ကိုယ်ခြေထောက် အပေါ်ကိုယ်တိုင်ရပ်တည်၍
ကျွန်မတို့ မြန်မာလူမျိုးတွေဟာ မိဘတွေရဲ့ မျက်စိအောက်မှာပဲ ကြီးပြင်းလာခဲ့တာများပါတယ် ။ မိဘဆိုတာကလည်း သားသမီး အလုပ်လုပ်မှာကို စိုးရိမ်ပူပင်တတ်တဲ့ လူမျိုးတွေပါ။ ခု (၁၉၉၀)နောက်ပိုင်းမှာ မိသားစု တစ်စု မှာ ဖခင်တစ်ဦးတည်း လစာနဲ့ မလုံလောက်တဲ့ အတွက် မိသားစု တစ်စု လုံး အလုပ်လုပ်တာကို တွေ့လာရပါတယ်။ သာမာန်လက်လုပ် လက်စားတွေကတော့ ပိုက်ဆံ တစ်သောင်းမျိုးရအောင် မနက် ၈ နာရီမှ ညနေ ၅ နာရီ ဆိုင်သိမ်းတဲ့အထိ လုပ်ကြရပါတယ်။ အထူးသဖြင့် မင်္ဂလာဈေးမှာ လူငယ်များ အလုပ်လုပ်တာကို အများအားဖြင့် တွေ့ရတတ်ပါတယ်။ ဆယ်ကျော်သက် အရွယ်လေးပေမယ့် မိသားစု၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူသောကြောင့် အလွန် လေးစားဘို့ကောင်းသော ကလေးများဖြစ်ပါသည်။ နည်းနည်း စားနိုင်သောက်နိုင်ရှိတဲ့ မိသားစုကတော့ သား၊ သမီးတွေကို အလုပ်မလုပ်စေချင်ကြပါဘူး၊ ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ သင်တန်းတွေအားလုံးကို တတ်စေချင်ပါတယ်။ ပညာရေးကို ဦးစားပေးပါသည်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာ ဘာသာစကား သင်တန်းများ အစရှိတဲ့ သင်တန်းပေါင်းစုံကို ဒေါင်းချာအောင်တတ်နေကြပါတယ်။ တချို့ကလည်း ဘ၀အတွက် ပညာလိုချင်သူများ ရှိသလို၊ တစ်ချို့ကလည်း သင်တန်းဆိုတာ အပျော်ချစ်သူရှာတဲ့ နေရာအဖြစ်သတ်မှတ်ထားကြပါတယ်။
အနောက်နိုင်ငံများမှာတော့ ငယ်ငယ်လေးထဲက အလုပ်လုပ်ကြပါတယ်။ သူတို့ကိုယ်တိုင် မိဘတွေဆီက လက်ဖြန့်တောင်းရမှာကို ရှက်ကြောက်ကြပါတယ် (မြန်မာများနှင့်ကွာခြားချက်)။ အသက် ၁၆ နှစ်မှ စတင်၍ အလုပ်လုပ်လျှင် သူတို့အသက် ၂၅ နှစ်အရွယ်တွင် မန်နေဂျာကောင်း တစ်ယောက်ဖြစ်နေပါပြီ။ မြန်မာနိုင်ငံတွင်တော့ ထိုအရွယ်အထိ လက်ဖြန့်တောင်းနေသူများ များစွာရှိနေပါသေးသည်။ တချို့ကတော့ မိမိ လုပ်စာ ၀င်ငွေ တစ်ပြားတစ်ချပ်မှ မရှိပဲ ၀တ်ထား၊ စားထားတာ ပြန်လန်နေပါသည်။ စီးပွားရေး လုပ်သည်မဟုတ်ဘဲ စတိုင်ထုတ်၍ ဟင်းဖုန်းများကိုင်သူ အလွန်များပြားပါသည်။ ထိုသူများကတော့ ရှေးကုသိုလ်ကောင်း၍ ဖြစ်ပါလိမ့်မည်။ ကျွန်မကတော့ စောစောစီးစီး ကျွန်ဇာတာ ပါတယ်ဆိုမလား။ ရှေးက ကုသိုလ်ကံ မကောင်းခဲ့လို့လားတော့ မသိ။ လုပ်လိုက်ရတဲ့အလုပ် လက်နှင့် ပြတ်သည်ကို မရှိပါ။ ပိုက်ဆံလေးနည်းနည်း ဆုဆောင်းမိပြီဆိုရင် ကျောင်းလခ ပြန်ပေးရအုံးမယ်။ ဗီဇာလေးတိုးလိုက် စာမေးပွဲကြေးသွင်းလိုက်နှင့် လုံးလည်ခြာလည် လိုက်နေပါသည်။ အိမ်စရိတ်၊ ကျောင်းလခ၊ ခရီးစရိတ်၊ စားသောက်စရိတ် နှင့် ရသည့် လခလေးမှာ ဖုတ်လိုက် ဖုတ်လိုက်နှင့် ဖြစ်နေပါသည်။ အလုပ်ကြီးပဲ လုပ်နေလျှင်လည်း ကျောင်းစာမကြည့်နိုင်၊ ကျောင်းစာပဲ ကြည့်နေပြန်လျှင်လည်း အလုပ်များများ မလုပ်နိုင်ပါ။ အလုပ်မှပြန်ရောက်လျှင် လူက စာကြည့်ရန် မဆိုထားနှင့် ထမင်းတောင်စားချင်စိတ် မရှိပါ။ မောပန်းပြီး အိပ်ဖို့ရန်သာ ပြင်ဖြစ်ပါသည်။
ဒါပေမယ့် ကျွန်မပျော်ပါသည်။ ကျွန်မ ဒီနိုင်ငံရောက်ပြီး ကတည်းက ကျွန်မတစ်ခါမှ မိဘဆီ ပိုက်ဆံ လှမ်းမမှာဘူးပါ။ မိဘများကလည်း အဲလောက်အထိ ပိုက်ဆံ ချမ်းသာခြင်းမရှိပါ။ ဩော်....ရှေးဘ၀က ကုသိုလ်ကံနည်းလို့ဖြစ်မှာပါ။ သူများကဲ့သို့ နာမည်ကြီးသော တက္ကသိုလ် များမှာ ဈေးကြီးပေး၍လည်း မတတ်နိုင်ပါ။ သူများကဲ့သို့ ဒီဇိုင်နာ အ၀တ်အစားများလည်း ၀ယ်မ၀တ်နိုင်ပါ။ ဒါပေမယ့် ကျွန်မ ကိုယ်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူဖြစ် ကျေနပ်ပါတယ်။ ချွေတာစုပြီး မိဘကို အနည်းအပါးထောက်ပံ နေနိုင်သည့် အတွက် ဂုဏ်ယူမိပါသည်။ ။
ဗုဒ္ဓတရားတော်
"It is very difficult for one to become a human being"
"It is very difficult for one to stay alive"
"It is very difficult for one to have a chance to listen to sublime dhamma"
"It is very difficult for one to be in sasana's presence"
"It is very difficult for one to stay alive"
"It is very difficult for one to have a chance to listen to sublime dhamma"
"It is very difficult for one to be in sasana's presence"
Labels
- IE မှာ မြန်မာစာကောင်းကောင်းဖတ်နိုင်ဖို့ (1)
- karen Traditional Wrist Tying Ceremony (1)
- NOKIA Phone Codes (1)
- Nokia Secret Codes (1)
- shortcut command for windows (1)
- sitminn (2)
- ကွန်ပျူတာ တက္ကသိုလ် က အမှတ်တရများ (1)
- ကွန်ပျူတာ တက္ကသိုလ် အမှတ်တရများ (1)
- ကွန်ပျူတာ တက္ကသိုလ်က အမှတ်တရများ (1)
- ကွန်ပျူတာတက္ကသိုလ်တုန်းက အမှတ်တရများ (1)
- ဒီဇင်ဘာခင် (2)
- ဒီဇင်ဘာခင်(ခေတ္တ အင်္ဂလန်) (2)
- ဖိုးခွား (15)
- ဘာသာပြန်သူ……….အိမ်မက်နွေ (1)
ဧည့်သည်များ
မင်္ဂလာပါဗျာ
ဒီထဲမှာ ပါတဲ့အကြောင်းအရာတော်တော်များများတွေက သူများတွေ ရေးထားတာကို ကျွန်တော် ပြန်တင်ထားတာတွေသာဖြစ်ပါတယ်ခင်ဗျာ။အားလုံးဆီက လဲ ခွင့်ပြုချက်ယူထားပြီးသွားပါပြီခင်ဗျာ။
သူငယ်ချင်းများ၏ထင်မြင်ချက်များ
Labels:
ဒီဇင်ဘာခင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment