img:hover { position: relative; top: 1px; left: 1px; } အောင်မျိုးထွန်း Blog မှ ကြိုဆိုပါ၏။: တိတ်တိတ်ကလေးကြေကွဲခဲ့ရသူပါ

တိတ်တိတ်ကလေးကြေကွဲခဲ့ရသူပါ
Wednesday, October 1st, 2008


ဘာမှလည်း မယ်မယ်ရရမဟုတ်

လျှောက်တဲ့ လမ်းက ခပ်ကြမ်းကြမ်းဆိုပဲ

နေတစ်ရာပူ မီးတစ်ရာမြိုက်

ဘာတဲ့ ဘာတဲ့ 

မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ဟုတ်လား

မြန်မာပြည်မှာ လာမပြောနဲ့ 

ဟုတ်ကဲ့  ဟုတ်ကဲ့ 

ဟုတ်ကဲ့ တစ်လုံးပြောတတ်ရင် လူဖြစ်ပြီ

ငါကလေးကို ဟုတ်ကဲ့တစ်လုံးပဲသင်ပေးမယ်

တွေးခေါ်တတ်ဖို့ လည်းမလိုဘူး

အင်္ဂလိပ်စကားလည်းမလိုဘူး

ကွန်ပြူတာလည်းမလိုဘူး

သဘာဝကိုချစ်တတ်ဖို့ လည်းမလိုဘူး

လူသားချင်းစာနာဖို့ လည်းမလို ဘူး

လူ့ အခွင့်အရေးလည်းနားလည်ဖို့ မလိုဘူး

ဟုတ်ကဲ့ ပြောတတ်ရင်ကောင်းစာပြီ

ငါ့သားသမီးရှေ့ ရေး စိတ်အေးပြီ

နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့ 

အလကားဟာတွေ...

နိုင်ငံတကာမှာ ပေါင်ကားတတ်ရင်တော်ပြီပေါ့

ဒါပဲအခွန်လွတ်တာ....

ဟုတ်တယ် လူ့ ကန့် လန့်  အဲဒီတော့ဘာဖြစ်တုန်း

ခင်ဗျားသမီးနဲ့ ပေးစားချင်သလား

နန်းသုံးတော်ဝင်နွားဗျ လာထား ဒေါ်လာသန်းခြောက်ဆယ်

ပုခုံးရိုးမှာ စတီးရိုးတတ်ထားတယ်

ဓါတ်မှန်ရိုက်ကြည့်လိုက် အာမခံ

တော်ပြီ မပြောဘူး မပြောဘူး

အမေမှာထားတယ် ငရဲ ကြီးလိမ့်မယ်တဲ့ 

လူကြီးကို စော်ကားရင်

ကြီးပစေ အဓိကက စော်ကားရပြီးတာပဲ။ ။

...... ...... ...... ......

မိတ်ဆွေ မိတ်ဖြစ်ဆွေဖြစ်လေး ၀င်စော်ကားသွားပါဦး။

ကျေးဇူးတင်ပါသည်။

0 comments: