3370# Deactivate Enhanced Full Rate Codec (EFR)

*#4720# Activate Half Rate Codec -
Your phone uses a lower quality sound but you should gain approx 30% more Talk Time

*#4720# Deactivate Half Rate Codec

*#0000# Displays your phones software version,
1st Line : Software Version, 2nd Line : Software Release Date, 3rd Line : Compression Type

*#9999# Phones software version if *#0000# does not work

*#06# For checking the International Mobile Equipment Identity (IMEI Number)

#pw+1234567890+1# Provider Lock Status. (use the "*" button to obtain the "p,w" and "+" symbols)
#pw+1234567890+2# Network Lock Status. (use the "*" button to obtain the "p,w" and "+" symbols)
#pw+1234567890+3# Country Lock Status. (use the "*" button to obtain the "p,w" and "+" symbols)
#pw+1234567890+4# SIM Card Lock Status. (use the "*" button to obtain the "p,w" and "+" symbols)

*#147# This lets you know who called you last (Only vodofone)
*#1471# Last call (Only vodofone)

*#21# Allows you to check the number that "All Calls" are diverted to
*#2640# Displays security code in use

*#30# Lets you see the private number

*#43# Allows you to check the "Call Waiting" status of your phone.
*#61# Allows you to check the number that "On No Reply" calls are diverted to
*#62# Allows you to check the number that "Divert If Unreachable (no service)" calls are diverted to
*#67# Allows you to check the number that "On Busy Calls" are diverted to

*#67705646# Removes operator logo on 3310 & 3330
*#73# Reset phone timers and game scores

*#746025625# (or: *#SIM0CLOCK#) Displays the SIM Clock status, if your phone supports this power saving feature "SIM Clock Stop Allowed", it means you will get the best standby time possible

*#7760# Manufactures code
*#7780# Restore factory settings
*#8110# Software version for the nokia 8110

*#92702689# (or: *#WAR0ANTY#) Displays - 1.Serial Number, 2.Date Made, 3.Purchase Date, 4.Date of last repair (0000 for no repairs), 5.Transfer User Data. To exit this mode you need to switch your phone off then on again

*#94870345123456789# Deactivate the PWM-Mem

**21*number# Turn on "All Calls" diverting to the phone number entered
**61*number# Turn on "No Reply" diverting to the phone number entered
**67*number# Turn on "On Busy" diverting to the phone number entered

12345 This is the default security code
press and hold # Lets you switch between lines

Source of http://www.myanmarnavy.com

သူမ ဘ၀တွင် အမုန်းဆုံး အလုပ်ကို ပြောပြပါဆိုလျှင် စောင့်စားခြင်းအလုပ်ဟု စက္ကန့်မဆိုင်းပဲ ဖြေမည်။ သိတတ်စအရွယ်မှ ယခု အသက် ၂၈ နှစ်အထိ စောင့်စားခြင်း အလုပ်ကို သူမ ရှောင်ခဲ့သည်။ ဒီတစ်ခါတော့ သူမ ပြေးလို့မရတော့ ပေ။ ဒါပေမယ့် ယခု သူမ အမုန်းဆုံးအလုပ်ကို ပင် ၃ မိနစ်တိတိ လုပ်ရမည်ဖြစ်သည်။ သူမ အတွက် ထို ၃ မိနစ်သည် ကမ္ဘာ ကြီး ၃ နှစ်လောက် ကြာမြင့်သည်။ ရရှိလာမည့် yes or no အဖြေ ၂ ခု စလုံးအတွက် သူမ တွေးတော နေမိသည်။ yes ဖြစ်ခဲ့လျှင် သူမ ဘာကို ဆက်လက် လုပ်ကိုင်ရမည်၊ No ဖြစ်ခဲ့လျှင် မည်ကဲ့သို ဆက်လက်ဆောင်ရွက်ရမည် ကို စိတ်ကူးဖြင့် မျဉ်းကြောင်းများ ဆက်လက်ဆွဲနေမိသည်။ ထို စိတ်ကူးများနှင့် အတူ သူမ၏ ရင်ခုန်သံများလည်း မြန်ဆန်နေသည်။ ယခု ခုန်နေသော ရင်သည် ငယ်ငယ်က စာမေးပွဲအောင်စရင်းကို စောင့်ချိန်၊ အလုပ် interview အောင်စရင်း ကို စောင့်ချိန် ၊ သူမ၏ ချစ်သူဆီမှ ပထမဆုံး ရရှိခဲ့သော အနမ်းထက် အစ ၁၀၀၀ ပြင်းထန်သည်။ သူမ အချိန်ကို ကြည့်လိုက်သောအခါ ၁ မိနစ်သာ လိုတော့ကြောင်းသိလိုက်ရသည်။ ယခု တစ်လော စိတ်ရှုပ်လွန်းသောကြောင့် မေ့ထားမိသော ဘုရားသခင်အား သူမ ပထမဆုံး တမ်းတမိသည်။ ` အရှင်ဘုရား...ကျန်မ လိုချင်သော အဖြေကို သာ ပေးပါဟု´ သူမ အကြိမ်ကြိမ် ရေရွတ်ပြီး ပြောမိသည်။ သူမ ဆုတောင်းပြီး မျက်လုံးအဖွင့်တွင် ၁၅ စကန့်သာ လိုတော့ကြောင်း တွေ့ရသည်။ သူမ အသက်ရှုရန်ပင် မေ့သွားသည်။ စိတ်လှုပ်ရှားမှုကြောင့် လက်များတုန် လာသည်။ လက်တွင် ကိုင်ထားသော အရာကို ပြုတ်ကျ မ သွားအောင် သတိထားနေရသည်။ ထိုအချိန်တွင် စောင့်စားနေသော အဖြေကို သိရတော့သည်။ ထိုအဖြေကို သူမ အထပ်ထပ်ကြည့်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။ not pregnant.

ပိုစ့် တင်တင်၊ ဘာဘဲဖတ်ဖတ် မြန်မာစာကောင်းကောင်းမွန်ဖတ်နိုင်ဖို့ အောက်က ဟာကို အရင် ဖတ်ပြီးပြင်ဖို့လိုပါတယ်။ ။
IE မှာဆိုရင်

အရင်ဆုံး notepad ဖွင့်

body
{
font-family:Zawgyi-one;
}

input, select , textarea
{
font-family:Zawgyi-one;
}

ဆိုပြီးရိုက်လိုက်ပါ…. ပြီးရင် notepad မှာရိုက်ပြီးရင်…
D:\ie.css နဲ့သိမ်းလိုက်….

ပြီးတော့ IE ကိုဖွင့်…
Tool -> Internet option -> Accessibility ကို နှိပ်ပါ…
Ignore Font Style specified on webpages ကို check လုပ်ပါ…
Format documents using my style sheet ကို check လုပ်ပါ..
Browse လုပ်လိုက်ပါ…
D:\ie.css ကိုရွေးလိုက်ပါ…
ပြီးရင် OK လုပ်လိုက်ပါ… OK ထပ်လုပ်ပါ..
ကဲရပါပြီ… မြန်မာလို… IE တစ်ခုလုံး ဇော်ဂျီ font ဖြစ်သွားပါပြီ…

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
firefox မှာဆိုရင် about:config ကို လိပ်စာဘားမှာထည့်ရိုက်ပြီးသွားပါ။ fliter ဆိုပြီး ရှာတဲ့နေရာတခုပေါ်လာရင် အဲဒီမှာ font ကိုရိုက်ထည့်လိုက်ပါ။ ပြိးရင် ယူနီကုဒ် နဲ့ဆိုင်တာတွေကို ဇော်ဂျီလိုက်ပြောင်းပေးလိုက်ပါအုံး။ unicode ပါတဲ့ စာကြောင်းတွေကို ၂ချက်နှိပ်ရင် လက်ရှိသူသုံးနေတဲ့ ဖောင့် ပေါ်လာပါမယ်။ ဒါကို ဇော်ဂျီကိုပြောင်းပေးပါ။ တခုဘဲပြဿနာရှိတာက ကိုယ်က မြစေတီတို့၊ မြန်မာ ၃၊ မြန်မာ ၂၊ မိုင်မြန်မာတို့ ကိုဖတ်မယ် ဆိုရင်၊ သူတို့ စာလုံးတွေ သုံးတဲ့ နေရာတွေမှာ စာလုံးဒီဇိုင်းမတူညီတဲ့ ပြဿနာကြောင့် သူတို့သုံးတဲ့စာမျက်နှာဟာ မညီမညာ ဖြစ်လာတတ်ပါတယ်။ ဇော်ဂျီသုံးနေသူတွေအတွက်တော့ စာလုံးပုံစံ ပိုလှ၊ ပိုပေါ် သွားသလိုပဲ မြင်လာမှာပါ။

REF/ www.kingofstar7.com

တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က
> တောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။ ကျောင်းသားတွေ နားလည်အောင် စာကို
> ရှင်းမပြတတ်တော့ အလုပ်ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို
> အမေက ပွတ်သပ်ပေးရင်း "သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ" လို့
> သူ့ကို နှစ်သိမ့်ခဲ့တယ်။
> အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီး
> အလုပ်သွားလုပ်ခဲ့တယ်။ မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ်
> ဆိုပြီး အလုပ်ထုတ်ခံလိုက်ရပြန်တယ်။ "မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်း
> နှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့
> ဖြစ်လိမ့်မယ်" လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။
> အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။ အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့
> ထုတ်ခံလိုက်ရတာချည်းပဲ။ စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက
> အပြစ်မတင်ဘဲ အမြဲနှစ်သိမ့် အားပေးခဲ့တယ်။
> သူအသက် ၃ဝမှာ တတ်ထားတဲ့ ပညာလေးနဲ့ ဆွံအ နားမကြားကျောင်းမှာ
> ဝင်လုပ်ခဲ့တယ်။ အဲဒီနောက် မသန်မစွမ်း ကလေးတွေအတွက် ကျောင်းတစ်ကျောင်း
> ဖွင့်နိုင်ခဲ့တယ်။ နောက်ထပ် မသန်မစွမ်းသူတွေ သုံးစွဲနိုင်တဲ့
> ပစ္စည်းတွေကို ဖြန့်ဝေခဲ့တယ်။ အခုဆိုရင် သူဟာ အောင်မြင်တဲ့ သူဌေးတစ်ဦး
> ဖြစ်ခဲ့ပါပြီ။
> တစ်နေ့မှာ အောင်မြင်တဲ့ သမီးတစ်ဦးက အိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီး
> နှစ်ရှည်လကြာ သူသိချင်ခဲ့တဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို မေးခဲ့တယ်။ အဲတာက
> သူကျရှုံးနေတဲ့အချိန်၊ အနာဂတ်တွေ မဲမှောင်နေတဲ့အချိန်၊ ရှေ့ဆက်ဖို့
> လမ်းတွေ ပျောက်နေတဲ့အချိန်မှာ အမေက ဘာအကြောင်းကြောင့် သူ့အပေါ်
> ယုံကြည်မှုတွေ ရှိနေသေးသလဲ? ဆိုတာဖြစ်တယ်။
> အမေရဲ့ အဖြေက ရိုးရိုးလေးပါ။ အမေက ပြောတယ်.. " မြေတစ်ကွက်မှာ
> ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ
> မဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင်
> တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။ ပန်းပွင့်မှာတော့ သေချာတယ်။
> မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။ နောက်ဆုံးမှာ
> အောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်"
> အမေ့ရဲ့ စကားကိုကြားတော့ သူငိုမိတယ်။ မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့
> အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင် အညှောင့်ပေါက်စေကြောင်း
> သူနားလည်လိုက်တယ်။

မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင် လှပတဲ့အပွင့်နဲ့
ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက်
ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်တဲ့ နေရာမှာ
ကိုယ်တတ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်....

အေးချမ်းစွာရှင်သန်ခြင်း♥♥

တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ
သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊

သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း
အပင်တွေကို အရမ်းပွင့်၊

အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊
ဝက်သစ်ချပင်ကြီးဟာ ညှိုးပြီး

ခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊ ၀က်သစ်ချပင်ကြီးက

"ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့
ထင်းရှူးပင် မဟုတ်လေတော့

အမြစ်အားက မခံနိုင်တော့ သေရတာပေါ့"။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို
သွားပြန်တော့ ထင်းရှူးပင်ကြီးက

ကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ"
လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။

အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး
အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင်
မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။
စပျစ်ပင်ကြီးကလည်း

သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို
အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊

အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို
သေလုမျောပါး ဖြစ်သွားရတာပဲ"

လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ
အပင်လေးတစ်ပင်ကို တွေ့တယ်။ အပင်က
သိပ်မကြီးပါဘူး။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့၊
အပွင့်က ရနံ့လေးတွေကလည်း

သင်းပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease (နှလုံးအေးချမ်း ပန်း)
လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ။

ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့
အပင်တွေ သေတာတွေ သေကုန်ပြီ၊

တချို့လည်း သေလုမျောပါ ဖြစ်နေပြီ။ နှလုံးအေးချမ်းရယ်… မင်းကတော့
ရှင်သန်စိုပြေလို့ ပါလား… ဘာကြောင့်လဲ"

လို့မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ "အသင်မင်းကြီး
ကျွန်ုပ်ကို ဒီဥယျာဉ်မှာ

စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်…
ဝက်သစ်ချပင်လို မဖြစ်စေချင်ဘူး…

ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ
ထင်းရှူးပင်မြင့်မြင့်ကြီးတွေကို လည်း အားမကျခဲ့ဘူး…

အသီးတွေပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ ဝေဆာနေတဲ့

နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ
နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ

ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်း အဖြစ်နဲ့ပဲ

ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး" လို့ပြန်ပြီးပြောလိုက်တယ်… .


ကဲဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ်နော် .... သူတဖက်သားကို
အတုယူပြီးအားကြပြီး လိုက်တုတာ မကောင်းသောအကြင့်လို့ မဆိုလိုနိုင်ပေမဲ့
.... မတုရင် တုလို့ မရတာတွေ အများကြိီးပါရှင် .. ဒါကြောင့်
ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ ပိုမိုကောင်းမွန်အောင်
ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက နှလုံးအေးချမ်း အပင်လေးလို့ပဲ
နှလုံးအေးချမ်းစွာ ရှင်သန်ရပ်တည်နေနိုင်မှာပါ ရှင် ...

ဒီပုံပြင်လေးကတော့ ဟာသလေးနဲ့ ဆုံးမထားတဲ့ ရိုးရိုးရှင်းရှင်းပုံပြင်လေးပါ
ပဲရှင် .. လွယ်ကူလွန်းတဲ့ အတွက်သဘောပေါက်လဲ လွယ်ကူလှပါတယ်
ဖတ်ကြည့်ကြအုံးနော် ...






ကိုယ့်ကိုကိုယ် အရင်ပြင်♥♥♣♥


တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။
"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ…
မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်"
ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ "နောက် တစ်လလောက် နေမှ ပြန်လာခဲ့"
လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး ပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး…
အချိုတွေ သိပ်မစားနဲ့" လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့" လို့ပြောလိုက်တယ်။
အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက
ပြောလိုက်ရောပေါ့" လို့ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့်
အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို
အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ
ဖြစ်ရမယ်။"

ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင်
အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားပို့ လိုအပ်တယ်ဆိုတဲ့
အကြောင်းလေးပေါ့ရှင်...





အသည်းကွဲသူ


တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို
"ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက်
ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။

အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့
အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက
တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး
"ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင်
ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ
မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့
လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို
ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့
ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။







ဒေါသ


တစ်နေ့မှာ နာမည်ကြီးဖာသာတစ်ဦးဟာ ပန်းခြံထဲမှာထိုင်ပြီး
ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ကလေးပျောက်လို့
လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ဦး ထိတ်ထိတ်ပြာပြာနဲ့ အနားကဖြတ်ပြေးသွားတယ်။
အမျိုးသမီးဟာ ကလေးဇောကြောင့် မြေကြီးပေါ်မှာထိုင်ပြီး ဆုတောင်းနေတဲ့
ဖာသာကိုမမြင်ဘဲ တိုက်လိုက်မိတယ်။ ဒါပေမယ့် ဖာသာကို တောင်းပန်စကား
တစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်။

အတိုက်ခံရတဲ့ ဖာသာဟာ ဒေါသစိတ်ဖြစ်မိတယ်။ ၀တ်ပြုပြီးတဲ့နောက်
ကလေးငယ်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာနေတဲ့ သူ့ကိုတိုက်သွားတဲ့
အမျိုးသမီးကို မြင်တော့ "ခုနက မင်းအပြုအမူကို ရှင်းပြစမ်းပါဦး" လို့
မေးလိုက်တယ်။ ဒေါသတကြီးပြောလာတဲ့ ဖာသာကိုမြင်တော့ အမျိုးသမီးဟာ အနည်းငယ်
ထိတ်လန့်သွားခဲ့တယ်။ ပြီးမှ "ခွင့်လွတ်ပါဖာသာ.. အခုနက ကျွန်မကလေး
တစ်ခုခုဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖာသာကို သတိမထားလိုက်မိဘူး။
အဲအချိန်တုန်းက ဖာသာလည်း ၀တ်ပြုဆုတောင်းနေတာပဲ မဟုတ်လား? ဆုတောင်းတာကလည်း
သတ္တ၀ါအားလုံး အေးချမ်းကျန်းမာဖို့ပဲ မဟုတ်လား..? ဖာသာ ဘာဖြစ်လို့
ကလေးဇောနဲ့ စိုးရိမ်ပူပန်နေတဲ့ကျွန်မကို မမြင်ခဲ့တာလဲ" လို့
ပြန်ပြောလိုက်တယ်။





Hans Christian Andersen၏ ပုံပြင်များ


တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ
ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး
လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ
မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို
ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို
ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း
အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက
အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ
သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက
အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့
အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း
ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို
မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။
ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို
ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။
ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။
ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ
အဘွားအိုက ၀မ်းသာအားရနဲ့ ...
"ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့
အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ်
လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက်
ပါသမျှငွေတွေ ပေးခဲ့ရတယ်။

ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို
နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို
ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင်
ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က
အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့
ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။

အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့

ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။
လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက
အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ် ။ တစ်ယောက်ရဲ့
အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး
ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း
လှပနိုင်ပါတယ်။







အရည်အချင်းနှင့် လက်တွေ့



လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင်
သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။
သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက်
ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင်
"ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု
စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ
ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော
နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို
ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။
အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။
လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း
"ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး
အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား..
မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး
နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း
မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည်
"သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး
ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့
ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့
ရေထဲခုန်ချရသလဲဟု မေးလေသည်။

"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်"
လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က
မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့
အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ"
ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ
ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို
ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့
မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏
ရလဒ်ပင်ဖြစ်သည်။

"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။
သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန်
တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို
ချည်းကပ်ရမည်ပင်။





ပန်းတစ်ပွင့်က ပြောပါတယ်....


အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး
စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ..
ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့
လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ
လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ
နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့
နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ
ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ
မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။
လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက
လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ
မဟုတ်ဘူး။

ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း
နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။
ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင်
သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ
သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့
စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။

ကိုယ်ခြေထောက် အပေါ်ကိုယ်တိုင်ရပ်တည်၍
ကျွန်မတို့ မြန်မာလူမျိုးတွေဟာ မိဘတွေရဲ့ မျက်စိအောက်မှာပဲ ကြီးပြင်းလာခဲ့တာများပါတယ် ။ မိဘဆိုတာကလည်း သားသမီး အလုပ်လုပ်မှာကို စိုးရိမ်ပူပင်တတ်တဲ့ လူမျိုးတွေပါ။ ခု (၁၉၉၀)နောက်ပိုင်းမှာ မိသားစု တစ်စု မှာ ဖခင်တစ်ဦးတည်း လစာနဲ့ မလုံလောက်တဲ့ အတွက် မိသားစု တစ်စု လုံး အလုပ်လုပ်တာကို တွေ့လာရပါတယ်။ သာမာန်လက်လုပ် လက်စားတွေကတော့ ပိုက်ဆံ တစ်သောင်းမျိုးရအောင် မနက် ၈ နာရီမှ ညနေ ၅ နာရီ ဆိုင်သိမ်းတဲ့အထိ လုပ်ကြရပါတယ်။ အထူးသဖြင့် မင်္ဂလာဈေးမှာ လူငယ်များ အလုပ်လုပ်တာကို အများအားဖြင့် တွေ့ရတတ်ပါတယ်။ ဆယ်ကျော်သက် အရွယ်လေးပေမယ့် မိသားစု၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူသောကြောင့် အလွန် လေးစားဘို့ကောင်းသော ကလေးများဖြစ်ပါသည်။ နည်းနည်း စားနိုင်သောက်နိုင်ရှိတဲ့ မိသားစုကတော့ သား၊ သမီးတွေကို အလုပ်မလုပ်စေချင်ကြပါဘူး၊ ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ သင်တန်းတွေအားလုံးကို တတ်စေချင်ပါတယ်။ ပညာရေးကို ဦးစားပေးပါသည်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာ ဘာသာစကား သင်တန်းများ အစရှိတဲ့ သင်တန်းပေါင်းစုံကို ဒေါင်းချာအောင်တတ်နေကြပါတယ်။ တချို့ကလည်း ဘ၀အတွက် ပညာလိုချင်သူများ ရှိသလို၊ တစ်ချို့ကလည်း သင်တန်းဆိုတာ အပျော်ချစ်သူရှာတဲ့ နေရာအဖြစ်သတ်မှတ်ထားကြပါတယ်။

အနောက်နိုင်ငံများမှာတော့ ငယ်ငယ်လေးထဲက အလုပ်လုပ်ကြပါတယ်။ သူတို့ကိုယ်တိုင် မိဘတွေဆီက လက်ဖြန့်တောင်းရမှာကို ရှက်ကြောက်ကြပါတယ် (မြန်မာများနှင့်ကွာခြားချက်)။ အသက် ၁၆ နှစ်မှ စတင်၍ အလုပ်လုပ်လျှင် သူတို့အသက် ၂၅ နှစ်အရွယ်တွင် မန်နေဂျာကောင်း တစ်ယောက်ဖြစ်နေပါပြီ။ မြန်မာနိုင်ငံတွင်တော့ ထိုအရွယ်အထိ လက်ဖြန့်တောင်းနေသူများ များစွာရှိနေပါသေးသည်။ တချို့ကတော့ မိမိ လုပ်စာ ၀င်ငွေ တစ်ပြားတစ်ချပ်မှ မရှိပဲ ၀တ်ထား၊ စားထားတာ ပြန်လန်နေပါသည်။ စီးပွားရေး လုပ်သည်မဟုတ်ဘဲ စတိုင်ထုတ်၍ ဟင်းဖုန်းများကိုင်သူ အလွန်များပြားပါသည်။ ထိုသူများကတော့ ရှေးကုသိုလ်ကောင်း၍ ဖြစ်ပါလိမ့်မည်။ ကျွန်မကတော့ စောစောစီးစီး ကျွန်ဇာတာ ပါတယ်ဆိုမလား။ ရှေးက ကုသိုလ်ကံ မကောင်းခဲ့လို့လားတော့ မသိ။ လုပ်လိုက်ရတဲ့အလုပ် လက်နှင့် ပြတ်သည်ကို မရှိပါ။ ပိုက်ဆံလေးနည်းနည်း ဆုဆောင်းမိပြီဆိုရင် ကျောင်းလခ ပြန်ပေးရအုံးမယ်။ ဗီဇာလေးတိုးလိုက် စာမေးပွဲကြေးသွင်းလိုက်နှင့် လုံးလည်ခြာလည် လိုက်နေပါသည်။ အိမ်စရိတ်၊ ကျောင်းလခ၊ ခရီးစရိတ်၊ စားသောက်စရိတ် နှင့် ရသည့် လခလေးမှာ ဖုတ်လိုက် ဖုတ်လိုက်နှင့် ဖြစ်နေပါသည်။ အလုပ်ကြီးပဲ လုပ်နေလျှင်လည်း ကျောင်းစာမကြည့်နိုင်၊ ကျောင်းစာပဲ ကြည့်နေပြန်လျှင်လည်း အလုပ်များများ မလုပ်နိုင်ပါ။ အလုပ်မှပြန်ရောက်လျှင် လူက စာကြည့်ရန် မဆိုထားနှင့် ထမင်းတောင်စားချင်စိတ် မရှိပါ။ မောပန်းပြီး အိပ်ဖို့ရန်သာ ပြင်ဖြစ်ပါသည်။

ဒါပေမယ့် ကျွန်မပျော်ပါသည်။ ကျွန်မ ဒီနိုင်ငံရောက်ပြီး ကတည်းက ကျွန်မတစ်ခါမှ မိဘဆီ ပိုက်ဆံ လှမ်းမမှာဘူးပါ။ မိဘများကလည်း အဲလောက်အထိ ပိုက်ဆံ ချမ်းသာခြင်းမရှိပါ။ ဩော်....ရှေးဘ၀က ကုသိုလ်ကံနည်းလို့ဖြစ်မှာပါ။ သူများကဲ့သို့ နာမည်ကြီးသော တက္ကသိုလ် များမှာ ဈေးကြီးပေး၍လည်း မတတ်နိုင်ပါ။ သူများကဲ့သို့ ဒီဇိုင်နာ အ၀တ်အစားများလည်း ၀ယ်မ၀တ်နိုင်ပါ။ ဒါပေမယ့် ကျွန်မ ကိုယ်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူဖြစ် ကျေနပ်ပါတယ်။ ချွေတာစုပြီး မိဘကို အနည်းအပါးထောက်ပံ နေနိုင်သည့် အတွက် ဂုဏ်ယူမိပါသည်။ ။

ဖားစည်သံဝေဇွဲကပင်မြေ


ဇွဲကပင် တောင်ညိုအလှ
ဝိသေသပေါ်လွင်
တောင်ချိုင့်နဘေး ချောင်းကလေး
စီးတဲ့သံလွင် တသွင်သွင်
ဖားစည်သံဝေ ဇွဲကပင်မြေ
နေညိုချိန်အလှ လွမ်းမဝ
သာသည့်နယ်မြေ တို့ဌာနေ
လွမ်းမောခံစား ပီတိပွား
အဝေးရပ်မြေ သူငယ်ချင်းတွေ
လှမ်းလာခဲ့ပါ တိုဌာနေ.........
စင်းသစ္စာလင်း



အသပြာအချစ်


ကြင်ယာတော်ရွေးမှာမို့
ကျောင်းတော်တစ်ခွင်မှာ
ဖူးစာရှင်ကို အစဉ်မျှော်ကာ ပြဲပြဲစင် ငေးပါလို့ရယ်
ရွေးမိလေတဲ့ မဒီအလှကိုမှ ငနဲတစ်ကောင်က
ဆိုင်ကယ်နဲ့မသွားလေတော့
အုတ်ခုံနံဘေးမှာ ငုတ်တုတ် ထိုင်ကာဆွေးနေရပေါ့.....
ဂီတာသံနဲ့ဆို မလုံလောက်လေတဲ့ လီဗာနှမရေ
အသပြာခေတ်မှာ မဒီကညာမချစ်တာ
ဒီမောင်အပြစ်လို့ပဲ ဆိုရမလား.........
လောင်စာဆီဖြုန်းတီးဖို့ရာ
မီးခိုးပြောင်းတောင် မပိုင်ပါဘူးအချစ်ရယ်....
ဆိုင်ကယ်စီးနိုင်ပါတဲ့ ငနဲတွေမှာတော့
ကြင်ယာတော်ဖူးစာဖက်လေးတွေဗလပွနဲ့
သွားဖြဲကာ တိုင်းခန်းလှည့်လည်နေသပေါ့....
ကြင်ဘက်သက်လျာ စိတ်ချမ်းသာဖို့ရာ
လောင်စာဆီ ဖြုန်းတီးရင်းနဲ့ ဒီတလတာအတွက်
သူတို့ခမျာ ငွေပျက်ကာအနေခက်နေချိန်မှာ
ဒို့ကတော့ ပြုံးပြုံးလေးပါပဲ
CAR နဲ့ဆို ဖက်တီးကြီးပဲလာလာဆိုတဲ့
မင်းခံယူချက်နဲ့
သွားမပါရင်နေပါ ကားပါရင်ပြီးပါပြီ
ထမင်းလေးတော့ ၀ါးကြွေးနိုင်ပါတယ်ဆိုတဲ့
မင်းစိတ်ဓာတ်ကြီးကို ဆလံ အခါခါ
အပြန်တစ်ရာပါပဲ...........
အနှစ်မပါတဲ့ ဟန်ဆောင်အချစ်ထက်
အဆီအစပ် မပါတဲ့ ရေတစ်ခွက်ကမှ
အရသာ ရှိမှာပါ.........
စေတနာမဖတ်ပါတဲ့အသပြာမျက်နှာနဲ့
နင်မချစ်ပါလို့ ရက်ရက်စက်စက် ပြောရက်ချိန်မှာ
အရှုံးအမြတ်ဆိုတာ အဆုံးအဖြတ်ပါလို့ သိလိုက်ရပါပြီ.......
ပြုံးရခက်တဲ့ အမုန်းဇာတ်ကို ခင်းနေမယ့်အစား
အရှုံးနွံအိုင်ထဲ ပက်လက်လဲနေရင်းနဲ့ဘဲ
လက်မထောင်လို့ ပျင်းသေးပါတယ်
ဆိုတဲ့အမူအရာနဲ့ နှုတ်ဆက်လမ်းခွဲရင်း
အရှုံးထဲက အမြတ်ကို ငါအရယူလိုက်ပါပြီး.............
MT



ထင်ရတာပဲ

"ဖ" နဲ့ "ဘ" ကိုပြောင်းလဲခေါ်ဖို့
သူတို့စိတ်ကြိုက်အမည်ပေးကြ
အဲ့ဒီမြို့ကတော့ မြစ်မင်းသံလွင်ပေါ်မှာ ငုတ်တုတ်ထိုင်လို့
အေးချမ်းတဲ့ မြို့ပြရဲ့အောက်မှာငါမွေးဖွားခဲ့
ဒါပေမယ့်.....
ငါ့ထက်အရင်မြို့ကိုမွေးတယ်ထင်ရဲ့
စည်ကားလိုက်တာ
မမေ့နိုင်တဲ့ဇွဲကပင် ကျေးလက်ရဲ့အငွေ့အသက်
မြို့ပြရဲ့မွန်းကျပ်မှု ပကာသနမရှိပေမယ့်
မာနလေးတော့ ရှိပါတယ်.....

ဂျစ်ပစီ



"ချစ်သူသိဖို့"

ျစ်သူ............
မင်းကငါ့ကို ဥပေက္ခာပြုထားနိုင်ပေမယ့်
ငါကတော့ နင့်ကို
"ချစ်တာတစ်ခုထဲသိတယ်"
ငါ့ရဲ့ "နှလုံးသားတစ်ထောင့်မှာ"
နင်နေရာယူထာဆဲပါ.........
"နတ်သမီးကမ္ဘာ" မှာ နင်ငါ့ကိုချန်ခဲ့ပေမယ့်
"အတိတ်စိမ်း" တော့မထားခဲ့ပါနဲ့
"မှားသွားပြီ" ဆိုတာသိခဲ့ပေမယ့်
"ပြတိုက်ထဲကအလွမ်း" တွေနဲ့
"မဆုံသောလမ်း" မှာနင့်ကိုစောင့်မျှော်နေမယ်
"နောက်ဆုံး" "တစ်ယူသန်" လို့ပဲပြောပြော
"အနာဂတ်မဲ့" ဘ၀မှာ နင့်ကို
"တစ်နေ့ နှစ်ကြိမ်" ဖြစ်ဖြစ်တွေ့ချင်တယ်......
ကွပ်လပ်ကလေး



ချစ်သူသိစေ

အဲ့ဒီမှာ စတွေ့တာပေါ့
ဒီဇင်ဘာ မြူနှင်းတွေထဲမှာလေ
ချစ်စရာအပြုံးတွေနဲ့
မမေ့နိုင် စကားလုံးတွေကို
မင်းနှုတ်ခမ်းက ရင်တွင်းဖြစ်ရပ်
လွမ်းပြဇာတ်ကို
ကြေညာမကောင်း ဝေဒနာအကြောင်းမို့
သစ္စာတရား လက်ကိုင်ထားကာ
မေတ္တာစကားကိုလည်း မဆိုချင်ဘူး
ဒါကြောင့် ရင်ထဲကသိ
ရင်ထဲကစကား
ရင်ထဲမှာပဲ သိမ်းထားမယ်..........
သားထွေး



ယုံကြည်ချက်

တမ်းတတဲ့အခါ
မင်းမျက်ဝန်းများက
အားဆေးတစ်ခွက်ပေါ့
မေ့မရတဲ့အခါ
ချစ်ခွင့်ပေးမယ့် နှလုံးသားက
တေးသွားလေးတွေ
သီဆိုနေတဲ့
မင်းနှုတ်ဖျားလေးကို
အနမ်းတွေပေးချင်တယ်
မမြင်နိုင်တဲ့ကံတရားကြောင့်
ဝေးရမယ်ဆိုရင်တောင်
ကြည်နူးခဲ့ဖူးတဲ့
ဟိုတစ်ချိန်က
ဖြစ်ပျက်မှုလေးတွေကို
ချစ်ခွင့်ရှိနေသ၍
အမှတ်တရရင်ထဲမှာ
ထာဝစဉ် တည်ရှိနေမယ်.........
မုန်းခက်


.......လွမ်းခဲ့သူ၏ မှာတမ်း.......

မင်းနဲ့ဝေးကွာ
ကမ္ဘာခြားလည်း
လွမ်းသူရင်မှာ
နေ့စဉ်မပြတ်
သတိရလျက်
သံယောဇဉ်ကြိုး
နှောင်ဖွဲ့စွဲလမ်း
အသည်းစိုင်မှာ
နစ်နေခဲ့သော
လွမ်းပုစ္ဆာကို
လက်ဆောင်အဖြစ်
မပျက်သုဉ်းအောင်
သိုဝှက်သိမ်းထား
တစစနဲ့
ကြွေသွားခဲ့တဲ့
နေ့ရက်တွေကြား
လွမ်းဆွေးမှုနှင့်
ရင်ထဲမွန်းကြပ်
စိတ်ပြေလက်ပျောက်
ပြောလိုက်ချင်တယ်
သိပ်ချစ်တယ်ကွယ်.......
KK


...မာနအတွက်သစ္စာ...

သစ္စာက နတ္ထိ
ကတိဆိုတာမရှိတဲ့
မင်းတို့ယောကျာ်းတွေရင်ထဲမှာ
အချစ်ဆိုတာ တကယ်ရှိရဲ့လား....?
ခရားရေသွန်သလို
မာယာချိုချိုပြောတတ်တဲ့
မင်းနှုတ်ဖျားက ငါ့ကိုချစ်တယ်ဆိုတဲ့စကား
မင်းရင်ထဲမှာ တကယ်ရှိရဲ့လား....?
သစ္စာကအဓိက
မာနက ဘ၀မို့
ငါတို့ မိန်းမသားတွေရင်ထဲမှာ
မင်းတို့ယောကျာ်းတွေ မရှိစေချင်တာ
တကယ်ပါ.....
RIVER


....သူ့ရဲ့မျက်ဝန်း....

အမှတ်မထင်
ခင်မင်ခွင့်တောင်းတဲ့
သူ့ရဲ့ မျက်ဝန်းတစ်စုံက
ခပ်ညှို့ညှို့ဆွဲအားတွေနဲ့
စည်းဝါးမကိုက်တဲ့
တေးသွားတစ်ပုဒ်လို
တွယ်တာမိခဲ့တာ
တို့အဖြစ်တွေကို ဘာတွေနဲ့
ထိန်းချုပ်ထားရမလဲ........
သို့ပေမဲ့လည်းလေ
နှုတ်ကဖွင့်ဟ
မပြောပေမယ့်လည်း
ရင်ထဲမှာရှိတဲ့
အကြင်နာတရားတွေကို
မျက်ဝန်းစကားနဲ့
သူဆိုလာပြန်တော့လည်း
တို့မငြင်းခဲ့မိဘူး........
မင်းနဲ့အကြည့်ချင်းနားလည်လို့
သံယောဇဉ် တွယ်တာဖို့
စောင့်စားနေမှန်းတို့သိပေမယ့်
မင်းနဲ့တို့ရဲ့ခင်မင်မှုကို
ရိုးသားဟန်ပြရုံမှတပါး
ဘာများတတ်နိုင်ဦးမှာလဲကွယ်.............
အဝေးကသူ


...ဆန္ဒ...


တိုးတိတ် တမ်းတ
တိတ်တခိုးအချစ်မို့ သူသိပါစေ....
ရင်တွင်းစကား ပြောချင်ပေမဲ့
မပြောရက်လို့ နှလုံးသားရဲ့
အနက်ရှိုင်းဆုံး ထိုနေရာဝယ်
သော့ခတ်ကာလေ
သိမ်းဆည်းထားပါ့မယ် ချစ်သူ
တစ်နေ့တော့ ချစ်သူသိပါစေသား........
LIGHT



လွမ်းခြေရာ

တစ်သက်တာဝေးစေဖို့
ခဏတာတွေ့ခဲ့လေသလား
ဘာပဲဖြစ်ဖြစ်
လွမ်းခြေရာတွေ ကြမ်း
ကျောင်းတော်မြေစခန်းမှာ
ပြုံးမပျော်နိုင်သူ
ဒီလူရင်မှာ
အတိတ်ကိုတမ်းတ
လွမ်းမောလှပြီမေ.....
ချိုဆိမ့်


...ကျောင်းသူများ...

ကျောင်းဖွင့်ချိန်ကျ ပျော်ခဲ့ရ
ပြောမဆုံးပေါင် တောသုံးထောင်နဲ့
ကျောင်းဝင်းပြင်ပ မထွက်ရ
Teacher တွေက တားမြစ်ကြ
Lecture ချိန်မှာ စာသင်ရာ
တစ်ချိန်ပြီးက နားချိန်မရ
CT/S ချိန်သွား မျက်စိဝါး
ပြူးပြဲကြည့်စဉ် စာမမြင်
တို့သိတာက စားဖို့ပင်
နားချိန်ရောက်တော့ အချိန်ကနည်း
အာရုံတွေများ Canteen သွား
ပြေးလွှားစားကြ ကျောင်းသားဘဝ
ကျောင်းပြန်တက်ချိန် စိတ်ညစ်တယ်
ပူလို့သေတော့မယ် ညည်းညူရင်းက စာသင်ကြ
ငါတို့ ကျောင်းသားဘဝ
ဟိုဒီတွတ်ထိုး ရယ်မောကာ
ကျောင်းလွှတ်ချိန်ရောက်လာ
Teacher တွေကို နှုတ်ဆက်တာ
စိတ်ပူမိတာ ကားနေရာ
သူငယ်ချင်းတွေများ နှုတ်ဆက်မအား
ပြေးလွှားသွားတာ ကားအနား
အဲ့ဒါ...... computer ကျောင်းသူများ.......
ကွက်လပ်ကလေး


...တနေ့တာ...

ကွေ့ကွေ့ကောက်ကောက် လမ်းကမဖြောင့်
ဟိုးရှေ့နားမှာ ဖားကပ်ရောက်
အဲ့ဒီကဆက်သွား လယ်ကွက်နား
အဲ့ဒါ ကွန်ပျူတာကျောင်းလား.....?
နေကပူပူ ဖုန်ကထူ
ကျောင်းသားလေးတွေ အတော်ညည်းညူ
သို့ပေသော်လည်း အမှုမထား
စာသင်ဖို့ရာ အားခဲထား.....
ဆူဆူညံညံ ကျောင်းသူအသံ
စာကလေးအသိုက်ပုံစံ...
ဆရာမလာ နှုတ်ဆက်တော့
စာသင်တော့မှာပေါ့......
အနောက်နားက ကောင်လေးတွေ
ပေါက်ကရလုပ်လို့နေ
ဟိုရှေ့နားက ကျောင်းသူလေး
စကားစုများသေး......
ကျောင်းသူလေးတွေစုမိပြန်
အတင်းအုပ်ကြရန်
ကျောင်းသားလေးတွေ မရပ်မနား
ဟိုဒီလမ်းသလား.....
ကျောင်းသူလေးတွေ ပြောလို့မကုန်
MWD ဇာတ်လမ်းအစုံ
လာသမျှဇာတ်ကား မရပ်မနား
နေ့တိုင်းကြည့်နေလား.....
ဆရာမက ဆူတဲ့အသံ
သူတို့ငြိမ်သွားပြန်
အနောက်နားကကောင်ကလေး
အိပ်ငိုက်လို့နေသေး....
နေ့တိုင်းဖြစ်တဲ့ ဒီအဖြစ်တွေ
သူတို့အတွက် မရိုးပေ
အဲ့ဒီအဖြစ်တွေ သိချင်က
GCC ကို လာခဲ့ကြ........
ချစ်ရင်ထူး


ဝမ်းနည်းမှတ်တမ်း

သူငယ်ချင်း....................
ပေါင်းကူးမှကြည့် ဒုတိယနှစ်ထိ
လက်တွဲခဲ့တာ သုံးနှစ်ကြာခဲ့
ချည်နှောင်ခဲ့တဲ့သံယောဇဉ်
ကျောင်းတော်ကြီးက အသိပင်......
သူငယ်ချင်း....................
ဆိုးတူကောင်းဖက် လက်တွဲမပျက်
သူ့မှုငါ့ပူ မမှန်ယူဘဲ
အေးတူပူမျှ နေလာကြတာ
သံလွင်တံတားသက်သေပါ.......
သူငယ်ချင်း....................
ကျောင်းသားဘ၀ သူ့ဒုက္ခမှာ
စာမေးပွဲဟာ ထိပ်ဆုံးပါလို့
အအောင်အရှုံး ဆုံးဖြတ်သမျှ
ခံကြရမှာ ဓမ္မတာ......
သူငယ်ချင်း....................
ကြမ္မာကံဆိုး မင်းနဲ့တိုးပေါ့
အတူလျှောက်လှမ်း ငါ့တို့လမ်းမှာ
မင်းကျန်ခဲ့လို့ ၀မ်းနည်းရသည်
ဇွဲကပင်ကြီးသက်သေတည်.....
သူငယ်ချင်း....................
ဝမ်းနည်းနေရုံ ကြေကွဲရုံနှင့်
မင်းရဲ့ပန်းတိုင် မရောက်နိုင်ပါ
ခိုင်မြဲသတိ ဇွဲအတိနဲ့
ကြိုးစားစမ်းပါ သူငယ်ချင်းရာ
ပန်းတိုင်ဆိုတာ မဝေးပါ.....
သြကြီး



...ငယ်ချစ်ဦးသို့...

ချစ်သူရေ မင်းဟာကိုယ့်ရဲ့
ပထမဆုံးနှလုံးသား
တံခါးကိုမခေါက်ဘဲ
ဧည့်သည်အဖြစ်နဲ့ ၀င်ရောက်ခဲ့တာကို
ကိုယ်ခွင့်ပြုနိုင်ခဲ့တယ်....
ဒါပေမယ့်.....
မင်းပြန်ကာသွားမယ့်အချိန်မှာ
ကိုယ့်နှလုံးသားကို
နှုတ်မဆက်လက်မပြဘဲ
ထွက်ခွာသွားတော့ ရင်နာစွာနဲ့
ကျန်ခဲ့ရသူပါ...
ဝေလွမ်းသူ



.....ဒုက္ခ....

လိပ်ကလေးအလား တရွေ့ရွေ့သွား
အဲ့ဒါ.........တို့ကျောင်းကား
တဒုန်းဒုန်းတဒိုင်းဒိုင်း ဆူဆူညံ
ငါတို့ကျောင်းကားအသံ
စာကလေးသိုက်အလား တ၀ါးဝါး
ကျောင်းသူတွေရဲ့ အသံပါဗျား
ခေါင်မိုးပေါ်က ကျောင်းသားများ
မျောက်ကကနေလား
နေရာမရလို့ နောက်ကတွယ်
လက်ကနာလှတယ်
အဲ့ဒါတောင်မှ မကုန်သေး
ဟိုးထား.....ဆရာရေ.....
ကျောင်းသားများလို့
ကားခေါင်းထောင် ပြုတ်ကျတော့မယောင်
ဘုရားဘုရား 'တ' တာများ
အကြိမ်တစ်ရာမကပါလား
ကားဆရာက ချွေးတွေပြန် ဘရိတ်မမိပြန်
ပါပြန်ပြီဟေ့ နောက်တစ်ယောက်
ခြေထောက် တစ်ချောင်းပဲထောက်
ကျောင်းသူလေးတွေ မစာနာ
ဒီအတိုင်းကြည့်နေတာ
သူတို့ဘေးကနေရာလေး
နည်းနည်းလေးမှ မရွေ့ပေး
လူပြည့်ကျပ်လို့ ချွေးကပြန်
ပုဆိုးကျွတ်မဲ့ဟန်
အဲ့ဒါကမှ ဒုက္ခအစစ်
ကျောင်းသားလေးတွေရဲ့ အဖြစ်
ဒီလိုနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ်
ကျောင်းသားလေးတွေ စိတ်သိပ်ညစ်........
ချစ်ရင်ထူး



...ကျောင်းကား...ကျောင်းသား...

ဟိုးရှေ့ဆီက ၀ိုးတိုးဝါးတား
အဲ့ဒါ....ကျောင်းကားလား....?
ငပိသိပ်သလို အိုဗာဝိတ်နဲ့
တလိမ့်လိမ့်ရွေ့
ဒါဆို....တို့ကားဟေ့.....
ဘယ်လိုတားလို့ဘယ်လိုစီး
ကျောင်းတော်ဆီသို့ခရီး
ရပ်မယ်အထင်နဲ့ လူလုံးပြ
ကားပေါ်ကမမတွေ ဆီးအော်ကြ
နောက်ကားပါသဗျ
မစောင့်နိုင်ရင် ကားပေါ်တက်
တစ်ယောက်ပေါ်ကို တစ်ယောက်ထပ်...
ဘယ်ပုံဘယ်နည်း သည်ခရီး
ကားခလေးတွေ ကမ်းသနည်း.....
အသွားပြောတော့ အပြန်ပေးမတဲ့
အပြန်ကျတော့ အသွားမှာပေးခဲ့
နားလည်ရမှာခပ်ခက်ခက်...
(ကားဆရာလည်းစီးပွားပျက်)
ကျွက်ကျွက်ဆူအောင် ပွက်လောညံ
ကျောင်းကားပေါ်က ဘာအသံ..
လုကာယက်ကာပြောဆိုကြ
မမတွေက ဇာတ်လမ်းတွဲကိစ္စ
ငြင်းကြခုန်ကြ ဝေဖန်ကြ
ကိုကိုတို့က ပရီးမီးယားလိဂ်ဒုက္ခ....
ဘာရလဒ်ကြောင့် သည်လိုစီး
အပြုံးမပျက် သည်ခရီး
မောင်ရင်းနှမ အသွင်
ခင်မင်စိတ်ထား မေတ္တာပွားလို့
ပိုမိုရင်းနှီး သွေးစည်းလာခဲ့
ကျောင်းကားပေးတဲ့ အမြတ်....
သူငယ်ချင်း



သတိ!

ခေတ်ရဲ့အဖြစ် ဆန်းစစ်ကြည့်ရင်
မိန်းမများအား လွန်ပေါများ၍
ယောကျာ်းပုရိ သိပ်မရှိ
ရှားပါးနေပါ၏
ဤသို့သောခေတ် ဤစနစ်တွင်
ဣတ္ထိယများ မာယာများနှင့်
ရှိရှိသမျှ ပုရိသကို
မြူလို့နေပါ၏
ထို့်ကြောင့်
ဈေးကြီးရှားပါး ယောကျာ်းများက
အလိမ်ညာများ မိန်းမစကားကို
မသာယာပဲ သတိဆွဲရင်း
နေကြပါကုန်
အဟိ....အဟိ....အဟိ...အဟိ...
အမည်မသိစာဆို


ဝန်ခံချက်

စိတ်ကူးယဉ်ဆန်ဆန်
တရေးနိုးအိပ်မက်တွေနဲ့
ပီတီတစ်ခုအတွက်
မျှော်လင့်ခဲ့တာမဟုတ်ပါဘူး
ငါဟာ မင်းလက်ကလေးကိုကိုင်
ဝမ်းနည်းမှုတွေဖြေဖျောက်
ဟောဒီရင်ထဲမှာ
ထာဝရ ထွေးပွေ့ထားချင်သူပါ
ချစ်သူ အရာရာအတွက်စွန့်ပစ်ခံရရင်တောင်
သတိရခြင်းကိုမင်းအတွက်
ငါ့ရဲ့ရင်မှာ သိမ်းဆည်းထားချင်တယ်
ချစ်သူခွင့်ပြုပေးပါ
မင်းကိုချစ်မိပြီးတဲ့နောက်မှာ
နောင်တဆိုတာ ငါ့အတွက်မရှိနိုင်တော့ပါဘူး
ပေါ်ယံအပြုံးတစ်ခုနဲ့
ကျောခိုင်းမေ့ပစ်ဖို့အတွက်
မျက်ရည်တစ်စက်ရဲ့ တန်ဖိုးကိုတော့
ငါပြန်ရချင်တယ်....
CO2


အချစ်မီး

ဒို့ချစ်ခဲ့တာ အချစ်စစ်ပါ
မင်းရဲ့ လှပတဲ့အပြုံးတုနဲ့
မတုန့်ပြန်ပါနဲ့
ရင်မှာချစ်မိ အပြစ်ရှိရင်
အချစ်စစ်ဆိုတဲ့ ခွင့်လွတ်ခြင်းနဲ့
ပေးတဲ့အပြစ် ခံယူပါ့မယ်
အကြည့်ခြင်းဆုံ ရင်ခုန်ရတဲ့
ဒို့ဘ၀ကို အကြည့်မျက်လုံးတစ်ချက်တောင်
မတုန့်ပြန်ရင် ရင်မှာချစ်မီး
တောက်လောင်လွန်း၍
နှလုံးသားလောင်ကျွမ်းသွားလိမ့်မယ်
ဒို့ရဲ့ခံယူ အချစ်ဟူသည်
ဥယျာဉ်မှူးနှင့်တူပါဘိ
မင်းလှတာကို မြင်နေချင်လည်း
မလှမ်းရက်ဘူး အချစ်ဦးရယ်
ဖူးစာဆိုတာ ပါလာရင်တော့
ဖူးစာရေးတဲ့ မြားနတ်မောင်ရေ
ဒို့နှစ်ယောက်ကို ဆုံဆည်းခွင့်ပေးပါ........
STYLE


လက်တွေ့မဆန်သော "အိပ်မက်"

သစ္စာတွေ အထပ်ထပ်
ကတိတွေ အခါခါ
ခိုင်မြဲမယ်ထင်လည်း ဝေးခဲ့ရတယ်
တကယ်ချစ်တော့
စွန့်လွှတ်ဖို့ ခက်တယ်လေ
ကိုယ်လေ.....
မင်းပေးတဲ့ အိပ်မက်တွေထဲ
ပျော်ဝင်နေခဲ့မိတယ်
ချစ်တယ်ပြောတိုင်းကျေနပ်နေခဲ့တယ်
ဒါတွေဟာ နှစ်သိမ့်ခဲ့မှန်းမသိရိုးအမှန်ပေါ့
သတိထားမိမှ မင်းကရင်ခွင်သစ်မှာ ခိုလို့လေ
မင်းပျော်ရွှင်ဖို့
နှလုံးသားကို စတေးပြီး
တစ်ဘ၀စာပေးဆပ်ပါ့မယ်...ချစ်သူ
ရင်ခွင်သစ်မှာ ထာဝရ
နွေးထွေးနိုင်ပါစေပေါ့.......
@



အချစ်လက်ဆောင်

ရွက်ဟောင်းကြွေလို့
ရွက်သစ်ဝေကာ
နွေ...ဆိုတာ
ကုန်သွားပေမယ့် ပူလောင်လွန်းတဲ့
ငါ့...နောင်တတွေ မကုန်သေးဘူး....
လျှပ်ရောင်မဲ့လို့ မိုးသံစဲကာ
မိုး....ဆိုတာ ကုန်သွားပေမဲ့
မိုးစက်နဲ့အတူ စီးဆင်းသွားတဲ့
ငါ့....မျက်ရည်တွေ မကုန်သေးဘူး
ဥသြတွေကျူးလို့ အအေးမဲ့ကာ
ဆောင်း....ဆိုတာ ကုန်သွားပေမဲ့
အေးစက်စက် ငါ့.....ရင်ဘတ်မှာ
နင့်ကိုလွမ်းတဲ့ ငါ့အလွမ်းတွေ
မကုန်သေးဘူး......
သဇင်




........သူငယ်ချင်း.......
ဆိုးလည်းအတူ
အကောင်းဆိုလည်း ချန်မထားပဲ
မောင်နှမတွေလို ချစ်ခင်မှုပိုလို့
တို့တွေရင်ထဲမှာ
လိမ်ညာဟန်ဆောင်တာ မရှိပါ........
ကျောင်းတော်ကြီးမှာ
တွေ့ကြဆုံကြ ကျောင်းတက်ကြနဲ့
ခင်မင်မှုနဲ့ သံယောဇဉ်
တွယ်ငင်ခိုင်မြဲလို့
နေ့ရက်ပေါင်းများစွာ ကုန်လာပေမယ့်
မရိုးနိုင်ခဲ့ပါ.....
ဒါပေမယ့်လည်း....
ဘ၀ဆိုတာ
"တွေ့၊ဆုံ၊ကြုံ၊ကွဲ" ဖြစ်စမြဲမို့
အချိန်တန်လို့ခွဲဖို့ဖန်လည်း
မပြောင်းလဲဘဲ ပျော်ရွှင်စရာကောင်းတဲ့
"သူငယ်ချင်းများစွာ" ရှိခဲ့ဖူးတာ
မေ့မသွားပဲ သတိရပေးပါ......
1 Byte(8 bit)




...မလည်မ၀ယ်...ငယ်ရွယ်စဉ်က....

ရှစ်နာရီထိုးစားပွဲထိုင်
IC ကိုစကာကိုင်
သင်တုန်းလွယ်တဲ့ ICS
ကိုယ်တိုင်ကျက်မှခက်....
စာကျက်ရင်းနဲ့ Maths ကိုမြင်
တွက်ချင်စိတ်က၀င်
ချတွက်လိုက်မှအဖြေခက်
သုံးခါတွက်ရင်သုံးမျိုးထွက်...
အာရုံရှုပ်လို့ DS လှန်
စိတ်ကမပါပြန်
စိတ်ဝင်စားစရာ Myanmar က
ကျက်မှတ်ရမှာ လွန်ပျင်းလှ....
English ဖတ်ဖို့စာအုပ်လှန်
Meaning မသိပြန်
သိအောင်ဖတ်ဖို့ ကြိုးစားရ
Dictionary ငါးအုပ်ချ....
စိတ်ညစ်ညစ်နဲ့ စက်ကိုဖွင့်
အဆင်မပြေမှုကအရန်သင့်
Application စပါရန်
Microsoft Word တင်ကြည့်ပြန်
လက်ကွက်မရလို့ Excel ပြောင်း
စိတ်ညစ်မှုထောင်သောင်း........
Excel မှ တဖန် Program
Run ဖို့ကြိုးစားပြန်
Logic ချော်တော့ error တက်
အသက်ထွက်မတတ်....
ထပ်ခါ Run ရင်းအဖြေမှန်
ရခါနီးတော့ မီးပျက်ပြန်
ဖယောင်းတိုင်နဲ့ BSD ကျက်
နက်ဖြန်ဖြေမဲ့ Tutorial အတွက်.....
မမှတ်မိလို့စိတ်ညစ်စဉ်
မီးကစိတ်ကောင်းဝင်
မီးနဲ့ပေါင်ချိန်တွဲလာခိုက်
ကိုယ်သိပ်ကြိုက်လို့အာရုံစိုက်
ကျက်စရာတွေ မေ့ထားလိုက်
ပြိးတော့မှသာပြူးပြဲကာ
BSD ကို ပြန်လှန်တာ
coffee သောက်ရင်းစာကျက်ရင်း
အိပ်ချင်စိတ်ကအလွန်ပြင်း
မထိန်းနိုင်လို့စားပွဲပေါ်မှောက်
မာမီကခေါက်ဒယ်ဒီဟောက်
အိပ်ယာပေါ်ကိုရောက်..........
emk


...သိပ်ချစ်တယ်...

ကဗျာမဆို လင်္ကာမပို
ရိုးရိုးလေးနဲ့ တိုးတိုးပြောမယ်
သုံးလုံးထဲကွယ် "သိပ်ချစ်တယ်"
လနှစ်ရှည်ကြာ ချစ်ခဲ့တာကို
ဒိုင်ယာရီလေး.....သိပါတယ်........
ပီeace




....တောင်းပန်ပါရစေ....

အို..နှင်းဆီ
မင်းရင်ခွင်ဦးရဲ့
အပွင့်အဖူးကို
ငါစွဲလမ်းဖူးတယ်....
မင်းရဲ့အရောင်အသွေးကြွယ်ဝတဲ့
ပွင့်ဖတ်ကိုလည်း ငါမြတ်နိုးတယ်
မင်းရဲ့ဆူးတွေကိုလည်း
ရူးသွပ်ခြင်းတွေနဲ့ တမ်းတမိပါတယ်....
နှင်းဆီရယ်.....
မင်းကိုရင်နင့်အောင်
အသွင်သစ်ဆောင်ပြီး
ချစ်ခဲ့တာပါ
ဒါကို မင်းနှလုံးသားက
အမုန်းပွားပြီး
ငါ့ကို အရှုံးသမားဖြစ်အောင်
မရက်စက်ပါနဲ့.........
ထီးလေး



ဖြစ်ရပ်မှန်

အပြူးအပြဲ၊လူးလဲထလို့
ချီးပါသွားတိုက်၊ကတိုက်ကရိုက်
မျက်နှာသစ်တာ၊ကပျာကယာ
ပုဆိုးဆွဲဝတ်၊အင်္ကျီစွတ်လို့
ဆံပင်စုတ်ဖွား၊ခေါင်းမဖြီးအား
သဲသဲမဲမဲ၊လွယ်အိတ်ဆွဲပြီး
ဖယ်ရီးကားစီး၊ကျောင်းတော်ကြီးမှာ
စာသင်ခဲ့တာ၊သုံးနှစ်ကြာ.......
ဆိုးပေသမျှ၊ခွင့်လွှတ်ကြလို့
စေတနာထား၊အပြုံးများနဲ့
အမှန်လမ်းပြ၊ဆိုဆုံးမတဲ့
အာစရိယ၊ဟူသမျှလည်း
ဘ၀စာမျက်နှာ၊တစ်နေရာမှာ
မမေ့နိုင်ပါ၊တစ်သက်တာ....
အလွှာပေါင်းစုံ၊နေရာစုံလည်း
တူညီစိတ်ထား၊တွဲလက်များနဲ့
ခင်မင်ရသူ၊ထိုသူအပေါင်း
သူငယ်ချင်းကောင်း၊မိတ်ဆွေကောင်းများ
ကာလရှည်ကြာ၊ကွဲလို့ကွာလည်း
အမှတ်ရစွာ၊ရှိနေမှာ.......
သြကြီး



.....ရေစက်.....

မထင်မှတ်ဘဲ ဘ၀တကွေ့မှာ
ဆုံတွေ့ခဲ့တာ တို့တတွေပါ...
တွေ့တဲ့ရက်တွေ ရှည်ကြာ
သံယောဇဉ်ခိုင်မာ...
ပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်း
အတူမျှဝေ ခံစားရင်း.....
ဖြတ်တောက်လို့မရတဲ့ သံယောဇဉ်
ရှေးဘ၀ရဲ့ ရေစက်ပင်....
ခင်မင်မှုတွေ အစဉ်တိုးပွား
သူငယ်ချင်းများရဲ့ နှလုံးသား.......
ခေါင်းလောင်းသံတိတ် ကျောင်းတွေပိတ်ရင်
ခွဲခွါရမှာ ဓမ္မာတာ....
ပြန်လိုချင်နေ ကျောင်းသားဘဝ
ရင်မှာတမ်းတ လွမ်းမ၀.......
လွမ်းကြွေမှူး



......မမ......

ရုတ်တရက်
ဝေးလွင့်သွားတဲ့အချိန် တမ်းတမှုတွေနောက်မှာ
လွမ်းနေမိတယ်....
ခြောက်သွေ့တဲ့ရင်ခွင်ထဲမှာ
တိတ်တဆိတ်ဝင်လာသူ
ချစ်ရခြင်းများစွာ အတိတ်မှာလွမ်းမော.....
ရင်ခုန်သံတပိုင်းတစ ညဥ့်နက်နက်ရဲ့ ရင်ခွင်ထက်
အိပ်မက်ထဲမှာလွင့်မျော.
ဖွင့်ဟဖို့ခက်ခဲမြတ်နိုးတွယ်တာချစ်ခဲ့ရလည်း
ရင်မှာသိုဝှက်
ရက်ပေါင်း ၁၀၈၀......
နေ့စဉ်ရက်ဆက်တွေ့ခွင့်ကြုံလည်း
ဖွင့်ပြောဖို့ခက် ဒီအဖြစ်အပျက်
ဝေးဖို့သေချာတနေ့မှာဖြစ်မှာလား........
အသည်းထဲစွဲနစ်
အရိုးခံပင် ချစ်ခဲ့သည်
ထာဝစဉ်သာ ရင်ခွင်မှာ
ချစ်ခွင့်ပြုပါ 'မမ'ရယ်....
Ae`



...ကံကြမ္မာ...

ညတိုင်းခံစားရတဲ့အသည်း
ပူမှန်းလဲမသိတော့ပါ
နှလုံးသားရဲ့ တစိတ်လေးမှာ
ကိုယ်ရှိနေတာ သိရတော့
ခြေလက်တွေအေးရောပေါ့...
တစ်ခရီးတည်း အတူတူသွားရပေမဲ့
ကိုယ်စီမာနတွေ့ကြောင့်
ချည်နှောင်နေတဲ့ကြိုးပြတ်ခဲ့တယ်....
တစ်နေ့နေ့မှာ ခွဲခွါရမှာ ကြိုသိလို့
အဝေးကပဲ နေခဲ့တယ်.....
သူငယ်ချင်းလို ခင်ချင်ပေမဲ့
စိတ်မသန့်တော့ ပြောရခက်တယ်.....
ကိုယ့်ဘ၀မှာ ရည်းစားထားချင်ပါရဲ့
မရှိတဲ့ဘ၀ ကံကြမ္မာရယ်
တစ်ခါတစ်လေတော့
ကိုယ့်ကို
မျက်နှာသာပေးလှည့်ပါ........
ဒေ၀ီ


...အလွမ်းထဲမှညဉ်းချင်း...

စိတ်ရှိလက်ရှိ အားပေးကြ
"ဒါမှ(....) GCC ကွ"
တဆွေ့ဆွေ့နဲ့ခုန်ကြပြန်
မြေပြိုတော့မဲ့ဟန်....
တစ်ဂိုးဝင်ရင် တခါ က
မမောနိုင်လေကြ...
သံချပ်ထိုးရင်း ကလိပြန်
ထသတ်တော့မဲ့ဟန်...
နောက်တစ်ပွဲမှာ မေ့သွားကြ
ပြီးခဲ့တဲ့ကိစ္စ....
ပွဲစဉ်အားလုံးပြီးတဲ့အခါ
ကျောင်းသူလေးတွေ အသံပြာ
ခါးနာခြေနာ ပင်ပန်းကြ
အားလုံးဖလက်ပြ
အဲ့ဒီအခါမှ သတိရ
စာမေးပွဲကိစ္စ............
emk


....ငါ့ရဲ့ပန်းပု....

ငါရည်ရွယ်ရာ ပန်းပု
ယုံကြည်မှုနဲ့ ထုဆစ်
မှားတာတွေ့ရင်
ပြင်မယ်....
စေတနာနဲ့ဝေဖန်ပါ
အကြံဥာဏ်တွေ တောင်းခံပါတယ်.....
အလင်းတွေဆီလာဘ်မထိုးပေမဲ့
မျှော်လင့်ချက်ရောင်နီကတော့
ဖြာလက်နေတယ်....
ကဲ.........
နံနက်ခင်းရဲ့ နေရောင်ခြည်အောက်
အမှောင်မရောက်ခင်
အားမာန်တင်းလို့
ငါဆက်ထွင်းမယ်......
emk


ယာယီနှောင်ကြိုး

"အချစ်နှင့်တွေ့ဆုံခြင်း" ဆိုတဲ့
ခေါင်းစဉ်အောက်မှာ
နင်နဲ့ငါစတွေ့ခဲ့တယ်
ငါ့ရဲ့ "စိတ်ကူးအိမ်မက်ခရီး"မှာ
နင်အမြဲပါနေကျပါ
"နားလည်ပါ" ချစ်သူ....ငါဟာနင့်ကို
"ဘ၀နဲ့ရင်းပြီးချစ်မယ့်သူ" တစ်ယောက်ပေါ့
"လိုချင်တာယူသွားစမ်းပါ"
ဒါပေမယ့်
"မချစ်ဘူး မပြောနဲ့"
ငါဟာ
"အချစ်စစ်ရဲ့ ကျေးကျွန်" တစ်ယောက်ပေါ့
တိတ်တိတ်လေးတော့ မကြေကွဲချင်ဘူး.........
Okra Girl



အခန်းဆက်အလွမ်း

နင်သိလား
ဘယ်လောက်ပဲဝေးဝေး
ငါရောက်အောင်ပြေးခဲ့မယ်
နင့်နှလုံးသားက ငါ့အတွက်လွမ်းစေရင်
လွမ်းစရာမရှိတော့လောက်အောင်
ငါလွမ်းနေရဲတယ်
ကွာတားကျနေတဲ့ အိမ်မက်ဓါတ်ပြားဟောင်းကြီးက
မင်းအကြောင်းတွေ အထပ်ထပ်ပေါ့
ဒီလိုနဲ့ပဲ...
ငါ့အိမ်မက်တွေ အပ်ကြောင်းထပ်ခဲ့တယ်
နင့်လွှမ်းမိုးမှုတွေအောက်
အသက်ရှူသံ ပြတ်တောက်ကုန်ဆုံးချိန်ထိ
ငါ....ပြားပြားဝပ်မှောက်နေပါရစေကွယ်
ယုံကြည်ပေးပါ ငါချစ်တဲ့နင်ရေ...
ဘ၀ဆိုတဲ့တံစက်မြိတ်အောက်မှာ
လက်တွဲဖော်အဖြစ်လမ်းတွဲလျှောက်ဖို့
အခု......ငါအရင်ရောက်နှင့်နေပြီလေ...
CAFE


......နေပျောက်ဆောင်း......

ဘုမသိ ဘမသိနဲ့
အချစ်ဆိုတာကို
ကောက်ရမိသလိုလို.........
ဘာလိုလို ညာလိုလိုနဲ့
သံယောဇဉ်တွေ
ပိုလို့ပို....
'၅၂၈' မက '၁၅၀၀' မကျ
တက်ရခက်တဲ့ ပုစ္ဆာတွေက
တသီတထပ်.......
တကယ်ဆို
အဖြစ်အပျက်တွေကို
ငါ......မျက်မှန်တပ်ပေးချင်တယ်.....
မျှော်နေပေမယ့် ရောက်မလာခဲ့
ငါတို့ရဲ့ ပွင့်လင်းနွေဦး
ဒီဆောင်းမှာတော့
နှင်းတွေမြူးတုန်း...........
emk

ဘ...............၀?

အငိုနဲ့စပြီးအငိုနဲ့ဆုံးတဲ့လူ့ဘ၀ထဲမှာ
ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းတွေနဲ့
သံသရာလည်နေခဲ့ပြီပဲ......
ပြိုင်လိုမှုတွေ နိုင်လိုမှုတွေ
မာနတွေ အတ္တတွေနဲ့
အောင်မြင်ခြင်း နိမ့်ကျခြင်းတွေကပဲ
လူ့ဘ၀ရဲ့ အဓိပ္ပါယ်တဲ့လား.....
ဘ၀တစ်ခုရဲ့ ရှင်သန်ခြင်းတွေထဲမှာ
ကိုယ့်သမိုင်းကိုယ်ရေးနေရပေမယ့်
အမှားတစ်ခုအတွက်နောင်တက
ငါ့သမိုင်းကို ပြင်ဆင်ခွင့်မပေးခဲ့ဘူး...
တစ်စစီ ပြိုကွဲသွားတဲ့ ဘ၀တစ်ခုအတွက်
နှလုံးသားသွေးစက်တွေကပဲ
မျက်ရည်အဖြစ်စီးခဲ့ပြီ....
ခန္ဓာတစ်ခု ဖြစ်တည်နေသ၍
တစ်ကြိမ်တစ်ခါမှားမှုအတွက်
တစ်ဘ၀လုံးပေးဆပ်ပါရစေ...
ဂျစ်ပစီ


ချစ်သူ...........သို့တမ်းခြင်း

မှန်းဆမျှော်ရည် ချစ်သူဆီက
စကားတစ်ခွန်း မေတ္တာမပျက်
ဆက်ချစ်မယ်လို့ ရင်ခုန်တမ်းတ
ကြားချင်ပါရဲ့ စောင့်မျှော်ရင်းက
လွမ်းနေမိတယ်
သို့ပေမယ့်လည်း
ချစ်သူဆီက အေးတိအေးစက်
ခပ်ပေါ့ပေါ့မို့ ရင်မှာဆို့တက်
တွင်းကြေဒဏ်ရာ ဒီမောင်ရင်မှာ
ပိုပိုလာတယ်
ခွင့်လွတ်ကာချစ်
အသည်းနှစ်မို့ ဘုရားမြတ်ထံ
ဆုတောင်းရင်းက ချစ်သူစကား
ကြားရနိုးနိုး ရာသီတွေဟောင်း
နှစ်တွေပြောင်း ချစ်စိတ်မပြေ
ရမ္မက်ဖြေကာ စောင့်နေရင်းက
လွမ်းနေအုံးမယ် ချစ်သက်လျာရယ်....
သူငယ်ချင်းတစ်ယောက်



လွမ်း

လွမ်းရက်တွေအကြောင်း
လွမ်းသီချင်းဟောင်းကို
လွမ်းသူရင်မှာတညဉ်းညဉ်းဆို
လွမ်းအားပို
လွမ်းစကားကို
လွမ်းကဗျာနဲ့ရင်ဖွင့်ပါရစေ.....
လွမ်းစရာအဖြစ်အပျက်
လွမ်းနေ့ရက်တွေ
လွမ်းနွေဦးမှာ
လွမ်းလေရူးကြောင့်
လွမ်းအသဲ(သည်း)လွှာတွေကြွေဖျက်.....အနေခက်ပြီမေ.......
သားထွေး



ဆည်းဆာဆန္ဒ

နှင်းတွေဝေတဲ့ ဆောင်းတွင်းရက်မှာ
ကျောင်းတော်ကြီးတောင် ဖွင့်ပြီပဲ....
ဖွင့်နေသော်လည်း ဆည်းဆာမပျော်
ကို့ ကို သာပဲ လွမ်းလို့နေမြဲ
ကဗျာစာအုပ် လှန်ကာဖတ်တော့
ကိုရေးတဲ့ကဗျာ ဘယ်ကဗျာမှန်းမသိသော်လည်း
ဆည်းဆာအမြဲ ဖတ်လို့နေဆဲ
တခါတရံ အပြင်ထွက်လည်း
ဆည်းဆာမျက်လုံး ကို့ကိုသာပဲ
ရှာလို့နေဆဲ......
ရှာကာတွေ့လည်း မကြည့်ရဲ
မိန်းမအိနြေ္ဒ ထိန်းမိနေမြဲ
ဘုရားရှိခိုး ဆုတောင်းတိုင်းလည်း
ကို့ရဲ့ဘ၀ သာယာစေကြောင်း
ဆုတောင်းပေးမြဲ....
တစ်နေ့နေ့မှာ ဆည်းဆာကဗျာ
ကို ဖတ်မိပြီး ဆည်းဆာအဖြစ်
ကိုသိပါစေ ဆုတောင်းရင်းဖြင့်........
ဆည်းဆာခင်