img:hover { position: relative; top: 1px; left: 1px; } အောင်မျိုးထွန်း Blog မှ ကြိုဆိုပါ၏။: May 2009

ကျောင်းသားဘဝ

ဘာမသိညာမသိ ဘုမသိဘမသိနဲ့
လူ့ဘ၀ဆိုပြီး အော်ဟစ်ကြွေးကာ
ဒုက္ခဆိုပြီး ထိုင်ကာငြီးလည်း
လိုတိုင်းတရနိုင်မည် မဟုတ်.....
"ကျောင်းသားဘ၀မှာ"
ကျောင်းစာဆိုတာ ကျက်ဖို့ပါ
ဆရာ/ဆရာမ ဆိုတာ ရိုသေရမှာ
ကျောင်းသားဆိုတာ ကျောင်းပြေးပါ
လူငယ်ဘ၀မှာပျော်စရာ ဒါလေးတွေပဲ ရှိနေတာ
ဆရာ / ဆရာမများခွင့်လွတ်ပေး တောင်းပန်ပါတယ်လေး......
ကျောင်းကားလေးကိုစီးကာရယ် ကွန်ပျူတာကျောင်းကိုကွယ်
ရှေ့မှာတစ်ယောက်တက်ဖို့တား "ပါသေးတယ် ဆရာရေ့ ဗျာ"
ကျောင်းကိုရောက်တော့ canteen သွား
canteen ဆိုတာ ထိုင်ဖို့ဗျာ
talkie တွေပွားတာ အရသာဟုဆိုလေကာ
canteen ထိုင်ပြီး talkie တွေပွား
အဲ့ဒါတို့ကျောင်းသား......
canteen ထိုင်ပြီး ကျောင်းခန်းဝင်
ဆရာ/ဆရာမ တွေက စာတွေသင်
အင်္ဂလိပ်လိုပင်မှုတ်လို့သွား ကဗျာကရာမှတ်ပေါ့ဗျာ.....
တစ်ခန်းမှာလေ တစ်ပုဒ်သင် ကျန်တာတွေကအိမ်စာပင်
သင်ပြီးပြန်ရင် စာပြန်မေး
အဲ့ဒါဆိုရင် ဒို့လစ်ပြေး
ဒီလိုနဲ့ပင် တို့ကြိုးစား
အဲ့ဒါတို့ကျောင်းသား......
STYLE


အစုန်

ကျဆုံးလေပြီးသော အနမ်း
ကြေကွဲမှုသာ ထိစမ်းမိတဲ့အခြေ
လွယ်ပါ့မလား.................
ငယ်ရွယ်တဲ့တစ်ကိုယ်တည်း
စွတ်လေကာ အလယ်မှာ
နာကျင်ဖွယ် လမ်းလျှောက်ထွက်လာတဲ့
ချစ်သူရဲ့ ရနံ့များ လေးစားလျက်ပါ.....
သို့.....
အဝေးတစ်နေရာမှ နေရာကလေး
မြစ်ကြီးစီးသွားရင်လည်း သူသွားသလိုပေါ့
ငါ့မှာ ရီဝေတဲ့လှိုင်းတွေထဲ
မိုင်ပေါင်းအသင်္ချေ
နေညိုချိန်
ကောင်းကင်ပေါ်မှာတိမ်လေးတွေ
ဘယ်လိုများပြေးကစားကြပါသလဲ
ကျွမ်းဝင်လှိုင်းခတ်ရပါသောနေတို့အား
ဦးညွတ်ရင်း...................

ညီညီ

"အိမ်မက်သခင်"

မင်းလေးကိုလေ မြင်မိတာ
တသက်လုံးရင်မှာစွဲလန်းနေတာ
မကြည့်ရမနေနိုင် ဖြစ်နေတာမို့
အမြဲတမ်းကိုယ်လေ ကြည့်ခဲ့တာ
စိတ်မဆိုးပါနဲ့ သက်လျာလေးရယ်
တန်ပြန်ကြည့်တဲ့ မင်းအကြည့်ကို
ရင်မဆိုင်ရဲတဲ့ ကိုယ့်အတွက်မှာ
မျက်နှာကိုလေ လွှဲမည်ကြံကာစိတ်ကူးမိတာ....
ခဏတာကြည့်ခွင့် ပျောက်ပျက်သွားမှာစိုးတဲ့အတွက်
အားတင်းကာရယ် ကိုယ်ကြည့်ခဲ့တယ်........
တစိမ်းသူနဲ့ ရယ်မောနေတဲ့
ဒီမြင်ကွင်းကို မီးတောက်အလား
ကိုယ်မြင်မိတယ်.........
သ၀န်တိုတာ မဟုတ်ပါ
ရင်ထဲကမခံစားနိုင်တာ ကိုယ့်ဆန္ဒပါ
မင်းရဲ့အလှမှာ ရုန်းမထွက်နိုင်တော့
အချစ်ကွန်ယက်မှာ ငြိနေမိတာ
တန်ပြန်ချစ်မဲ့ မင်းအချစ်ကို
မျှော်လင့်မိတာ ကိုယ့်အိမ်မက်ပါ
အိမ်မက်လေးမှ မနှိုးပါနဲ့
ချစ်သူလေးရယ်.............
STYLE


ငါ့............သစ္စာ


ဖြူ ရေ
မင်းနဲ့ပတ်သက်လာရင်
ငါ့ ရင်ထဲမှာ
မာနတွေ အာဃာတတွေ
နာကျည်းတာတွေ အသာစီးတာတွေ
တပ်မက်မှုတွေ ရက်စက်မှုတွေ
ပြိုင်လိုမှုတွေ နိုင်လိုမှုတွေ
အားလုံးအားလုံးကို
ငါ............
ထိန်းချုပ်စွန့်လွှတ်ထားခဲ့တာ ကြာပြီလေ.....
ဒါပေမယ့်
ငါ့ရဲ့...သံသယတွေ
ဝန်တိုမှုတွေနဲ့အတူ
မင်းဆီက နားလည်မှုတစ်ချို့ကိုလဲဖို့ရန်
ငါ............
ဒီတစ်သက် မျှော်လင့်စောင့်စားနေမှာပါ..............
DEMON



ကွန်ယက်လေးရဲ့ သိုးငယ်


ဓနလွန်မွဲ ချစ်ကြင်မရဲ
ငွေကြေးပေါလှ အချစ်ကြွယ်ဝ
မမှန်စိတ်ကို မစိုးရိမ်ကြ
ဘ၀နဲ့ရင်း အပျော်စမ်းဖြင့်
တစ်ယောက်မချစ် နောက်တစ်ယောက်နှင့်
ငါဟေ့စွံသူ လှမဉ္ဖူဟု
မာန နားထင် သွေးပေါ်တင်လဲ
ဟိုလူညှို့ထား ဒီလူကစားနှင့်
ရိုးလို့လွင့်ပစ် အသစ်သစ်ဖြင့်
အလှကွန်ရက် စွဲမက်ဖွယ်ချပ်
ဖက်တွယ်ကသူ ကွန်ရက်တွင်းမူ
ဝင်မိသူက သိုးငယ်တမျှ
ဖြစ်ရပါစေ မင်းလေးရယ်ဟု
တိုင်တည်သည်က ငါ့ဘ၀ဆန္ဒ...
COUNTRY


"ဖြူ--------------သို့--------------လွမ်းချင်း"

မဟူရာညရဲ့ ရင်ခွင်အောက်မှာ
ကြယ်စင်တွေက ၀ပ်တွားခလို့
အမှောင်ရိပ်ကြားလင်းနိုင်အားကြတယ်........
ထိုညအပါး လက်ဖ၀ါးမှ
အသံဟားဟား ပုဇဉ်းများက
ထင်ရှားမရှိ အားပြိုင်နေကြလေရဲ့............
နှင်းမှုန်ဖွေးဖွေး အသဲအေးတာကြောင့်
လူသူအများ ကွေးကာနေချိန်
ဒီအချိန်မှာ.........
ကောင်းကင်ပြာလည်း မှောင်ကာမည်းပေါ့
ကိုယ်တစ်ယောက်တည်း မှောင်လို့မည်းတဲ့
ညနက်ထဲမှာ သက်ပြင်းချရင်း
တမ်းတခြင်းက
ဖြူ----------ရယ်
သိပ်----လွမ်း----တယ်----ကွယ်----
DEMON



----ငယ်သူငယ်ချင်း----

  • သနပ်ခါးဘဲကြား ဆံပင်စုတ်ဖွား
  • တစ်ချက်မအား မုန့်ခိုးစားရင်း talkie ပွားတဲ့
  • ငယ်ငယ်တုန်းက သူငယ်ချင်းများ.....
  • ကျူရှင်ကိုရောက် ပေါက်ပေါက်ဖောက်သလို
  • ကုလားတိုက်ကျားဝင် မဆင်မခြင်
  • လက်ပံပင်ပေါ် ဆက်ရက်ကျ ထိန်းမနိုင်သိမ်းမရ
  • နားကွဲလောက်အောင် နောက်ပြောင်ကျီစား
  • ငယ်ငယ်တုန်းက သူငယ်ချင်းများ....
  • စာဖြေချိန်ကျစာမရ သမာဓိနဲ့ကူးကူးချ
  • ဆရာတုတ်ပြ နားရင်းအုပ်မှ
  • တကုပ်ကုပ်နဲ့ ကျက်ဖို့လုပ်တဲ့
  • ဆရာဆရာမ လက်မြောက်ထား
  • ငယ်ငယ်တုန်းက သူငယ်ချင်းများ.....
  • မဟုတ်မဟတ် အလုပ်တွက်ဆို
  • စိတ်တူကိုယ်တူ မညူစူခဲ့
  • ဟေးလားဝါးလား လုပ်ဖို့များဆို
  • စည်းစည်းလုံးလုံး တပြုံးပြုံးနဲ့ ၀ရုန်းသုန်းကား
  • ငယ်ငယ်တုန်းက သူငယ်ချင်းများ....
  • ရာသီစက်မောင်း ချိန်တွေပြောင်းတော့
  • တစ်ယောက်တစ်နေရာ ခွဲခွာခဲ့ကြ
  • ကိုယ်စီကိုယ်ငှ အပေါင်းအသင်းရလည်း
  • အစဉ်မပြတ် တမ်းတလျက်ပါ
  • ငယ်ငယ်တုန်းက သူငယ်ချင်းများစွာ......
(BEHS မှ ငယ်သူငယ်ချင်းများအတွက် အမှတ်တရ)
E_Mk


***ဖော်မဲ့လွမ်းတေး***


ဖြစ်ပြီးရင်ပျက်
ပျက်ပြီးရင်ဖြစ်နေတဲ့ဘ၀မှာ
ဘာမှ ၀မ်းနည်းမနေပါနဲ့.....

တွေ့ပြီးရင်ခွဲခွာ
ခွဲခွာပြီး ပြန်တွေ့ရမဲ့ကံကြမ္မာရက်မျှော်ရင်း
သံသရာရာဝဲမှာ Looping ပတ်သလို အမွှေ့ခံနေရသမျှ
သောကနဲ့ မျက်ရည်ဆိုတာ
လောက ကပေးတဲ့ လက်ဆောင်ပါပဲ.....

ခွဲခွာခြင်းရဲ့နောက်
မေ့ပျောက်ခြင်းတွေတ၀ဲလည်လည်ရှိနေပေမယ့်
မင်းကိုမမေ့နိုင်သူ
ဒို့ကတော့.....
ထာဝရအိပ်စက်နေတဲ့ကြေကွဲလမ်းမပေါ်မှာ
တယောက်တည်းလွမ်းတေးညည်းရင်းပေါ့.................
(သားထွေး)


---ဝေးလွင့်အလွမ်း---


ဘ၀တက်လမ်း အရောက်လှမ်းဖို့
နှလုံးသားကို စွန့် အချစ်ကိုစတေးပြီး
မွေးရပ်မြေက ထွက်ခဲ့တယ်.....
သံယောဇဉ်အငွေ့ မပြယ်လွင့်သရွေ့တော့
ဘ၀ဆုံးတိုင်လွမ်းနေအုံးမှာပါ.........
တွေးမိတိုင်းလည်း မျက်ရည်ဝဲလို့
ရင်မှာဝမ်းနည်း သတိရမိတယ်......
မနက်ဖြန်များစွာအတွက်
အလွမ်းတွေပြိုကွဲသွားစေဖို့
ငါ့နှလုံးသားနဲ့ ပေါက်ခွဲပစ်လိုက်တယ်.....
အသစ်တဖန်ပြန်လည်မွေးဖွားဖို့
ပြုစုပျိုးထောင် ယုယစွာသိမ်းဆည်း
နှလုံးသားကိုသော့ခတ်ထားခဲ့တယ်.....
အလွမ်းညတွေ အသင်္ချေ
ကြယ်လေးတွေတစ်လုံးချင်းကြွေတော့
"ကြေကွဲနေ့ညတွေ" သီချင်းကို
ကြီးပြင်းရမဲ့နေ့တွေထဲမှာ
ဘယ်လောက်များညည်းရအုံးမှာလဲ..........
"ဂျစ်ပစီ"


တိတ်တခိုး(နီးနီးလေးနဲ့ဝေး)


အသည်းထောင့်ကြား
သိမ်းဆည်းထားသော
စကားတဆစ်
ချစ်ရသူကို
ဖွင့်ဟပြောရန်
ရည်ရွယ်သော်လည်း
ခြေနေမပေး
နေကွာဝေးမို့
တိတ်တိတ်လေးနဲ့
ဝေးဝေးကသာ
ချစ်နေခဲ့ရ
ကျွန်တော့်ဘ၀......

သားထွေး




သူ----သို့----တိတ်တခိုး


နေ့တစ်နေ့မှာ မင်းနဲ့တွေ့လို့
ရင်ခုန်စွဲလမ်းမိခဲ့တယ်..........

မင်းရဲ့အရိပ်တွေ စိုးမိုးထားလို့
အိပ်ပျက်ညတွေ များပြီကွယ်

စကားနှစ်လုံး မင်းတွက်သုံးလို့
"ချစ်တယ်" လို့လဲပြောချင်တယ်.......

ဥပက္ခောတရား လက်ကိုင်ထားလို့
မင်းလေးမုန်းမှာ ကိုယ်ကြောက်တယ်.......

အချစ်ဆုံးလေး မင်းမုန်းသွားရင်
ကိုယ်ရင်ကွဲပြီး သေလိမ့်မယ်............

ချစ်စကားကို မြိုသိပ်ရင်းနဲ့
ရင်မှာ သိမ်းထားလိုက်တော့မယ်............
သြကြီး






------အပြောင်းအလဲ------

တောက်ပကြည်လင်တဲ့ မျက်ဝန်းတစ်စုံကို
နှင်းစက်လေးတွေလို တပ်မက်ခဲ့တယ်.....


ဖူးရွနေတဲ့ မင်းရဲ့နှုတ်ခမ်းအစုံကို
နှင်းဆီတစ်ပွင့်လို နမ်းရှိုက်ခွင့်ရချင်ခဲ့တယ်....


ဒါပေမယ့်ကွယ်........
ကိုယ့်ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေက
ရေခဲတစ်တုံးလို အရည်ပျော်ရင်း
သတ္တိပြခဲ့တယ်........


ခုတော့လည်း.........
မင်းရဲ့မျက်ဝန်းလေးတွေက အက်စစ် စက်
မင်းရဲ့ နှုတ်ခမ်းလေးတွေက
အဆိပ်ခွက်လေးတွေလိုပါပဲလားကွယ်............
S.R.G(Group)




ကျောင်းသားဒုက္ခ

ကျောင်းတက်နောက်ကျ ထိပ်ဆုံးက
စာကျက်ရပျင်း တို့သူငယ်ချင်း
Teacher ကဆူ စိတ်ကပူ
အဆူရပ်က စိတ်အေးရ
စာသင်ချိန်မှာ တို့မရှိပါ
စက်ခန်းဝင်မှ Game ဆော့ကြ
စာဖြေတိုင်းမှာ မရပါ
ဟိုစွေဒီစောင်း ရှေ့နောက်ချောင်း
မရတဲ့အပုဒ် ဘာဂျာထုတ
ဟုတ်တိပတ်တိ တစ်ပုဒ်မှ မရှိ
ဟိုရှာဒီရှာ မတွေ့ပါ
ခေါင်းကိုမော့ကြည့် Teacher မိ
သို့ပေသော်လည်း အားကိုခဲ
စတေကာက ခွဲရခက်
အဲ့ဒီအခါမှာ စိတ်တွေပျက်
ဖြေတဲ့အခါလဲ တလွဲပါ
စပေါ့တွေလဲ လွဲဆဲပါ
နောက်တစ်ဘာသာအတွက်
အစီအစဉ်ဆွဲ
မိတ္တူဆိုင်ကို ပြေးမှာပဲ
ဒီလိုနဲ့ပဲ ကျောင်းတက်လာ
second year ကို တို့ရောက်လာ
ဒီနှစ်မှာတော့ အပျော်တွေလျှော့
မင်းတို့ကောင်းကောင်းနေကြတော့......
ချစ်ရင်ထူး



******နောင်တ******

oh! love

ဖြူစင်တဲ့ ငါ့နှလုံးသားမှာ
မင်းပေးတဲ့ နာကျင်မှုတွေနဲ့
မင်းကိုချစ်တဲ့ အချိန်တုန်းက
မင်းပေးတဲ့ အကြင်နာတွေ
နာကျင်မှုလို့မထင်ခဲ့
ခါးသီးတဲ့ အချစ်တွေကို
ချိုမြိန်တဲ့ အချစ်အထင်နဲ့
မြိုချမိခဲ့တဲ့ ငါ့မှာ
အခုတော့........
နောင်တတွေနဲ့ပါ........
စကားဖြူ



ဒါဏ်ရာသုံးလီ


ဟိုတစ်ခါ စာမေးပွဲမှာတုန်းက
မရေရာ စပေါ့ကိုးမိတာကြောင့်
မတိုးတဲ့မေးခွန်းလွှာ ခိုးခွင့်လည်းမသာတာမို့
ဒီအချီမတော့(တီချယ်ရေ........)
supple ကသုံးပွဲ........

ဟိုတစ်ခါ ဘိုင်ပြတ်တုန်းက
ချေးငှားထားတဲ့ အသပြာ
ပေါင်စရာလည်းကုန်ပြီမို့ မာမီ့ဆီလှမ်းမှာ
အိမ်ကလည်း မသထာတော့တာကြောင့်
ပို့မလောက်တဲ့ဒီမောင်မှာ
ညှောင်နာနာစိတ်ဆင်းရဲရတော့(မာမီရေ........)
ရွှေသွေးလေးကို ငွေပေးလှည့်ပါဦး..........

ဟိုတစ်ခါ မဒီကညာတစ်ပါးကို
အကြင်နာပွားမိတုန်းက
မေတ္တာစာ ပေးမယ်ကြံကာရှိသေး
ကြင်သူက လင်ယူသွာတော့
မအီသာဒီဖေမှာ ဆွေးလို့ပူရတယ်
(ဇရပ်အမရေ...........)
HEART ပျက်ပေါ့လေး..........
E_mk



ဖြေဆေး

မမျှော်လင့်ပဲ တွေ့ဆုံပေးခဲ့
မထင်မှတ်ပဲ ရက်စက်စွာခွဲခဲ့တဲ့
ကံကြမ္မာကိုပဲအပြစ်တင်ရမလား......?

မင်းရဲ့ အချစ်တွေဟာ
အပျိုတော်မထွက်ခင်
နှစ်ပါးသွားနဲ့ ဇာတ်သိမ်းခဲ့သတဲ့လား......?

'လ' ပေါင်း များစွာနဲ့
ရှင်သန်နေရမယ့် ကိုယ့်အဖြစ်
ခွဲခွာဖို့ဖြစ်ခဲ့ရင်
မင်းကိုချစ်ခဲ့တဲ့ ကိုယ့်အသည်းနှလုံးကို
မင်းရဲ့ ကိုင်းဖျားထိပ်မှာ
ချည်နှောင်ပေးခဲ့မှာပါ.....

မလွမ်းချင်ဘူး
စိတ်ကကူးလည်း
စိတ်ကူးထဲ၌ လွမ်းစရာအတိ
လွမ်းလွန်းလို့ လိမ့်လိမ့်လူးလဲလျောင်းနေရတဲ့
ကိုယ့်အဖြစ်ကို
ဖြေဆေးများရှိရင် အို ---------
ဒေ၀ါသကြား မ စပါ............
အပျိုကြီး



အဆုံးသတ်ချင်း

ရယူမှမဟုတ်ပါဘူး ပေးဆပ်နိုင်တာလည်း
အချစ်ပါပဲ..................
မတိုက်လိုက်ရပဲ စစ်ရှုံးခဲ့ပေမယ့်
ကျွန်တော်ဟာ သူရဲကောင်းတစ်ယောက်ပါ.......
အနာဂတ်ရဲ့ တစ်စိတ်တစ်ပိုင်းကိုတော့
အိပ်မက် မက်ချင်တယ်........
ဖြစ်နိုင်ရင်တော့လည်း
ဆန္ဒရဲ့ ဇာတ်ခုံပေါ်မှာ လက်တွဲပြီး ကခုန်ချင်တာပေါ့......
ကန့်လန့်ကာရဲ့ နောက်ကွယ်မှာတော့
တိတ်တိတ်လေးငိုနေတဲ့ လူပျက်တစ်ယောက်
နှလုံးသားရဲ့ ဈာပနကိုတောင်
ရွှေမင်းသမီးလေး မသိခဲ့ပါလား........
ဝေဒနာတွေနဲ့ပဲ မျက်နှာသစ်ခဲ့ရတဲ့ မနက်ချင်းတွေဟာငိုလို့
အမေကျွန်တော့်ကို စောစော မွေးခဲ့ရင်ကောင်းမယ်.....
ခင်မင်မှုလေးနဲ့ပဲ အဟာရဖြစ်ချင်ခဲ့တဲ့ နှလုံးသားပါ
ယခုတော့ ဆောင်းတွင်းတစ်ခုလုံး လောင်မြိုက်နေပြီး
ရှေ့ကိုက်တစ်ရာမှာ မီးနီပြနေတော့
ဘ၀ကိုဘယ်လိုမောင်းနှင်ရမလဲ..........
တော်ပါပြီလေ
မှတ်တိုင်ဟောင်းလေးမှာပဲ
ချစ်ခြင်းတွေကို သဂြိုလ် လိုက်တော့မယ်.........
ချစ်သူ



မြင်လှည့်ကြည့်ပါ


ချစ်သူ.....
အချိန်တိုင်းမှာ သတိရ
လွမ်းမိတဲ့နေ့များစွာ
အိပ်မရတဲ့ညတွေမှာ
ငိုမိခဲ့တဲ့ အချိန်များ
ပြင်မရတဲ့ ငါ့အမှား(စကား)အတွက်
ထပ်ခါထပ်ခါ တောင်းပန်ချင်မိ
မင်းကို သိပ်ချစ်တယ်ဆိုတာ
မင်းနဲ့ ဝေးမှသိရတဲ့ ငါ့အဖြစ်
(မင်းစာနာတတ်သူဆိုရင်)
မြင်လှည့်ကြည့်ပါ ချစ်သူရယ်.....
N.N



Love Program


#include
dear mylove()
{ Hello_Darling();
မထင်မှတ်ပဲမင်းနဲ့တွေ့
လောကကြီးတောင်မေ့ ;
ပြောခဲ့ကြတဲ့ ချစ်စကား
မကုန်နိုင်အောင်များ ;
တို့နှစ်ယောက်ရဲ့ချစ် looping
မဆုံးနိုင်အောင်ပင် ;
ခုကျတော့လည်း Condition မှား
မင်းကကိုယ့်ကိုထား ;
ဒီလောက်ကတော့ ရပါတယ်
ပါးပါးလေးပါကွယ် ;
မင်းကစပြီး လမ်းခွဲတော့
ကိုယ့်ဘက်ကလည်း Bye Bye ပေါ့ ;
Goodbye_Darling() ;
Return Love(1500);
<>



*******Version တစ်ခုအတွက်တမ်းချင်း*******

မင်းနဲ့ပတ်သတ်တဲ့ data တွေ
backup လုပ်ရလွန်းလို့
ကိုယ့်ရင်ထဲက Hard disk တောင်
ပြွတ်သိပ်နေပြီ.......

မင်းနဲ့တွေ့ရင် ပြောမဲ့စကားတွေ
တန်းစီစဉ်းစားရင်းနဲ့
ကိုယ့်ဦးနှောက်က CPU တောင်
ကြောင်ချင်လာပြီ........

မင်းနဲ့လည်းတွေ့ရော
backup လုပ်ထားတဲ့စကားတွေ
ရုတ်တရက်နဲ့ RAM ပေါ်တင်ဖို့ခက်တာ
ကိုယ့် memory များနည်းလို့လား.......

တကယ်ဆို ချစ်သူရေ
ကိုယ်လည်းမင်းကိုမှီအောင် update လုပ်တာပဲ
ဒါပေမယ့်.....
မင်းရဲ့ version ကမြင့်လွန်းတယ်
ကိုယ်လိုက်မမှီတော့ဘူးကွယ်.............
E_mk



***လွမ်းဆွတ်သတိရခြင်း***

နှလုံးသားဆိုတဲ့ စက္ကူဖြူဖြူပေါ်မှာ
မေတ္တာဆိုတဲ့ မှင်ပြာပြာလေးတွေနဲ့
မင်းကို သတိရကြောင်း
ရေးနေမိတယ်.....
မိုးစက်လေးတွေမြင်တိုင်း
မင်းကို သတိရနေမိတယ်........
Boldမင်းနဲ့ ဒို့နဲ့ ဆုံဆည်းခဲ့တဲ့
ပျော်စရာ နေ့ရက်တွေကို
ထိန်းချုပ်ထားလို့ ရမယ်ဆိုရင်
မကုန်ဆုံးနိုင်အောင် ထိန်းထားချင်တယ်
ဒို့ရင်ထဲမှာ ဒီလိုဆန္ဒတွေရှိပေမယ့်
မင်းရင်ထဲမှာတော့ ရှိချင်မှ ရှိမှာပေါ့.....
"မြတ်နိုးခင်"



အရည်တွေပျော်ကုန်ပြီ

ကိုယ်ဟာဖွင့်လှစ်ထားတဲ့
တံခါးလေးတစ်ချပ်ဖြစ်နေရင်
အလည်သဘောနဲ့ ၀င်ရောက်လှည့်ပါ......
အမုန်းကင်းစင်သော်လည်း
ပြာဖုံးနေတဲ့ ကိုယ့်အသည်းနှလုံးကို
ယပ်ခပ်ပေးပါလား ချစ်သူ........
ကျောက်ရုပ်မဟုတ်တဲ့ ကိုယ့် နှလုံးသားဟာ
ဝေ့လည်ကြောင်ပတ်
အပြောတွေအောက်မှာ
ယိုင်နဲ့လို့လာပါပြီကွာ....
တသွင်သွင် စီးဆင်းနေတဲ့ ကိုယ့်နှလုံးသားစမ်းချောင်းထဲကို
မင်းရဲ့လှေငယ်လေး
မျှောလိုက်ပါလားချစ်သူ
ဘာသာပြန်မရတဲ့ အချစ်ကို
မရှိတဲ့ငါဟာ ဒဏ်ရာများတဲ့
ကုန်သည်တစ်ယောက်တော့ မဖြစ်စေချင်ဘူး............
ဘ၀အမောတွေ ပြေစေမယ့်
မင်းရဲ့ ရင်ခွင်ထဲမှာ
ခဏတာလေးတော့
ခိုလုံခွင့်ပေးပါ..........ချစ်သူ.........
အပျိုကြီး



မျောလွင့်ဒဏ်ရာ

မွှေးပျံ့သင်းထုံ ရနံ့လှိုင်ဖို့
သူရိန်နေမင်း ကွယ်ပျောက်ချိန်ကို
မျှော်ကာစောင့်နေပေါ့........
လမင်းနံဘေး ကြယ်ခစားချိန်
မြေပြင်တခွင် သူ့ဝန်းကျင်၌
ကြိုင်လှိုင်မွှေးပျံ သူ့ရနံ့ဖြင့်
ဖိတ်ခေါ်ဆွဲဆောင် ဖြားယောင်းသော်လည်း
သူ့ထက်မာယာ များသူတွေက
ခူးဆွတ်ယူငင် သူ့ကိုခြွေပြီး
စွန့်ပစ်သွားတဲ့ ပန်းလေးဘဝ
လေနှင်ရာသို့ လွင့်မျောနေရင်း
ပန်းလေးတစ်ခက် နွမ်းခဲ့ရတဲ့အဖြစ်........
ဂျစ်ပစီ



ဒီဇင်ဘာတမ်းခြင်း

"မျှော်လင့်ခြင်း" ဆိုတာ
"အိပ်ရာမှ နိုးသော လူတစ်ယောက်ရဲ့အိမ်မက်"တဲ့
စိတ်ကူးပဲ ဆန်ဆန်
မင်းနဲ့ပတ်သတ်ရင်
မျှော်လင့်ခြင်းတွေ
ရင်မှာအပြည့်ပါ......
နေ့နဲ့ည (၂၄)နာရီ
လှည့်လည်လို့
တစ်ပတ်ပြည့်ရင်
မင်းအတွက်
ရည်ရွယ်ခဲ့တဲ့စက္ကန့်တိုင်း
ချစ်ဖို့ဖြစ်ခဲ့တယ်.......
အိပ်ယာထက်လူးလိမ့်
ရင်တွေတဒိတ်ဒိတ်နဲ့
စိတ်ကူးတွေလွင့်မျော
အအေးဒဏ်ကိုအံတုရင်း
မျက်လုံးတွေမှိတ်ထားပေမယ့်
ကိုယ့်နှလုံးသားမှာတော့
မင်းကိုပဲ သတိရနေတယ်......
မင်းရဲ့ကိုယ်ငွေ့လေးနဲ့
ဒို့ဘ၀ရဲ့နှလုံးသားအအေးဒဏ်ကို
ကူညီထွေးဖက်ထားလှည့်ပါ..........
မုန်းခက်




အိပ်မက်မဟုတ်ရပါစေသား

မြကျွန်းညိုညို သစ်ပုတ်အိုနှင့်
အင်းလျားကန်စောင်း ထိုင်ခုံဟောင်းမှာ
တစောင်းထိုင်ရင်း ဆွေးမြေ့ခြင်းဖြင့်
ချစ်ခင်ရသူ ကြင်နာသူအား
အနမ်းဖွဖွ ကမ်းလိုအားဖြင့်
ကြင်နာသူနား တိုးကပ်သွားစဉ်
ကြင်နာသူပါး ထိလုနီးတွင်
အနားခေါ်ခံ ကြားပြန်တာကြောင့်
လန့်နိုးမိသည် ဆန်းစစ်ကိုယ့်ကို
ညည်းတွားဆိုမိ ကံကြွေးရှိက
ဒီဘ၀နှင့်သာ ဆုံးပါစေတော့
ဆုံးစေတော့ဟု တောင်းဆုပြုဆို
ခုလိုအိမ်မက် ဒီထက်ဆက်၍
နောင်ရက်တွင်များ

သြော်---------(မ)မက်ပါရစေသား-------
Dynesty




လူတစ်ယောက်ရဲ့ဖြစ်စဉ်(ဆန္ဒ)တစ်ခု

ဟေ့
ဒီမှာမိန်းကလေး
မင်းနှလုံးသားကို
ဘ၀နဲ့ အချစ်ကြားမှားယွင်းခံလိုက်တော့မှာလား.....?
ငါဟာမင်းကို
ဟိုတစ်ခါတည်းက
အလဲထိုးခံပြီး
အစွဲအလန်း ကြီးခဲ့တဲ့ကောင်ပါ
ဒါကိုမင်းက
မယုံကြည်နိုင်သေးရင်တောင်
အမုန်းတရားကို
အရှုံသမားအတွက်မပေးခဲ့သင့်ဘူး
မင်းကိုမှ ငါ့နှလုံးသားက
ချစ်မိတော့လည်း
ဖြစ်ပျက်သမျှအားလုံးကို
ရင်ဆိုင်ဖို့အတွက်
ဆုံးဖြတ်ချက်ဟာမင်းအတွက်ပါပဲ
တဆစ်ဆစ်နာကျင်ရပေမဲ့ ဖြေသိပ်နေခဲ့ပါတယ်
အချစ်တစ်ခုအတွက်
မင်းရဲ့နှလုံးသားထဲမှာ
ငါဆိုတဲ့ လူတစ်ယောက်ကို
ယုံကြည်နိုင်ခဲ့မယ် ဆိုရင်
ငါ့ရဲ့ရင်ခွင်ဆီမှာ ထာဝရ
နားခိုလိုက်ပါတော့........
ဖြစ်နိုင်မယ်ဆိုရင်ပေါ့.......
ရင်ထဲက ဆန္ဒလေးတစ်ခုပါ
ချစ်သူရယ်...........
သူငယ်ချင်းတစ်ယောက်



အချစ်ရေစင်

မင်းလေးမျက်နှာ ရွှင်ပျပျကို
တစ်ခဏတာ တွေ့ရပေမယ့်
တဘ၀တာ မမေ့ပါဘူး
ရင်မှာ အချစ်ဆုံး မမုန်းမေ့နိုင်လို့
သက်ဆုံးထိတိုင် ချစ်မှာပါ....
တို့တစ်သက်တာ ချစ်ခဲ့တာ
မင်းတစ်ယောက်တည်းပါ......
တို့ရဲ့အသည်းကို
ဂယောက်ဂယက်နဲ့ မနှိပ်စက်ပါနဲ့.....
ရင်မှာခံစား ချစ်ဝေဒနာများကို
သနားသောအားဖြင့် အမုန်းမပွားလိုက်ပါနဲ့........
မခံစားနိုင်အောင်ဖြစ်ရလေသည့်
ရင်မှာဖြစ်ပေါ် သောကခေါ်သည့်
အပူမီးကို အချစ်ရေစင်များနှင့်
သွန်းလောင်းပေးပါ ချစ်သူရယ်.....
STYLE




အချစ် နဲ့ ငါ့အဖြစ်

ဘုမသိဘမသိနဲ့ ဘ၀ကိုစ
လူရယ်လို့ ဖြစ်လာတော့လဲ
ချစ်သူတစ်ယောက် တော့ဖြင့် ရှိချင်ချင်
သူငယ်ချင်းတွေကြား ပြောကြည့်တော့
ဒါဟာ လုပ်သင့်တယ်ထင်
ရှာပုံတော်ခရီးအစ ကျောင်းတော်ကပေါ့
မိုးမြင်လေမြင် ယာကွင်းပြင်မှာ
စာသင်လာရင်း မင်းကိုစတွေ့မိတယ်
ငပိနှပ်သလို Ferry စီးရင်းလဲ
ချစ်သူကို ခိုးကြည့်ခဲ့တယ်
ချစ်သူသိအောင် ရင်ဖွင့်ချင်ပေမယ့်
ဒီမောင်မှာရင်ကွဲ အလဲသိပ်ခံခဲ့ရတော့
တိုးတိုးလေးနဲ့ပဲ တိတ်တိတ်လေးပြောတော့မယ်
ငါ့ရင်ထဲမှာ မင်းကိုသိပ်ချစ်တာ
မင်းသိနိုင်မှာ မဟုတ်ပါဘူး
ပညာရှိထုံး နှလုံးမူလိုက်တော့
ကိုယ့်ကိုကိုယ် သဘောထားကြီးလိုက်တဲ့အတွက်
ကျေးဇူးဆိုတဲ့ စကားတခွန်းနဲ့ပဲ
နာနာကျင်ကျင် ဇာတ်သိမ်းလိုက်ရပြီလေ
ချစ်သူရယ်.............................
မင်းအတွက်ဆိုရင် ငါကျေနပ်ပါတယ်ကွယ်.........
CO2



မင်းအကြောင်း

မင်းမျက်နှာမှာ လိမ်းကျံထားသည့်
မာနတံခွန် ငါတကောကောစိတ်ဓာတ်များနှင့်
အမုန်းမီးတောက် မျက်လုံးများကို
မခံစားနိုင်အောင်ဖြစ်ရတယ်
ပြုစားရက်တယ် ငါ့နှလုံးသားကို
အချစ်ခွန်အား ကြီးထွားလာအောင်
လုပ်ရက်လေခြင်း........
ကြင်နာစကားကို လှောင်ကာသွားသည့်
မင်းလေးကိုလည်း အပြစ်မယူ
ဆက်လို့ချစ်မည်........
သို့လောသို့လော
စဉ်းစားမိသည် ချစ်သူဖြစ်သော်
ငါ့အားနိုင်စား နှိပ်စက်ပုံများ
မျက်စိမှာမြင် ရင်မှာခံစား
မတွေးမ၀ံ့ဖြစ်ရတယ်လေ..........
သြော်................................
မိန်းမဟူသည် မရှိမကောင်းရှိမကောင်းပါတကား............
STYLE





















Program အချစ်

မင်းနဲ့ချစ်ရတာ
Program တစ်ပုဒ်စဉ်းစားသလို
အတွေးများပြီး ဦးနှောက်စားတယ်
Begin နဲ့စတဲ့ အချစ်ကို
int နဲ့လား float နဲ့လား
ဘယ်လိုများ ကြေငြာရမလဲကွာ
မင်းရဲ့ အချစ် looping ထဲ
ဝင်ပြီး တော်တော် ထွက်ရခက်လို့
for loop အတွက်နဲ့
အချစ်ကို အပျော်လုပ်ပြီး မပတ်ချင်ဘူး
If နဲ့ else လို
မင်းရဲ့ အချစ်တွေ
မရေရာမှာကိုတော့ ကြောက်သား
တွေဝေ ငေးမော
end နဲ့ဆုံးသွားမှာတော့
မင်းမပြောလဲ သိသားပဲ
တကယ်အဖြေစစ်တော့
ဒို့ ချစ်ခဲ့တဲ့ အချစ်က
error တွေ တော်တော် တက်ခဲ့တယ်နော်။

ချစ်ရင်ထူး


နေ့စဉ်မရိုး ဒီအဖြစ်မျိုး


နံနက်မိုးသောက် အမှောင်ပျောက်တော့
မျက်လုံးဖွင့်ကြည့် (၇) နာရီအတိ
ဝုန်းဒိုင်းကောက်ထ သွားတိုက်ရ
ငါတို့မငြီး ကျောင်းကားစီး
ဘီးလိမ့်ထွက်ခွာ ခုနှစ်ခွဲမှာ
ပါးစပ်ပေါက်များ ဆောင်းပေါက်အလား
ကားသံများ ဆူညံသွား
ဖြူစင်စိတ်ထား ဒို့အမြဲထား
မွေးချင်းတွေအလား အများထင်မှား
သံလွင်တံတား လေညှင်းများ
တို့ကိုကျီစား ပုတ်ခတ်သွား
ကားကြီးဝိုက်ကာ ဖားကပ်ရွာ
တစ်မိုင်ဆက်မောင်း ကွန်ပျူတာကျောင်း
ကားကြီးဘရိတ်နင်း တိုတွေဆင်း
canteen ကိုသွား တို့တွေများ
အပူအအေး လိုတာမေး
ချဉ်ငံစပ်ပုံ အသုတ်စုံ
ဟင်းရည်ပျစ်ခဲ မုန့်တီတစ်ပွဲ
ရှစ်နာရီခွဲ စာသင်အမြဲ
မညီမညာလက်ပိုက် နှုတ်ဆက်လိုက်
ရှေ့မှာစာပြ teacher ခင်ဗျ
မဟုတ်တာလုပ် ကျောင်းသားအလုပ်
ဒီလိုစိတ်ထား တို့တွေမထား
စာသင်နေဟန် ဆရာမအသံ
ပွစိပွစိ တို့မသိ
နားလည်သလား တပည့်များ
ကွက်တိကွက်ကြား ခေါင်းညိတ်သွား
ဒါဆိုဆက်ရန် တစ်ရွက်လှန်
အဲ့ဒီအချိန်ရောက် တို့တွေပျောက်
နောက်ပေါက်ကပြေး တို့တွေမနှေး
Canteen ကိုရောက် Plain ကိုသောက်
Talkie တွေပွား တို့အဖွဲ့များ
အချိန်ကုန်သွား တစ်နေ့တာဇယား
လွယ်အိတ်တွေဆွဲ ၁၂ ခွဲ
အပြန်ခရီး တို့သီချင်းညည်း
ကိုယ်လက်မအီမသာ အိမ်ရောက်လာ
အခန်းထဲရောက် ငါ့မှာမှောက်
နေ့စဉ်မရိုး ဒီအဖြစ်မျိုး
ကြုံချင်လို့များ လာလည်မလား
ဖိတ်ခေါ်လိုက်တယ် မိတ်ဆွေရယ်...........
လူမင်း

ဒိုင်ယာရီမဟုတ်သောဒိုင်ယာရီ

တကယ်တော့
သူမကပန်းလေးတပွင့်မဟုတ်ပါဘူး
ဒါပေမယ့်
ပန်းပွင့်လေးတွေရဲ့အရှင်သခင်ဖြစ်တယ်..........
တကယ်တော့
သူမနှုတ်ခမ်းလေးက
ပွင့်ချပ်လေးတွေမဟုတ်ပါဘူး
ဒါပေမယ့်
နှင်းခနှင်းဆီလေးလို ရွှန်းလဲ့စိုလို့ရယ်..............
တကယ်တော့
သူမမျက်နှာလေးက
လတစင်းမဟုတ်ပါဘူး
ဒါပေမယ့်
မြင်သူတိုင်းကို အေးမြစေတယ်......................
တကယ်တော့
သူမဟာနေတစင်းမဟုတ်ဘူး
ဒါပေမယ့်
သူ့အမုန်းတွေက
ကျွန်တော့်နှလုံးသားကို
ပူလောင်စေခဲ့တယ်..................
သူငယ်ချင်းတစ်ယောက်


အချစ်ဆိုတဲ့အရာ

ဘာမဆို ရိုးရိုးကစ
ပထမတော့ရိုးရိုး နောက်တော့ တစ်မျိုး
ပထမတော့ ၅၂၈ ကစ
နောက်တော့ ၁၅၀၀ ကဆုံး
စုစုပေါင်းတော့ ၂၀၂၈
အဲ့ဒါ....အဲ့ဒါ....အချစ်ပေါ့....
တကယ်တော့
၉၉ ဆိုတာ ၁၀၀ မဟုတ်ဘူး
အဖြူဆိုတာ အမဲမဟုတ်ဘူး
ညိုညစ်မဲဆိုတာ ချိုချစ်သည်းမဟုတ်ဘူး
အမုန်းဟာ အချစ်မဟုတ်သလို
အချစ်ဟာ အမုန်းမဟုတ်ဘူး
ပန်းပေါင်းရောင်စုံ တက္ကသိုလ်
အဓိပတိလမ်းက ကြိုဆို
Canteen ထဲက ချစ်သူစုံတွဲ
လူလစ်ရင် သူတို့ခိုးနမ်း
ရှက်ပြုံးလေးနဲ့ကောင်မလေးရယ်
အားကျလိုက်တဲ့ သည်မြင်ကွင်း
ဖြစ်ချင်တိုင်းလဲ မဖြစ်ရတဲ့တို့ဘဝ
တို့အသဲနှလုံးကို ကျောင်းတော်ထဲမှာ
မြေမြှုပ်လိုက်တော့မယ် ကောင်လေးရယ်.....
သိုးဖြူမလေး


ဆန့်ကျင်ဘက်ချစ်သူနှစ်ဦး

နေ့မှာ လထွက်
ညမှာ နေထွက်
ပင်လယ်ကိုမော့ကြည့်
ကောင်းကင်ကို ငုံ့ကြည့်
ကြယ်တွေကို နေ့ကြည့်
တိမ်တွေကို ညကြည့်
မင်းရဲ့ အချစ်က ကြက်ဟင်းခါးသီး
တို့ရဲ့ အချစ်က သကြားသီး
ပေါင်းစပ်မရတဲ့ တို့ရဲ့ဘဝ
ဆန့်ကျင်ဘက်တွေ များလို့ ဒီကမ္ဘာမှာ
ဆုံဆည်းခွင့်မရှိခဲ့ရင်
နောက်ဘ၀မှာ ဆုံဆည်းချင်ပါတယ်
အချစ်ရယ်......................
ပန်းရနံ့


တို့များပြည်နယ်ပွဲတော်တို့

အဝေးကမျှော် ပေါ်လွင်ထင်ရှား
ထူးကဲသဏ္ဌန် သူ့အသွင်မှာ
မြင်ရသူတိုင်း ရောက်ချင်စမ်းသည့်
တို့များဌာနေ ဘားအံမြေ.......
နောက်ခံတောင်တန်း ပတ်လည်ဝိုင်းက
မိုးထိမြင့်မား မတ်စောက်ငြားလည်း
မမောမပန်း ရောက်အောင်လှမ်းမယ်
တို့တက်ရအောင် ဇွဲကပင်တောင်.......
ခုနှစ်တပေါင်း ရောက်လေတိုင်းမှာ
ပအိုဝ်မလေး နန်းဒေ၀ီက
ခင်သူတိုင်းကို ဖိတ်ခေါ်ပါသည်
လာပါသူ့ဆီ ကရင်ပြည်သို့.......
တစ်နှစ်တခါ ထူးခြားစွာဖြင့်
ရိုးရာမပျက် ဆင်နွှဲခဲ့သည်
တို့များပြည်နယ် ပွဲတော်ချိန်ဝယ်
ပျော်စေချင်တယ် သူငယ်ချင်းရယ်......
ဖြူစင်ရိုးသား သဘောထားနဲ့
အလည်တခေါက် အရောက်လာဖို့
ဖော်ရွေပျူငှာ ဖိတ်ခေါ်ပါတယ်
ဘားအံမြေက မျှော်နေမယ်......
ဒေ၀ီ


ချစ်မိတာအပြစ်ရှိလား...............မ

အစကတည်းက
တစ်နေ့ကျရင်.....လွမ်းရမယ်ဆိုတာ
ကြိုသိပါတယ်
ဒါပေမယ့်
သိတာတခြား.....ခံစားတာတခြား
သံယောဇဉ်နှလုံးသားကို...
ဘယ်သူတားလို့ရမလဲ.....
တစ်နေ့တခြား
တွေ့ပါများတော့ နှလုံးသားကယဉ်
သံယောဇဉ်ကငြိ အကြည့်ခြင်းသိ
အသိချြင်းညှိ..ဒီလိုနဲ့
ကြာတော့ချစ်မိ....
ချစ်မိလို့
အပြစ်ရှိတယ်ဆို၇င်...
သံယောဇဉ်နှလုံးသားရဲ့
မှားမိတဲ့ဒဏ်
တစ်သက်တာခံရော့...
အာဒံနဲကဧဝ
စတဲ့ခရီးလမ်း....
နမ်းလို့မ၀ ချစ်မ၀ခင်မှာ
လမ်းခွဲကြမ္မာ
ကံဇာတာရယ်.....
အညှာတာကင်းလှချည်လား.......
သိသိနဲ့ပဲ
မျက်ရည်ဝဲလျက်
ပင့်သက်ရှိုက်ရင်း
ခွဲခွာခြင်းဆိုတာ ကွဲကွာခြင်းမဟုတ်
နှုတ်မဆက်မေတ္တာ
ဝေဒနာမဲ့နိဂုံး...ခွင့်လွှတ်ပြုံးနဲ့
လွမ်းရအောင်
ဇေထူး


မျော်လင့်ပါရစေ

ဒီကမ္ဘာမှာ၊ကျွန်တော်နှစ်သက်ရာ
ကျွန်တော်တပ်မက်ရာ
မေ့မရခြင်းကောင်းကင်
သံယောဇဉ်တောင်တန်းတွေနဲ့
မင်းရဲ့မေတ္တာပန်းတပွင့်
ကျွန်တော်မျှော်လင့်ပါရစေ..........
သားထွေး


စိတ်ကူးယဉ်အချစ်

ချစ်သူပန်ဖို့ ပန်းတစ်ပွင့်ဖြစ်
ကိုယ်ရောက်လာခဲ့ ပြုံးရွှင်မျက်နှာ
ချိုမြိန်အနမ်း ပန်းပွင့်မှာထင်
ချစ်သူရယ်...
ပန်းပွင့်များသာဖြစ်ပါတော့
ချစ်သူများနေ့
ချစ်သက်လက်ဆောင် valentine ကဒ်
Present ပေးတော့ ချစ်သူအနမ်း
ကဒ်လေးမှာထင် နှုတ်ခမ်းရာလေး
စွဲကျန်ရစ်သည် ချစ်သူရယ်...
valentine ကဒ်လေးသာဖြစ်ပါတော့
ချစ်သက်တမ်းတွေ ရှည်ကြာလာတော့
ဘ၀သစ်စရန် ကိုယ်ရည်ရွယ်လည်း
အတွေး၌သာ ပျော်ခဲ့ရတယ် ချစ်သူကတော့စိမ်းလေပြီး......
ဒါပေမယ့်လေ ဇွဲကိုလက်ကိုင်
လုံးလထုတ်လို့ ဒုတိယအဖန်ကြိုးစားပြန်တော့
ဘ၀သစ်စရင် အချစ်ဟာဒုတိယနေရာမှာပါတဲ့
သြော်...ဘဒိုင်းသီးစားပြီး 24နာရီရူးသွပ်လိုက်ချင်ရဲ့
တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေရဆိုတဲ့စကားလုံးကို
ဘယ်သုဿာန်မှာ သွားမြှုပ်လိုက်ပြီလဲ
ဂုဏ်ဓနအတွက် အိမ်ထောင်ပြုခြင်းဟာ ပြည့်တန်ဆာ
အကြီးစားနဲ့တူတူပဲဆိုတဲ့ ပညာရှိစကားကို သူမှ သိပဲကို.......
မောင်ပိန်


ချစ်သူလေးအကြောင်း

ချစ်သူလေးရေ....
မချစ်တတ်ခဲ့တဲ့ ငါ့နှလုံးသားဟာ
မင်းနဲ့တွေ့မှ နိုးထလာခဲ့တယ်....
ချစ်သူလေးရေ....
ချစ်မိတော့ ငါ့ရင်ထဲမှာ
မင်းလေးဟာ အမြဲတမ်းစိုးမိုးနေတယ်....
ချစ်သူလေးရေ....
ကိုယ်မြင်တဲ့အချိန်မှာ မင်းမျက်နှာလေးဟာ
ကမ္ဘာပေါ်မှာ အလှဆုံးလို့မြင်မိတယ်....
ချစ်သူလေးရေ....
လမ်းလျောက်ရင်းနဲ့ လွှဲတဲ့လက်သွယ်သွယ်လေးဟာ
နာရီလက်တံလေးလို ဟန်ချက်ညီပြီးလှနေတယ်ကွာ...
ချစ်သူလေးရေ....
မင်းပြုံးတဲ့အပြုံးကတော့
မိုနာလီဇာ မှီလိမ့်မယ်မထင်ဘူးကွာ....
ချစ်သူလေးရေ
မင်းပြောလိုက်တဲ့စကားသံလေးဟာ
ညင်သာလွန်းလို့ ဥသြဌက်တွေတောင်မှီလိမ့်မယ် မထင်ဘူး...
ချစ်သူလေးရေ....
မင်းရဲ့အနားမှာ
တို့အမြဲတမ်း မင်းရဲ့အရိပ်လေးလိုဖြစ်နေချင်တယ်....
ချစ်သူလေးရေ....
မင်းကြောင့်ငါဟာ
အချစ်ဆိပ်တက်ပြီး ရူးသွပ်နေပြီကွာ.....
ချစ်သူလေးရေ.....
ရှေ့ဆက်မယ့် အနာဂတ်ခရီးတွေမှာ
ခက်ခဲကြမ်းတမ်းတဲ့ ခရီးတွေရှိရင် ကိုယ့်ရဲ့လက်ကိုတွဲပြီး
တလှမ်းခြင်း ရှေ့ဆက်သွားနိုင်ပါတယ်
ချစ်သူလေးရာ......
HERO LOVER


ရင်ထဲကသစ္စာ

ဂျပန်ပြည်က မိုမိုကွမ်းလို
လှပလွန်းပြီ
ဖူဂျီတောင်လို
ထင်ရှားလှတဲ့
ဇွဲကပင်မြေ....
ဘားအံမြေမှ
ကရင်မလေးကိုသာ
ထာဝစဉ်မှ ထာဝရသာ....
ချစ်သွားမယ်လို့
သံလွင်မြစ်ကို သက်သေပြုရင်း
ဖားနဂါးကို ကတိပြုလျှက်
မင်းကိုသိပ်မြတ်နိုးတဲ့
ကိုယ့်နှလုံးသားထဲက
သစ္စာအဘိဓာန်ပဲ့တင်သံလေးတွေပါ
ကရင်မလေးရယ်....
NN NN

အလွမ်းဒဏ်ရာ

သံယောဇဉ် ကြိုးကလေး
သွယ်တန်းယှက်နွယ် တွယ်ခါနီးမှ
ဒို့ကို ခွဲလို့ ရက်စက်တယ်....
မင်းမရှိတဲ့အချိန်မှာ
ငါဟာတိတ်တဆိတ်လွမ်းမောခြင်း
များစွာနဲ့ ဆက်ပြီးတမ်းတနေအုံးမယ်
ကလေးရယ်.....
အရာထင်ကျန်ခဲ့တဲ့
သံယောဇဉ် ကြိုးကလေးကို
နာကျင်တမ်းတစွာ မပယ်ဖျက်ပဲ
မမြင်သေးတဲ့ အနာဂတ်တွေ အတွက်
မင်းနဲ့ဆုံဆည်းခဲ့သမျှ
ကြည်နူးစရာအဖြစ်တွေကို
ငါ့နှလုံးသားရဲ့ မမြင်နိုင်တဲ့
အနက်ရှိုင်းဆုံး တစ်နေရာမှာ
ထာဝစဉ်သာ သော့ခတ်လို့
သိမ်းဆည်းထားလိုက်ပြီ
ကလေးရယ်......
NN


မျှော်လင့်ခြင်း

လက်ရေးခပ်သော့သော့နဲ့
ဖြစ်ကတတ်ဆန်းတောင်
စာကြောင်းလေး ငါးကြောင်းလောက်
မရေးနိုင်တဲ့ငါ့ဘဝ
အခုလက်ရှိဘ၀မှာ
အဲ့ဒီ အချစ်ရိပ်ကို
သိပ်သည်းဆ များများနဲ့
ပေးဆပ်ချင်တဲ့ငါ့ဘဝ
ငါ့အချစ်က ဘယ်တော့မှ
Dilute ဖြစ်မသွားဘူး
ငါ့ရင်ထဲက ချစ်တဲ့အကြောင်းကို
ိပေါ်လွင်အောင်ပြောဖို့ ဒီကမ္ဘာမှာ
စကားလုံး ရှာလို့မတွေ့ဘူး
အချစ်ဆိုတာ အနာဂတ်လိုပဲ
ိစိတ်ကူးနဲ့တည်ဆောက်ရတာပါ
ငါ့ရဲ့အချစ်အတွက် မင်းရဲ့
ခေါင်းညိတ်ခေါင်းခါကို
ရင်ခုန်မှုကြီးစွာနဲ့ပဲ
စောင့်စားနေပါတယ်.....
ပီတာ


မြားနတ်မောင်သို့တမ်းခြင်း

မီးခြစ်ကျောက်ကို
လက်သည်းနဲ့ပွင့်ထွက်လောက်အောင်တောက်
မီးတောက်ကို ခါးကလိမ်ချိုး
စီးကရက်သောက်ရင်း ချောင်းဆိုးဖူးတယ်.....
ငါ့ဘ၀ဖြစ်စဉ်ကို
ပြန်စဉ်းစားကြည့်ရင်
သူတို့ဆိုသွားတဲ့သီချင်းကိုပဲ
ပြန်ညည်းနေမိတယ်....
ဘယ်ဆီမှန်းမသိတဲ့
အချစ်ကို တမ်းတ
သေဆုံးနေတဲ့နှလုံးသားက
တစ်ကြိမ်တစ်ခါလောက်တော့ နိုးထချင်ပြီပေါ့...
ကဲ....မြားနတ်မောင်ရေ
အပိုင်းပိုင်းအတစ်တစ်
သက္ကရာဇ် မပြိုကွဲခင်
ငါ့ချစ်သူရဲ့နှလုံးသားကို
ပစ်ခွင်းလိုက်ပါအုံး.........
CAFE



ကလေးမလေးရဲ့ တောင်တန်း

ဒီလူ ရင်ဘတ်ထဲမှာ
ကလေးမလေးရဲ့ တောင်တန်းတွေရှိတယ်...
ဟိုဘက်လည်းမမြင်ရ
ဒီဘက်မှာတော့
ချစ်ခြင်းရဲ့လွင်ပြင်ကျယ်....အဲ့ဒီမှာ
အလွမ်းရာသီအလယ် စိုက်ပျိုးထားတဲ့ ပန်းပျိုနုတွေ
တဖြိုင်းဖြိုင်း ချိုးငင်သီကုံးပန်ဆင်လှည့်ပါ
ကလေးမလေးရဲ့ တောင်တန်းပေါ်မှာ
နေခြည်တွေ ဖိတ်စင်လာရင်
လွင်ပြင်ဟာ အစကအဆုံး
အပြုံးပန်းတွေ မဖူးဘဲ ပွင့်စေပါတယ်....
ကလေးမလေးရဲ့တောင်တန်းဟာ
မီးတောင်မဟုတ်ဘူး
ကလေးမလေးရဲ့ တောင်တန်းဟာ
ရေခဲတောင်လဲ မဟုတ်ဘူး
ကလေးမလေးရဲ့တောင်တန်းဟာ
ပြတ်ရွေ့တောင်တန်း
ရင်ဘတ်ထဲက အချစ်တွေ
ပြည့်သိပ်တွန်းတိုက် ပြတ်ရှရာကဖြစ်တဲ့
ကိုယ့်ရင်ထဲက ပြတ်ရွေ့.........
နွေ


အမုန်းလွန်ဥတု

အချိန်အခါမဟုတ်
ရွာသွန်းတဲ့အချစ်တွေ
ငါ့တကိုယ်လုံး ရွဲရွဲစိုနေရဲ့....
ဘာတစ်ခုခု အတွက်ကြောင့်နဲ့မှ
ငါ့အချစ်တွေ စဲလိမ့်မယ်လို့
မထင်ချင်ပါနဲ့လေ....
ငါ့စိတ်ရဲ့တစ်ခုလုံး မကကို
မင်းရစ်ပတ်နှိပ်စက် စွက်ဖက်နေတဲ့တာ
ထာဝရဆိုတဲ့ အတိုင်းအတာထက်ပိုခဲ့တယ်....
ဘေးစကားဆိုတဲ့အတိုင်း
ဘေးမှာထားခဲ့ပါ
မုတ်သုန်မျက်ဝန်းတွေ မရွာပါနဲ့..
မင်းနဲ့ပတ်သတ်ရင်ငါဟာ
အမြဲတမ်းမဟုတ်တောင်
ထာဝစဉ် ဖြူစင်ချင်တဲ့ကောင်
ဆိုတော့.....
အချစ်ရဲ့ပွင့်လင်းရာသီထဲ
ငါရပ်နေဆဲမှာ
ဖွံ့ဖြိုးဆဲအချစ်ပင်အတွက်
နေ့ရက်များကို ပေါင်းသင်ရင်း
ထာဝရကိန္နရီ အိမ်မက်ကို မက်ချင်တယ်.....
နေ


ကမ္ဘာမြေဆုံးတိုင်ချစ်မဲ့သူ

ချစ်သောစိတ်တွေ ယိုဖိတ်ကာနေလဲ
ပြော၍လေ ဝေဒနာဖြစ်လေတော့
သိမ်းထားမယ်ဒို့ရင်ထဲမှာ အစဉ်အမြဲ
ချစ်ရသူဒို့မှာတော့
အပူရုပ်ကို ဟန်လုပ်ကာ
ဟန်ဆောင်ကာ အပြုံးတွေ ဆင့်သော်လည်း
ရင်ထဲမှာက မချမ်းမြေ့၍
စိတ်ညစ်တယ်ကွယ်
သိပ်ချစ်တယ်ဆိုမလား...
သိပ်ချစ်လို့ပြောပါတယ်
ဟန်ဆောင်သူမင်းက
ဒို့စကားကို
ဂရုပင်မစိုက်လှည့်သွားရက်တယ်...
မကြင်နာရက်တာလား
တမင်ရွဲ့တာလား
ရင်နာအောင်တော့ မလုပ်လိုက်ပါနဲ့
အကြင်နာတွေ ပြန်ရ၍
ကမ္ဘာမြေဆုံးတိုင်ချစ်မဲ့သူပါ.....


သိချင်တယ်

အချစ်ဆိုတာ
မျက်စိမပါဘူးတဲ့
အရှေ့ကို သွားမလား
အနောက်ကို သွားမလား
တောင်ဘက်ကို လားမလား
မြောက်ဘက်ကို လားမလာ
ကစားမလား နားမလား
သူငယ်တန်း ဖတ်စာထဲကလို
မကစားဘဲ
နားတဲ့အခါ ငါ့ဆီလာပါ
ရင်တွေ အရမ်းခုန်မလား
ကျောက်ဆစ်ရုပ်လိုနေမလား
အရမ်းသိချင်တယ်....
အချစ်ဆိုတဲ့ ဒဿန
တွက်ပြလို့ရမလား
GCC ကျောင်းမဟာက
တယောက်ကစ တစ်ရာ
ကွန်ပျူတာ VIRUS က
နှောင့်ယှက်အုံးမှာ..
ဒီတော့ကာ
ငါအတွက အချစ်ဆိုတာဘာလဲ
သိချင်တယ်.....
ဦးတက်


ကူညီပေးပါ

ကာရံမဲ့တဲ့ တို့ဘ၀မှာ
စွန်းထင်ခဲ့တာ ဘ၀တစ်သက်တာ
ပုံရိပ်များဟာ မင်းပဲကွာ
အရိပ်လိုနေချင် မင်းအနားမှာ
နေခွင့်ပေးပါ ချစ်သူရာ
ဆုံဆည်းခွင့်လေး ဝေးမသွားချင်ပါ
တောင်းတခဲ့တာ တို့ဘ၀မှာ
မျက်စိမှိတ်တိုင်း မင်းအရိပ်သာ
ထင်ဟက်နေတာ ဖျောက်မရပါ
ကူညီပေးပါ ချစ်သူရာ
I LOVE YOU ဆိုတာ
မင်းအတွက်ပါ........
HERO LOVER



ချစ်သူနှစ်ဦးတူညီဆန္ဒ

လသာသော ညတစ်ည
လမင်းကြီးကို ကိုယ်တို့နှစ်ယောက်ရဲ့
အချစ်မှတ်စု အနမ်းဦးကို
ပြုံးပြီး စိုက်ကြည့်တယ်......
တူညီစွာနဲက အေးမြတဲ့အလင်းရောင်အောက်မှာ
ကိုယ်တို့နှစ်ယောက်
လမင်းကြီးကိုဖိတ်ခေါ်လိုက်တယ်
သစ်ပင်အောက်ရဲ့ ခုံတန်းလေးမှာ
ကိုယ်တို့ နှစ်ယောက် ထိုင်မိကြတယ်
တစ်ယောက်ကို တစ်ယောက်ထွေးဖက်လို့
ရင်ခုန်သံချင်းဖလှယ်နေချိန်
ကိုယ်တို့နှစ်ယောက်ကြားဖြတ်သွားတဲ့
လေပြေ နွေးနွေးကို
တူညီစွာနဲက တားဆီးလိုက်တယ်
ကိုယ်တို့နှစ်ယောက်အား
ခွဲပစ်တော့မယ့် နေမင်းကြီးရဲ့
အမုန်းဆုံး အန္တာရာယ်ကို
ကိုယ်တို့ ချစ်သူနှစ်ယောက်တူညီစွာပဲ
အချစ်လက်နက်အသစ်စက်စက်နဲ့
တိုက်ခိုက်ဖယ်ရှားလိုက်စေတယ်......
ပိုပိုပြည့်လျှံ


အမှောင်မျက်ဝန်းထဲက မျက်ရည်စများ

ကောင်လေးရေ...............
ဝေဒနာတွေကပဲ ဒို့ကို
ဘောင်ဘင်ခတ်စေတော့တာပေါ့
သိပ်လှတဲ့နေ၀င်ချိန်နဲ့နိဒါန်းပျိုးခဲ့တဲ့
ဆည်းဆာ ကောင်းကင်ကို
ရှစ်မျက်နှာ ပတ်ဝိုင်းလို့ သိမ်းတော့မယ်.........
ဒို့မျက်ဝန်းထဲက မင်းပုံရိပ်က
မှုန်ရီပြမှိုင်း ကိုယ်ရောင်ဖျောက်တော့မယ်.......
ဒို့မခေါ်ခဲ့ပေမယ့် လင်းလက်ခဲ့သူ
ပြန်မယ်ဆို တားခွင့်ရှိပါ့လား
ဝေဒနာတောထဲ ဒဏ်ရာတွေနဲ့ကျန်နေခဲ့တော့
မင်းသိပါစေ.....ကောင်းလေးရေ
ဒို့မျက်ဝန်းထဲမှာသာ
မျက်ရည်တွေ ခြေရာထင်ကျန်နေခဲ့လို့..........
နှင်းဆီငုံ


မာယာ

နင့်လိုကောင်စား ထမီကြားတောင်
ညှပ်မထားချင် ထပ်မပြောနဲ့
လက်ရောလာမယ်
နင့်လိုကောင်စား အူကြောင်ကြားက
ငါ့ကိုများ သိပ်ချစ်ရအောင်
တူသလား တန်သလား
သွား.......သွား.......သွာ......
ကျွန်နဲ့သူကောင်း
အတူပေါင်းတော့ သူကောင်းကျွန်စော်နံ
နောက်လှည့်ပြီးတော့ပြန်
စိတ်ကိုလျှော့ချ
ခြေထောက်ကိုနောက်ဆုတ်
ပြန်မယ်လုပ်တော့
လည်ကုတ်ဆွဲကာ မသွားပါရန်
တားတဲ့ခင်ရယ်
နားလည်ဖို့ရန်ခက်လှတယ်.........
JOKER


ချစ်တယ်

အနီရောင်အလှကို
ပူပြင်းတောက်လောင်မှုလို့
ယူဆခဲ့တဲ့ပုံသေနည်းတွေ
ပြောင်းလဲလိုက်ချင်တယ်.....
မင်းမျက်ဝန်းလှုပ်ခတ်ရုံနဲ့
ပန်းပွင့်တွေတဖျက်ဖျက်လှုပ်ခတ်
ကိုယ်.....သတိမထားမိခဲ့
ချစ်ခြင်းရဲ့အထ္တုပတ္တိထဲမှာ
တဖြည့်းဖြည်းလောင်ကျွမ်းလို့
ချစ်တယ်.......
ကောင်းကင်က အပြုံးတွေ
မင်းမှာဆင်မြန်းပေးချင်တယ်
အလှနဲ့လိုက်ဖက်မယ့်
မင်းနှုတ်ခမ်းလေးက ပွင့်အန်ထွက်လာမယ့်
ချစ်ခြင်းထဲမှာ
ငါလွင့်မျောနေချင်တယ်.....ကလေးရယ်
အနီရောင်ပန်းလေးကို
ကိုယ်.....လက်ဆောင်ပေးတဲ့
ပြက္ခဒိန်ထဲကတစ်ရက်ရက်မှာ
ကိုယ်တို့ချစ်သူဖြစ်ရအောင်......
သြကြီး



Cafe တစ်ခွက်

ကော်ဖီတစ်ခွက်ကိုလက်မှာကိုင်ရင်း
အချစ်ဆိုတာ ခါးသက်ခြင်းပဲလို့
တွေးမိချိန်မှာ
ငါဟာ......ပြိုကွဲသွားတဲ့သက္ကရာဇ်
အပိုင်းအစလေးတွေကို
ပြန်လည်တူးဖေါ်ကြည့်မိတယ်.....
ငါ့ရဲ့မှတ်ဥာဏ်ထဲမှာ
ဗလာနယ်တွေ
အထပ်လိုက်ရှိနေခဲ့တယ်
မျက်လုံးတွေထဲမှာတော့
အမှောင်တွေက
ဖုံးလွှမ်းနေခဲ့တယ်
သြော်....ငါဟာအခုထိ
ဘလက်ကော်ဖီတစ်ခွက်ကို
မသောက်ရသေးပါလား.............
CAFE


အချစ်ဂျစ်ပစီ

ပတ္တမြားရောင်ဖြာဆင်းနေတဲ့
နေမင်းရဲ့အလင်းရောင်အောက်
ငါတစ်ယောက်တည်း
လမ်းလျှောက်ခဲ့စဉ်ကပေါ့........
ရုပ်ရှင်ပြကွက်တစ်ခုလို
မင်းကိုမြင်တွေ့ခွင့်ရလိုက်ပါတယ် ချစ်သူရယ်........
ဒါပေမယ့် မင်းလေးရဲ့ဘေးမှာ
မျော်လင့်ခြင်းတွေအလုံးအရင်းနဲ့
သူရဲကောင်းတစ်ယောက်ရဲ့စိတ်ထားကို
ငါထားရှိခဲ့ပေမယ့်....
ငါ့ရင်ထဲမှာတော့
အာမေဌိတ်တွေ ဆို့နင့်ပေါက်ကွဲနေတယ်
ညဥ့်နက်စီးဆင်းမှုတွေ
ဆွတ်ပျံလွင့်ကျဲနေတဲ့ နေရာမှာပဲ
ငါဟာ ဂျစ်ပစီတစ်ယောက်လို
လျှောက်သွားရင်းဝမ်းနည်းမှုတွေကို
တရှိုက်မက်မက် ငိုကြွေးနေမိတယ် ချစ်သူရယ်......
ငါ့ရဲ့မျော်လင့်ခြင်းသက်တမ်းက
ကုန်ဆုံးသွားခဲ့ပြီလား..................
CAFE


သူငယ်ချင်း

လပေါင်းများစွာ ယှဉ်တွဲပျော်ရွှင်
နေထိုင်ခဲ့ကြ သူငယ်ချင်းဘဝ
နေ့ရက်တွေဟောင်း လတွေနှောင်းတော့
Computer First Year
စာမေးပွဲကြီး ပြီးဆုံးသောခါ
ကိုယ်စီကိုယ်စီ အိမ်ပြန်တော့မည်
မြေခကြွေကျ ဖြေသိမ့်ရတယ်
ဟိုတချိန်က ပျော်ရွှင်ခဲ့တဲ့
ဒို့အတိတ်ကို ပြန်လည်မြင်ယောင်
လွမ်းဆွတ်တမ်းတ သတိရရင်း
လာမယ့်နှစ်ကို စောင့်လို့ကြိုမယ်သူငယ်ချင်း........
ရိုးသားဖြူစင်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အချစ်ဟာသစ္စာမရှိတဲ့ ချစ်သူတစ်ယောက်ရဲ့အချစ်ထက်ပိုပြီးတန်ဖိုးရှိ ခိုင်မာပါတယ် သူငယ်ချင်း...........
သားထွေး


အချစ်နဲ့ကွန်ပျူတာ အစိတ်အပိုင်း

ကောင်မလေးရေ
ကိုယ့်အသည်းနှလုံးကို Mouse လေးတစ်ခုလို
မင်းလိုရာစေစားနိုင်ပါတယ်
ကောင်မလေးရယ်
ကိုယ့်ရင်ထဲက ချစ်စကားနှလုံးသား
Keyboard နဲ့ကိုယ့်အချစ်တွေမင်းသိအောင်
ဘယ်လိုလုပ်ပြီးရိုက်ရမလဲဟင်
ကောင်မလေးရေ
ကိုယ့်ချစ်စကားတွေကို save as နဲ့များ
မင်းရင်ထဲက file ထဲမှာ
သိမ်းထားပေးပါလားကွယ်
မင်း Memory တွေ မဟောင်းသေးသရွေ့
ကိုယ့်အချစ်တွေကို ဘယ်တော့မှ
ဟောင်းပြီးမမေ့သွားနဲ့နော်
ချစ်စကားတွေများလွန်းလို့
Delete နဲ့များ မင်းဖျက်လိုက်မှာကိုတော့
ရင်ထဲမှာ စိုးရိမ်စိတ်များနေတယ်
ကောင်မလေးရေ
ကိုယ့်နှလုံးသား screen တွေအရမ်းရှုပ်နေလို့
နည်းနည်းလောက်ပြန်ချစ်ဖို့ကြိုးစားပေးပါလားကွာ..........
ချစ်ရင်ထူး

စိတ်ကိုအနိုင်ယူမလား ဘဝကိုအရှုံးပေးမလား….?
လူတိုင်းလူတိုင်းဟာ တစ်ချိန်ချိန်မှာ Depression ဝင်တတ်ကြပါတယ်။ Depression = အလွန်အမင်းဝမ်းနည်းခြင်း၊ ကြာရှည်စွာ စီးပွားရေးပျက်ပြားခြင်း ။ အဘိဓာန် တစ်ခုမှာတော့ ဒီလိုဘာသာပြန်ထားပါတယ်။ depression ကို လူတိုင်းသိကြပါတယ်၊ တချို.လဲမသိကြဘူးပေါ့။ ကျွန်မ သိတဲ့ Depression ကတော့ စိတ်ဖိစီးမှု တစ်ခုကြောင့် ရရှိ လိုက်တဲ့ စိတ်ဓာတ်ကျရောဂါတစ်မျိုးပါ။ အသက် ငယ်သူဖြစ်စေ၊ ကြီးသူဖြစ်စေ အကြောင်းအရင်း အမျိုးမျိုးကြောင့် depression ဝင်နေတတ်ကျပါတယ်။ အချစ်ကြောင့် ၊ စီးပွားရေးကြောင့် ၊ မိသားစုကြောင့် အခြားသော အကြောင်းပြချက် မျိုးစုံနဲ့ပေါ့။တစ်ချို.ကလဲထိန်းချုပ်တတ်တယ်၊တစ်ချို.ကလဲအဲ့စိတ်နဲ့ပဲ ဘဝကိုအရှုံး ပေးထားတတ်ကြပါတယ်၊တချို့ကလဲ ကိုယ့်ကိုကိုယ် ထိန်းချုပ်ချင်ပါရဲ. ဒါပေမဲ့ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ မသိကြဘူး။

ကဲ ကျွန်မတို. Depression အကြောင်းကို နဲနဲ လောက်လေ့လာကြည်ရအောင်။
Depression ဆိုတာ သူ.ရဲ. အကျိုးသက်ရောက်မှုကို သိရင် နားလည်လွယ်တဲ့ စိတ်ခံစားချက်တစ်ခု ပါပဲ။ Depression ကို နားလည်အောင်၊သိမြင်လာအောင် လုပ်တဲ့ အကောင်းဆုံးနည်းကတော့ ကိုယ့်စိတ်ကိုပြောင်းလဲခြင်းပါပဲ။ သင့်ခံစားချက်များကို ပြောင်းလဲလိုက်ပါ။ သင်ဟာ ငိုစရာမဟုတ်ပဲနဲ့ ငိုချင်ငိုနေလိမ့်မယ်၊ ဝမ်းနည်းနေလိမ့်မယ်၊ အရမ်းကို အထီးကျန်နေတယ်လို့ ခံစားနေရလိမ့်မယ့်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်း၊ ပတ်ဝန်းကျင်အား လေ့လာခြင်းများ အရင်ထက် ရော့နည်းကောင်းရော့နည်းလာလိမ့်မယ်။
သင့်ရဲ. လိုအပ်ချက်များ၊အမှားများကို သင်ဟာ ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း၊ စိတ်မလုံခြင်းများ ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ တစ်ခါတစ်ရံမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နက်နေခြင်း၊့ သင့်ဘဝမှာဘာမှမရှိတော့ဘူးဟူသောအတွေး များဟာ သင့်ရဲ့မှားယွင်းနေတဲ့ စိတ်တွေကို ပျော်ရွှင်စေတတ်ပါတယ်။ တစ်ခါတစ်ရံ ကျပြန်တော့လဲ အင်အားများ၊ပျော်ရွှင်မှုများ အပြည့်နဲ့ စိတ်အရမ်းလှုပ်ရှားခြင်းမျိုးဖြစ်တတ်ပါတယ် ။ ဒါဟာ တကယ်တော့ သင့်ရဲ့ဝမ်းနည်းနေတဲ့ စိတ်ခံစားချက်ရဲ့ အမှတ်အသားလေးတစ်ခုပါပဲ။ အဓိက ကတော့ သင့်စိတ်ကြောင့်ပေါ့။ သင့်ကို သင် ၊ သင့်ဘဝ ၊သင့် အနာဂတ်ကို တွေးတဲ့အတွေး တွေကစပါတယ်။ သင်ဒါတွေကို တွေးနေရင်းနဲ့ နားလည်အေင်ကြိုးစားနေရင်းနဲ့ သင်ဟာ depression ဝင်သွားခြင်းဖြစ်ပါတယ်။သင်ဟာ ရိုးရိုးသာမန် ကိစ္စလေးတစ်ခုကိုလဲ သည်းကြီးမဲကြီး စဉ်းစားနေတတ်ပါတယ်။ သင်လုပ်ခဲ့သောအမှားတစ်ခုအတွက် သင့်ကိုသင် ‘ငါမမှားဘူး’ ဟုတွေ်းနေလိမ့်မယ်။ သင့်ခံစားချက်ကို ရှေ.တန်းတင်ခြင်းဟာလဲ မှားယွင်းသော လက္ခဏာတစ်ခုပါပဲ။ သင်ကိုယ်တိုင် လိုလိုလားလား သင့်စိတ်ကိုသင် စိစစ်မယ် ၊ သင့်လုပ်ထားတဲ့ အမှားကို တာဝန်ယူရဲမယ် ၊ အရာရာကို အကောင်းမြင်ဝါဒဖြင့်ကြည့်မယ် ဆိုရင် သင့်စိတ်လဲ တစ်ဖြည်းဖြည်းနဲ့ ပျော်ရွှင်လာမှာပါ။ သင့်အချိန်တွေကို အကုန်ခံပြီး သင့်အတွေးတွေ ကိုပြောင်းလဲခြင်းဟာ အလွန်ကှို အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ အကယ်၍ သင်ဟာ သင့်အတွေးတွေကို ပြောင်းလဲနိုင်ပြီဆိုရင် သင့်ခံစားချက်ကိုလဲ အလိုအလျောက်ပြောင်းလဲ
နိုင်မှာအသေအချာပါပဲ။သင့်အတွေးတွေ ပြောင်းလဲတယ် ဆိုတာ တစ်နည်းအားဖြင့် စိတ်ကို ထိန်းချုပ်တာပါပဲ။
ကျွန်မတို့ တူတူ နည်းလမ်းလေးတွေ ရှာကြည့်ကြတာပေါ့။ အင် (ဗုဒ္ဓ)ဘာသာဝင် မြန်မာလူမျိုးတွေကတော့ ဒီလိုပြဿနာမျိုး ကြုံရင် လူကြီးတွေက ‘ဘုရားတရား များများလုပ်၊ကံကောင်းလာလိမ့်မယ် ‘လို. ဆုံးမလေ့ရှိကြတယ်။တို့တွေက ဒါမျိုးကြုံရင် ကံမကောင်းဘူး လို့တွက်ကြတာကိုး။ ဘုရားတရားများများလုပ်ဆိုတော့ အလှုတွေ လုပ်ကြတယ်။ မှန်သလိုလိုတော့ရှိပါတယ် ဒါပေမဲ့ မမှန်ဘူး၊ အလှု လုပ်လိုက်တော့ သင်ကအလှုရဲ့ အကျိုးဆက် ကံကောင်းတာကိဲုခံစားရမှာမှန်ပါရဲ့ သင့်စိတ်ကို သင်ထိန်းချုပ်နိုင်ဦ်းမှာ မဟုတ်ပ်ါဘူး။့တကယ်တော့ လူကြီးတွေ ပြောတဲ့ ဘုရားတရားလုပ်ဆိုတာက တရားထိုင် ၊ ပုတီးစိပ်ကိုပြောတာလို့ ကျွန်မကတော့ထင်ပါတယ်။ တရားထိုင်၊ပုတီးစိပ်ရင် စိတ်ကိုဘယ်လို ထိန်းချုပ်ရမလဲဆိုတာ နားလည်သွားပါတယ်။ ထိုင်ဖူးတဲ့သူတွေသိပါလိမ့်မယ် ။ မထိုင်ဖူးတဲ့ သူတွေတော့ ကြိုးစားကြည့်ပေါ့။ နည်းလမ်း မှန်ဖို.လဲလိုတယ်နော်။ဒါက ကျွန်မစိတ်ထဲရှိတာ ဝင်ပြောတာပါ။
ကဲ စာအုပ်ပါ အကြောင်းအရာကို ဆက်ကြဦးစို.။သူလဲ တရားထိုင်တာ နဲ့အတူတူပါပဲ။ ဒါပေမဲ့ သူက တို.လို (ဗုဒ္ဓ) ဘာသာမှမဟုတ်တာ ဆိုတော့ သူက ပထမ တစ်နည်းကတော့ အလုပ်ကို မျာုးများလုပ်ဖို.ပြောထားတယ်။ကိုယ်လုပ်နေကြအလုပ်ကို ပုံမှန်လုပ်ပါ။ သတိထားပါ သင်အရင်လို မလုပ်နိုင်တာတွေရှိကောင်းရှိမယ် ။ ကြိုးစား ကြည့်လိုက်ပါ။

ကောင်းသောရလဒ်များ
(၁) သင့်စိတ်ကို အလုပ်ထဲမှာ သွင်းထားတဲ့အတွက် သင့်စိတ်တွေ တဖြည်းဖြည်း အလုပ်မှာပျော်ရွှင် လာပါလိမ့်မယ်။
(၂) သင့်မောလို့မောမှန်း တောင်သိမှာမဟုတ်ပါဘူး။
(၃) သင်အလုပ်တွေကိုပဲ ထပ်လုပ်ချင် စိတ်တွေဖြစ်ပေါ်လာပါလိမ့်မယ်။
(၄) တဖြည်းဖြည်းနဲ့ သင့်အတွေးတွေ အလုပ်ထဲမှာပဲ ရှိစပြုလာပါလိမ့်မယ်။
(၅) သင့်အပေါ် လူတွေရဲ့ အမြင်တွေလဲပြောင်းလာပါလိမ့်မယ်။ သင်ကအလုပ်ကြိုးစားနေတာကိုး။

ဆိုးသောရလဒ်များ
သင်ကြိုးစားလို့မရရင် သင်ဟာ
(၁) “လုပ်လို့မှမရတာ ဘာလို့လုပ်မှာလဲ”
(၂) “အလကားအရှုပ်ထုပ်တွေ ငါဘာလို့လုပ်နေတာလဲ “
(၃) “အား ခက်လိုက်တာ တော်ပြီမလုပ်တော့ဘူး” ဆိုတဲ့အတွေးများရနိုင်ပါတယ်။
ဒါတွေဟာ မကောင်းတဲ့ အတွေးတွေပါ။ ဖယ်ရှားလိုက်ပါ။ မဖြစ်ဘူးဆိုတာမရှိဘူး မလုပ်သေးတာပဲရှိတယ်။ စိန်ခေါ်လိုက် စမ်းပါကွာ။

ဒုတိယ နည်းကတော့ သင်လုပ်တဲ့အလုပ်မှန် သမျှကို မှတ်ထားပါ။ပြီးလျှင် တစ်ခုချင်း ဆီကို “ငါ့ပျော်ရဲ.”လား စဉ်းစားပါ။ ၁ ကနေ ၁၀ အထိ အမှတ်ပေးပါ။ သင့်စိတ်ပျော်ရင် ပျော်သလိုပေါ့။၁ ကအပျော်ဆုံးဆိုရင် ၁၀က ဝမ်းအနည်းဆုံးပေါ့။၁ ကနေ ၅ အထိ ဒါမှမဟုတ် ၃အထိ မပျော်တဲ့ အလုပ်တွေကို မလုပ်ပဲနေလို့ ရရင်နောက်ဆို ရှောင်ပါ။တာဝန်တစ်ခု ဆိုရင်တော့ အကောင်းဆုံး ကြိုးစားပြီးလုပ်လိုက်ပေါ့။
ဥပမာ။ ။မနက် ၆း၀၀ ထတယ်။ (ပျော်တယ် ၈မှတ်)
၆း၃၀ လမ်းသွားလျှောက်တယ်။ (ပျော်ဘူး ၀မှတ်)
၇း၃၀ ရေချိုးတယ်။ (ပျော်တယ် ၆မှတ်)

တတိယ နည်းက သင့်ရဲ့မကောင်းတဲ့အတွေးတွေကို ချရေးပါ။ပြီးရင် အောက်မှာ အားပေးတဲ့ စကားလေးတွေကို ပြန်ရေးပါ။
ဥပမာ………
(၁) ငါလုပ်နိုင်ပါ့မလား?အဲ့ဒါက အရမ်းခက်တယ်…..
အားပေးစကား။ ။ပြဿနာ ဆိုတာ ဖြေရှင်းရမှာပဲ။ဒါဟာ ဘဝ ရဲ့စိန်ခေါ်မှုပဲ။အကယ်၍ ငါသာ depression မဝင်ဘူးဆိုရင် ဘယ်လောက်တောင် လုပ်ပြနိုင်မလဲ? ဘယ်သူများငါ့ကို အကြံပေးနိုင်မလဲ?
(၂)အားအရမ်းခက်တယ်။
အားပေးစကား။ ။ ငါ depression ဝင်နေ လို့ပါ။ အရင်က ဒီထက်ခက်တာတောင် လုပ်ခဲ့သေးတာပဲ။
(၃) ငါလုပ်နေတာတွေက အလကားဖြစ်မှာပဲ။
အားပေးစကား။ ။ငါ့ကို့ငါ ဘယ်လိုလုပ်သိမှာလဲ။ငါမလုပ် ကြည့်ပဲနဲ့ ဒါအလကားဆိုတာ သိနိုင်ပါ့မလား။ ငါလုပ်တာ အလကားဖြစ်သွားတယ်ပဲထားပါဦး၊ ကမ္ဘာကြီးက ရပ်သွားမှာမဟုတ်တာ။ငါ ငါ့ရဲ့အမှားကနေ သင်ခန်းစာ ယူလို့ရတာပဲ။်
စတုတ္ထ နည်းကတော့ သင်စာရွက်တစ်ခုခုမှာ မနက်ဖြန် သင်လုပ်ရမဲ့ အလုပ်များကို ချရေးပါ။ နာရီအလိုက်ပေါ့နော်။ကိုယ်ချထားတဲ့ အချိန်ဇယားကိုလဲ ဘယ်သူဖျက်ဖျက် မပျက်ဖို့လိုတယ်နော်။ပြီးလျှင် ကိုယ့်အချိန် ဇယားကိုအမြဲတွေးနေပါ။ ဘယ်နနာရီမှာ ငါဘာလုပ်ရမယ်၊ ဘယ်သွားရမယ် စသည်ဖြင့်ပေါ့။သင်ပျော်ရွှင်လာမှာပါ။
ကဲ ကျွန်မကတော့ နည်း ၄ နည်းပဲ ပေးလိုက်တော့တယ်။ စာအုပ်ထဲမှာတော့ သူပေးထားတာတော့အများကြီးပဲ။ တခြားဟာတွေက အရမ်းရှုပ်ပြီး၊ အဆင့်တွေ အရမ်းများတယ်။ကျွန်မရေးတာလဲ အရမ်းရှည်နေပြီ ဆိုတော့ ဒီမှာတင်ပဲ နားပါရစေ။ သူငယ်ချင်းတို့ ဒီလောက်နဲ့တင် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်မယ် ထင်ပါတယ်။
မထိန်းနိုင်ရင် တရားသာထိုင်တာ့ ဒါအကောင်းဆုံးနည်းပဲ။ကျွန်မ ကြိုးစားပြီး ဘာသာပြန်ထားတာပါ။ စကားလုံးတွေကို ကိုယ့်စတိုင်အတိုင်း ရေးထားပေမဲ့ အဓိပ္ပာယ် မပြတ်အောင် ရေးထားပါတယ်။ Depression ဝင်ဖူးသူများလဲ နားလည်မှာပါ၊ မဝင်ဖူးသူများလဲ ဆင်ခြင်နိုင်တာပေါ့။ ဝင်နေသူများအတွက်ကတော့ ကြိုးစားကြည့်ပါ။ ကျွန်မအနေနဲ့ကတော့ တရားထိုင်တာကိုပိုအားပေးတယ်။ ဒါပေမဲ့လဲ ဒီနည်းလေးတွေက ပေါ့ပေါ့ပါးပါးရှိ ပါတယ်။ကဲ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။

ဘာသာပြန်သူ……….အိမ်မက်နွေ A self-help guide to managing depression by Philip J-Barker စာအုပ်မှ။

မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊ အားပေးကူညီသင့်တယ်။

မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။ ပထမအချက်က သူ့ချစ်တဲ့ ကောင်လေးက ဒီစကားသုံးခွန်းကို သိပ်မသုံးတော့လို့။ ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့ ဖြစ်တယ်။ သူဒီလိုမေးလာတဲ့ အချိန်မှာ သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်ပြီး နူးညံ့ညင်သာစွာနဲ့ "နင့်ကို ငါချစ်တယ်" လို့ ပြောပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင်ကာကွယ်နိုင်ပါလိမ့်မယ်။

မိန်းကလေးတွေက ဘာမှန်းညာမှန်းမသိ စိတ်တိုတတ်ကြတယ်။ သူတို့စိတ်တိုရတာ အကြောင်းရှိတယ်။ မကြည့်သင့်တာကို သင့်ကြည့်ခဲ့လို့၊ မပြောသင့်တာကို သင့်ပြောခဲ့လို့ဖြစ်တယ်။ ဒါမှမဟုတ် နောက်ကျမှ ဆက်တဲ့ဖုန်းကြောင်းဖြစ်တယ်။ တကယ်တော့ မိန်းကလေးတွေရဲ့ နှလုံးသားက နူးညံ့လွန်းတယ်။ ခွင့်လွတ်ဖို့ သင်တောင်းပန်မယ်၊ သူ့ကို ယုယကြင်နာမယ်ဆိုရင် သူ့ရဲ့ စိတ်တိုဒေါသတွေက လေနဲ့အတူ လွင့်သွားတဲ့ တိမ်လိုမျိုး တခဏချင်း ပျောက်ကွယ်သွားမှာဖြစ်တယ်။

မိန်းကလေးတွေက လက်ဆောင်ပန်းစည်း အမြဲလိုချင်တတ်ကြတယ်။ ပန်းကြိုက်တာ မိန်းကလေးတိုင်းရဲ့ မွေးရာပါဖြစ်တယ်။ ယောက်ျားလေးတွေ သိထားရမှာက တန်ဖိုးကြီးတဲ့ နှင်းဆီပန်း တစ်စည်းပဲဖြစ်ဖြစ်၊ တောပန်းပွင့်လေး တစ်ပွင့်ပဲဖြစ်ဖြစ် တစ်ချို့မိန်းကလေးအတွက် ကျေနပ်မှုက တူတူပဲဖြစ်တယ်။ အဓိက,က သင့်ရဲ့ ရိုးသားတဲ့စိတ် ရှိဖို့ပဲဖြစ်တယ်။

မိန်းကလေးတွေက ဖုန်းအမြဲစောင့်တတ်တယ်။ ဒါက ချစ်စကြင်စ အချစ်ပင်လယ်မှာ ပက်လက်မျှောနေတဲ့ မိန်းကလေးတို့ရဲ့ သဘာဝဖြစ်တယ်။ ဖုန်းကို လက်ထဲမှာ အမြဲကိုင်ထားပြီး ချစ်သူရဲ့ဖုန်းကို စောင့်နေတတ်ကြတယ်။

မိန်းကလေးတစ်ချို့က စကားပြော နိုင်လွန်းတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ပိုခံစားလွယ်တယ်၊ သူတို့က သူငယ်ချင်းတွေနဲ့ ဆုံပြီဆိုရင် ပတ်ဝန်းကျင်အကြောင်း၊ လူတွေအကြောင်း မနားတမ်း ပြောတတ်ကြတယ်။ ဒါက သူတို့အတွက် အပန်းဖြေနည်းတစ်မျိုး၊ စိတ်ဖြေလျော့မှုတစ်မျိုး ဖြစ်တယ်။ တစ်ချို့မိန်းကလေးတွေက ဖုန်းကောက်ကိုင်ပြီးရင် မချတတ်တော့ဘူး။ ဒါဟာလည်း ခုခေတ်မိန်းကလေးတွေက အလုပ်ကိုယ်စီရှိနေကြလို့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောဖို့ အချိန်မရှိလို့ဖြစ်တယ်။ ချစ်သူကလည်း ဒါတွေကို စိတ်ရှည်သည်းခံပြီး နားထောင်မပေးတတ်ကြတော့ ပြောချင်တာ၊ ရင်ဖွင့်ချင်တာကို ဖုန်းနဲ့ပဲ ပြောကြတော့တယ်။ (အခုခေတ်မှာတော့ ဂျီတော့နဲ့ ဘလော့ဂ်ပေါ်မှာ ပြောနိုင်ပါပြီး)

လူတစ်ယောက်ကို ချစ်ဖို့ရာ အကြောင်းတရား မလိုဘူး။

မိန်းကလေးတွေက ကိုယ်ချစ်တဲ့သူနဲ့ အတူနေရဖို့ နောင်တတရား မရှိဘဲ အရာရာကို ပေးဆပ်တတ်ကြတယ်။ လူတစ်ယောက် ကိုယ့်ကြောင့် ပြောင်းလဲသွားတယ်၊ ခေါင်းမာတဲ့ သူ့အကျင့်တွေ ရုတ်သိမ်းသွားတယ်ဆိုရင် ကိုယ့်ကိုတကယ်ချစ်လို့ပါပဲ။ ကိုယ့်ကိုတကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လိုအပ်ချက်က ကိုယ့်ရဲ့ဂတိသစ္စာတွေ မဟုတ်ဘူး။ သူတို့လိုအပ်တာက ကိုယ့်စီက လုံခြုံမှု၊ ထိခိုက်ဒဏ်ရာရလာတဲ့ သူ့အတွက် အချိန်မရွေး မှီခိုနိုင်မယ့် ပုခုံးတစ်စုံသာဖြစ်တယ်။

ယောကျာ်းလေးတွေက မျက်လုံးနဲ့ မိန်းကလေးကို ကြည့်တတ်ကြတယ်။
ဒါကြောင့် အလှရဲ့ စွဲဆောင်မှုကို အလွယ်တကူ ခံရတတ်တယ်။
မိန်းကလေးတွေက စိတ်နဲ့ ယောက်ျားလေးကို တွေးတောတတ်ကြတယ်။
ဒါကြောင့် စိတ်ပင်ပန်းဆင်းရဲတာကို အလွယ်တကူ ခံစားရတတ်တယ်။

မိန်းကလေးတွေက ဂုဏ်ဝင့်တဲ့ ရွှေငန်းနဲ့ တူတယ်။ ဒါပေမယ့် ယောက်ျားလေးတွေကို ချစ်မိပြီဆိုရင် အတောင်အချိုးခံလိုက်ရသလိုပဲ။ ဒါကြောင့် ယောက်ျားလေးတွေက ကိုယ့်ကိုချစ်တဲ့ မိန်းကလေးကို ပိုပြီး ဆတိုးကြင်နာတန်ဖိုးထား စောင့်ရှောက်သင့်တယ်။ သူတို့နာကျင် မျက်ရည်ကျအောင် မလုပ်သင့်ဘူး။

"လူတစ်ယောက်က အခြားလူတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာလဲ"
ဒီမေးခွန်းကို သဘောကျလို့ သိတဲ့ လူအချို့ကိုလည်း မေးခဲ့ဖူးတယ်။
အဖြေတွေအများကြီးထဲက တစ်ချို့အဖြေဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ ဥပမာ
"သစ္စာ၊ ချီးကျူးစကား၊ ဂတိ၊ အကြင်နာ၊ ဗဟုသုတ၊ လေးစားမှု၊ ခွင့်လွတ်မှု၊
အချစ်၊ ဂရုစိုက်မှု.... " စတာတွေဖြစ်တယ်။ အဖြေတွေထဲက မေးခွန်းထုတ်ခဲ့တဲ့
ကောင်မလေး ဖြေခဲ့တဲ့ "အချိန်" ဆိုတဲ့အဖြေကို အခုထက်ထိ အမှတ်ရနေမိတယ်။
ချစ်သူနဲ့ကွဲစ သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေအောင် ကျွန်မတို့
သူငယ်ချင်းတစ်သိုက် အပြင်ခေါ်ထုတ်ပြီး လည်ပတ်စားသောက်ကြတယ်။
တစ်ပတ်နေပြီးနောက် သူငယ်ချင်းတွေထဲက တစ်ယောက်က သူ့ကို "နင်စိတ်ပြေအောင်
လည်ပတ်စားသောက်ခဲ့တဲ့ billတွေအားလုံး အဲဒီလူကို ပို့ပေးလိုက်၊ ပိုက်ဆံကို
သူရှင်းပါစေ"လို့ စနောက်လိုက်တယ်။
"ဘာဖြစ်လို့လဲ"
"လမ်းခွဲခလေ"
"ဟင်း....သူလျော်နိုင်မှာ မဟုတ်ပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့
အကောင်းဆုံးအချိန်၊ တန်ဖိုးအရှိဆုံး အချိန်တွေကိုတောင် သူ့ကိုပေးခဲ့တာပဲ။
သူလျော်နိုင်မှာ မဟုတ်ပါဘူး" လို့ သူက ပြန်ဖြေရှာတယ်။
(၂)
နေ့တိုင်း အချိန်တွေကို အလုပ်မှာပဲ မြုပ်နှံထားပြီး အိမ်ထောင်ပြုဖို့
အရွယ်လွန်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို သူ့အိမ်က စိတ်ပူစပြုလာတယ်။
သူ့အတွက် သင့်တော်မယ့် မိန်းကလေးကို လိုက်ရှာ၊ လိုက်စပ်ပေးနဲ့
အလုပ်ရှုပ်နေကြတယ်။ "ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲ၊ ကိုယ်ကြိုက်တာ
တစ်ခုခုကို ပြောမှ လူတွေက နင့်အတွက် ရှာပေးရ အဆင်ပြေမှာပေါ့" လို့ သူ့ကို
ကျွန်မမေးတော့...
"သူ့အတွက် ငါ့အချိန်တွေကိုပေးနိုင်မယ့် မိန်းကလေးကိုပဲ ငါလိုချင်တယ်"
လို့ သူက ပြန်ဖြေခဲ့တယ်။
(၃)
အချစ်ကြောင့် စိတ်ရောကိုယ်ပါ အကြီးအကျယ် ထိခိုက်ခဲ့တဲ့
ကောင်မလေးတစ်ယောက်က နှစ်တွေကြာခဲ့ပေမယ့် မပျော်ရွှင်တဲ့
စိတ်ပြတင်းပေါက်ကို မဖွင့်နိုင်ခဲ့ဘူး။ အချစ်သစ် မရှာနိုင်ခဲ့ဘူး။ လူတွေက
သူ့ကိုထားသွားခဲ့သူကို မမေ့နိုင်လို့၊ စောင့်နေသေးတယ်လို့ ထင်နေကြတယ်။
ဒါပေမယ့် အဲဒီလူ သူ့ကိုပြန်ဆက်ဖို့ ထပ်ကြိုးစားချိန်မှာ
သူငြင်းပယ်ခဲ့တယ်။
"သူ့ကို ကျွန်မ မေ့မရလို့ မဟုတ်ပါဘူး။ ကျွန်မနှမြောတာက ဟိုးအရင်သူနဲ့အတူ
ရှိခဲ့ဖူးတဲ့ အချိန်တွေကိုပါ။ ဒါပေမယ့် အဲဒီလိုအချိန်မျိုး
ကျွန်မတို့အတွက် ထပ်ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး"
(၄)
"အဆုံးမဲ့ အချိန်နယ်ပယ်တွင်းမှာ စောတယ်၊ နောက်ကျတယ်ဆိုတာ မရှိဘူး။
အချိန်မီ ရောက်လာတာပဲရှိတယ်"
စောစောမုန်းတဲ့ အမုန်းပဲဖြစ်ဖြစ်၊ နောက်ကျမှ မုန်းတဲ့ အမုန်းပဲဖြစ်ဖြစ်
အမုန်းဆိုတာ စိတ်ညစ်၊ ၀မ်းနည်းစရာတွေဖြစ်တယ်။ ဒါကြောင့် အမုန်းကို ဥပေက္ခာ
ပြုလိုက်တာ အကောင်းဆုံးပါပဲ။
မှန်တဲ့အချိန်မှာတွေ့တဲ့ အချစ်ရဲ့ရုပ်ပုံကမှ လှပသတဲ့။ (right time, right person)
မှန်တဲ့အချိန်မှာ မှားတဲ့အချစ်နဲ့ တွေ့ရင် ခံစားရတယ်။ (right time, wrong person)
မှားတဲ့အချိန်မှာ မှန်တဲ့အချစ်နဲ့တွေ့ရင် ၀မ်းနည်းရတယ်။ (wrong time, right person)
ကိုယ့်အချိန်တွေကို ပေးနိုင်မယ့် လူတစ်ယောက်ကိုရှာယူပါ။ သူ့အချိန်တွေ
ကိုယ့်အတွက်ပေးနိုင်မယ့် လူတစ်ယောက်ကို ရှာယူပါ။ ကိုယ့်အတွက်
စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ လူကိုတန်ဖိုးထားပါ။ အကောင်းဆုံး
လက်ဆောင်ဆိုတာ ကိုယ်ချစ်တဲ့လူအတွက် ကိုယ့်အချိန်တွေကို
ပေးနိုင်တာပဲဖြစ်တယ်။
သွားအတူ၊ လာအတူ၊ စားအတူ၊ အတူဆွေးနွေးတယ်၊ အတူဆိုညည်းတယ်၊
အတူကဗျာစပ်ကြတယ်၊ အတူကာရံတွေညှိကြတယ်... အတူ..... အတူ.... တစ်ယောက်တည်း
ဖြစ်သွားတဲ့အချိန်မှာ "အပျော်"ဆိုတာ မရှိတော့ဘူး။ တကယ်လို့ ကျွန်မကို
"အကောင်းဆုံး လက်ဆောင်က ဘာလဲလို့" မေးခဲ့ရင် "အချိန်" လို့ပဲ
ကျွန်မဖြေမိမှာပါ။
ဘယ်လောက်ပဲ ချစ်နေ၊ ခံစားနေပါစေ၊ ဘယ်လောက်ပဲ လေးစားမြတ်နိုးနေပါစေ...
အဲဒီအချစ်၊ မြတ်နိုးမှုတွေက ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့ အနားမှာနေခွင့်ရတဲ့
"အချိန်" နဲ့ မနှိုင်းသာပါဘူး။s

ရင်ခွင်စစ်တမ်း
Sunday, October 5th, 2008


ရှင်သန်ခြင်းရဲ့  ဖွင့်ဆိုချက်

ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ။ (၁၇ ဇူလိုင် ၂၀၀၈ နံနက် ရး၃၃)

၂၂ နှစ်မြောက်ပန်းချီကားမှာ အလှပဆုံး စုတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။

တစ်နေ့ လုံး မွှေးပျံ့ နေသော ပန်းရနံ့ များ၏ လက်ဆတ်မှုသည် အရာတိုင်းဆီသို့ ဦးတည်လိမ့်မည်။



အရေးကြီးဆုံးအဟာရ

မုန့် တွေဝယ်လာတာ။ ည ၈နာရီလောက်အဆောင်လာခဲ့လေ။ (၁၈ သြဂုတ် ၂၀၀၈ နေ့ လည် ၁း၄၂)

မမျှော်လင့်တဲ့ ပျော်စရာတွေကို မမက မထင်မှတ်ပဲ ပစ်ချခဲ့တာကိုး။ မိုးမမြင်လေမမြင်နဲ့ လူတိုင်းကိုပြုံးပြဖြစ်ခဲ့တယ်။

တွယ်တာမှုဆိုသည်မှာ အချိန်ကာလနှင့် တိုက်ရိုက်အချိုးမကျကြောင်း တွေ့ မြင်ကြရမည်။ ချစ်ဖွယ်သောမျက်ဝန်းသည်သာလျှင် ယင်းတို့ ၏အကြောင်းခံဖြစ်ရမည်။



လိုအပ်သော စိတ်ဓါတ်ခိုင်မာမှု

စာထဲသေသေချာချာ အာရုံစိုက်နော်။ တခြားဘာမှ မစဉ်းစားနဲ့ ။ ပင်ပန်းတာကို သည်းခံလိုက်။

(၈ စက်တင်ဘာ ၂၀၀၈ နေ့ လည် ၁း၅၇)

ကိုင်ဇာကတော့ ဓူဝံကြယ်ကို တောင်ဘက်ရွှေ့ မယ်တဲ့ ။ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ဒီနေရာမှာ အရေးမကြီးပါဘူး။

လောကကြီးကိုရင်ဆိုင်ရန် ရတနာကျောက်စီဓါးကို ဘုရားသခင်ပေးရန် မေ့လျော့ နေခဲ့၏။ သို့ သော်ယင်းဓါးထက် အစွမ်းထက်သော ချစ်ခြင်းတရားကို အမှတ်တမဲ့ ထားရစ်ခဲ့၏။



နွမ်းလျနေချိန်များ

လာဖြစ်တော့မှ မဟုတ်ဘူး။ လာဖြစ်ရင်တော့ဖုန်းဆက်လိုက်မယ်လေ။ မျှော်တော့မနေနဲ့ ။ စာမှန်မှန်ကျက်နော်။

(၁၈ စက်တင်ဘာ ၂၀၀၈ ညနေ၆း၄၁)

မနက်ပိုင်း အဝေးပြေးကားတွေ ၀င်လာရင် ဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမယ့် လည်တဆန့် ဆန့် နဲ့ ကြည့်မိတုန်းပဲ။

သင်အမှတ်တမဲ့ ကျန်ရစ်ခဲ့သော လစ်လျူရှုခြင်းမှ အလွမ်းများဝေဆာစွာသီးပွင့်နေသည်ကို တွေ့ မြင်ရလိမ့်မည်။ သင်အနား ရောက်လာသောအခါတွင်မူ ရုတ်တရက်ကြွေကျရလိမ့်မည်။



အမှောင်တိုက်(သို့ မဟုတ်) မီးစာကုန်သောအိပ်မက်

တစ်ယောက်တည်းလား။ ဘာတွေလုပ်နေလဲ။ ဒီမှာတော့နှစ်ယောက်ဖြစ်သွားပြီ။ မုံရွာရောက်တဲ့အခါ မိတ်ဆက်ပေးမယ်လေ။ (၂၁ စက်တင်ဘာ ၂၀၀၈ ညနေ ၄း၃၇)

ဟန်ဆောင်တာနဲ့  မြိုသိပ်ရတာတွေကို ဘယ်သူသင်ပေးလို့ ငါတတ်ခဲ့ပါလိမ့်။ ဘာလို့ ကလေးတစ်ယောက်လို လိုချင်တာကိုပူဆာဖို့ ကြောက်ရွ့ံနေခဲ့တာလဲ။

လောင်ကျွမ်းစွာတောက်ပပြီးချိန်တွင် သင်သည်ပြာမှုန့် များနှင့်အတူ ပျောက်ကွယ်ရလိမ့်မည်။ သို့ သော် ထိုအလင်းရောင်ဖြင့် အခြားသူတို့ ပျော်ရွှင်ကြလိမ့်မည်။



အမှန်တရား ၊ သဘာဝနှင့်  ခွဲခွာခြင်း

နောက်ဆို မ မက်ဆေ့မပို့ တော့ဘူးနော်။ အလုပ်တွေရှုပ်နေလို့ ။ (၂၅ စက်တင်ဘာ ၂၀၀၈ မနက် ၁၀း၃၆)

မျှော်လင့်ပြီးသား၊ကျေနပ်ပြီးသားပါ။ မ ကိုသတိရလိုက်တာလို့  လိပ်ပြာလုံလုံနဲ့ ပြောဖို့  ဘယ်အချိန်အထိ ပြန်စောင့်ရဦးမှာလည်း။ ဒီဘ၀နဲ့ ရော လုံလောက်ပါ့မလား။

တစ်ပါးသူနမ်းမည့် ပါးပြင်အတွက် ရှင်သန်ခဲ့သော သနပ်ခါးပင်များအကြောင်းကို သင့်မိတ်ဆွေတစ်ဦးအား ပျော်စေပျက်စေ သဘောမျိုးဖြစ်စေ ပြောပြခဲ့စေလိုသည်။

သောင်ပြင်မဲ့ကမ်း
Friday, August 8th, 2008

ဖြောင့်စင်းကျဆံနွယ်များ

မထီတရီ အပြုံးတစ်ခုမှ သွားတက်ကလေး

ဒီနေ့ ငါအမှန်နဲ့ လွဲတယ်။......။



ရေတံခွန်စီးကျသလိုမျိုး စကားသံတစ်ခု

ကြွေပြားပေါ်က ဒေါက်ဖိနပ်သံ

ဒီနေ့ ငါအမှန်နဲ့ လွဲတယ်။.....။



မရည်ရွယ်တဲ့ တွေ့ ဆုံမှု

ရည်ရွယ်တဲ့ အိပ်မက်

ဒီနေ့ ငါအမှန်နဲ့ လွဲတယ်။.....။



နှစ်ကိုယ်ကြား လေတိုးမရနိုင်အောင်နီးကပ်

နှစ်ကိုယ်တူ သဘောတူညီစွာ

မိုင်ရာချီအောင် ဝေးကွာခဲ့

မနေ့ က.......

ဒီနေ့ ...........

မနက်ဖြန်........

ငါဟာအချစ်နဲ့ လွဲဖို့ အပြင်

ဘာရှိဦးမတဲ့လဲ......။.....။

တိတ်တိတ်ကလေးကြေကွဲခဲ့ရသူပါ
Wednesday, October 1st, 2008


ဘာမှလည်း မယ်မယ်ရရမဟုတ်

လျှောက်တဲ့ လမ်းက ခပ်ကြမ်းကြမ်းဆိုပဲ

နေတစ်ရာပူ မီးတစ်ရာမြိုက်

ဘာတဲ့ ဘာတဲ့ 

မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ဟုတ်လား

မြန်မာပြည်မှာ လာမပြောနဲ့ 

ဟုတ်ကဲ့  ဟုတ်ကဲ့ 

ဟုတ်ကဲ့ တစ်လုံးပြောတတ်ရင် လူဖြစ်ပြီ

ငါကလေးကို ဟုတ်ကဲ့တစ်လုံးပဲသင်ပေးမယ်

တွေးခေါ်တတ်ဖို့ လည်းမလိုဘူး

အင်္ဂလိပ်စကားလည်းမလိုဘူး

ကွန်ပြူတာလည်းမလိုဘူး

သဘာဝကိုချစ်တတ်ဖို့ လည်းမလိုဘူး

လူသားချင်းစာနာဖို့ လည်းမလို ဘူး

လူ့ အခွင့်အရေးလည်းနားလည်ဖို့ မလိုဘူး

ဟုတ်ကဲ့ ပြောတတ်ရင်ကောင်းစာပြီ

ငါ့သားသမီးရှေ့ ရေး စိတ်အေးပြီ

နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့ 

အလကားဟာတွေ...

နိုင်ငံတကာမှာ ပေါင်ကားတတ်ရင်တော်ပြီပေါ့

ဒါပဲအခွန်လွတ်တာ....

ဟုတ်တယ် လူ့ ကန့် လန့်  အဲဒီတော့ဘာဖြစ်တုန်း

ခင်ဗျားသမီးနဲ့ ပေးစားချင်သလား

နန်းသုံးတော်ဝင်နွားဗျ လာထား ဒေါ်လာသန်းခြောက်ဆယ်

ပုခုံးရိုးမှာ စတီးရိုးတတ်ထားတယ်

ဓါတ်မှန်ရိုက်ကြည့်လိုက် အာမခံ

တော်ပြီ မပြောဘူး မပြောဘူး

အမေမှာထားတယ် ငရဲ ကြီးလိမ့်မယ်တဲ့ 

လူကြီးကို စော်ကားရင်

ကြီးပစေ အဓိကက စော်ကားရပြီးတာပဲ။ ။

...... ...... ...... ......

မိတ်ဆွေ မိတ်ဖြစ်ဆွေဖြစ်လေး ၀င်စော်ကားသွားပါဦး။

ကျေးဇူးတင်ပါသည်။

တံခါးပေါက်
Thursday, September 11th, 2008


ခင်ဗျားနဲ့ ကျွန်တော်တံခါးပေါက်တစ်ခုရှေ့ မှာ

ခင်ဗျားလည်းမြင်ရတယ် ကျွန်တော်လည်းမြင်ရတယ်

သိန်းသန်းချီတန်တဲ့ လက်ဝတ်ရတနာကိုသာမြင်လို့ 

ငတ်ပြတ်နေတဲ့ အစာအိမ်တစ်ချို့ ကိုမမြင်နိုင်တဲ့ 

အထူးပြုလုပ်ထားတဲ့ မျက်မှန်နက်နက်ကြီးတွေ....

ဒီကနေမြင်ရတယ်။

သီးနှံအထွက်တိုးမယ့် ရာသီကိုသာ မျှော်လင့်လို့ 

ထိုထိုသောရာသီကိုဖန်ဆင်းတတ်တဲ့ သစ်ပင်ကို မမြင်သော

သစ်ခုတ်သမားတစ်ချို့  ......

ဒီကနေမြင်ရတယ်။

ကယ်ဆယ်တဲ့ လက်ကို ကြိုးတုတ်လို့ 

ရေနစ်သူကို ထိုးမယ့်  ၀ါးအချောင်းလိုက် အချောင်းလိုက်....

ဒီကနေမြင်ရတယ်။

အမှောင်တ၀က် အလင်းတ၀က်

မပီပြင်ဝိုးတ၀ါးနဲ့  အိပ်မက်တွေ

ဒီကနေမြင်ရတယ်။

နမည်ရေးရမှာတောင် ရွံ့ ရှာဖွယ်ကောင်းတဲ့ 

လူထူးလူဆန်း တစ်ချို့ 

ဒီကနေမြင်ရတယ်။

လူသန်းပေါင်းများစွာရဲ့ အိပ်မက်ကို မွှန်းမဲ့ 

မစင်အတိပြီးတဲ့ ဓါးတစ်လက်

ဒီကနေမြင်ရတယ်။

အသီးမသီးတဲ့ ကြက်ဆူပင်တစ်ချို့ .....

လှမ်းမမြင်ရတော့တဲ့  ပျိုဘော်ဝင်ချိန်တစ်ချို့ 

ဆုံးရှုံးရတော့မယ့်  ကျောက်မျက်ရတနာတစ်ချို့ 

ကျေးငှက်တို့ ပျော်ပါဖူးတဲ့ ရိုးမတစ်ခု နှစ်ခု

လူရာဝင်ခဲ့ ဖူးတဲ့ ဘွဲ့ ရပညာတတ် တစ်ယောက်စ နှစ်ယောက်စ ....



...........

ကဲ ခင်ဗျားကိုလည်းကျွန်တော်မြင်တယ်

ကျွန်တော်ကိုလည်းခင်ဗျားမြင်တယ်

ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ခါးတစ်ပေါက်ရဲ့ ရှေ့ မှာ

ခင်ဗျားအရင်ဝင်မလား ကျွန်တော်အရင်ဝင်မလား

ကျွန်တော်တို့ နှစ်ယောက်ရဲ့  နောက်မှာ ခြောက်ကြီးကြီးတစ်ခုသာလျှင်ရှိတယ်။...။

မြစ်
Saturday, August 2nd, 2008

မြစ်ဖြစ်လာမှတော့လည်း

စီးဆင်းလိုက်ကြရုံပေါ့ကွယ်

ဆိုက်ကပ်ရာကပင်လည်လည်းဖြစ်မယ်

ကျောက်ဆောင်လည်းဖြစ်မယ်

(ဒါမှမဟုတ်) အိပ်မက်လည်းဖြစ်မယ်ပေါ့

ဒီရေအတက်အကျတော့ရှိချင်မှရှိလိမ့်မယ်

ငါတို့ မှာလဆွဲအားရယ် ဘာရယ်ညာရယ်မရှိသလို

အချစ်အမုန်း..သံယောဇဉ်တို့ ရဲ့ ဆွဲအားလည်းရှိမှမရှိတာပဲ....။

မြစ်ဆိုမှတော့လည်း ကန်ရေပြင်လိုဘယ်ငြီမ်သက်နိုင်ပါ့မလဲလေ

တစ်နေရာရာကို အချိန်တိုင်းစီးဆင်းနေရမှာပဲ

အစုန်တွေအဆန်တွေကို ဘယ်သူမှမမြင်အောင်

လျှို့ ဝှက်ရင်းနဲ့ ...

ဝမ်းနည်းမှုနဲ့ သောကတွေကို ဘယ်သူမှမမြင်အောင်

ဖုန်းကွယ်ရင်းနဲ့ ...

ဘာပဲဖြစ်ဖြစ် တစ်နေရာရာတော့

ငါတို့ လမ်းဆုံးဖြစ်လိမ့်မယ်

ပင်လယ်...ကျောက်ဆောင်...အိပ်မက်...တစ်ခုခု

ဒါပေမယ့် ငါတို့ ဘာကိုမျှော်လင့်ခဲ့ကြသလဲဆိုတာ

ဘယ်သူမှသိလိမ့်မယ်မဟုတ်ဘူး...။...။

လွတ်လပ်ခြင်းနဲ့ချည်တဲ့ကြိုး (သို့မဟုတ်) မျက်ခြယ်
Wednesday, July 30th, 2008


၁ ။ ငါဟာ ၂၂ နှစ်လုံးလုံး မှတ်တိုင်အကြိမ်ကြိမ် မှားဆင်းမိတဲ့
ခရီးသည်တစ်ဦးပါ မျက်ခြယ်..........။
အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာဟာ မင်းတစ်ယောက်တည်းသာဖြစ်တယ်ဆိုတာ
ဒီလို သမားရိုးကျ သံသယတွေထဲ
မင်းဘယ်လိုအင်အားမျိုးနဲ့ယုံကြည်မလဲ........။
မင်းဟာ လွတ်လပ်ခြင်းကိုစိုးမိုးတဲ့ နတ်မိမယ် တစ်ပါးဖြစ်တယ်ဆိုတာ
ငါကတော့ အကြိမ်ကြိမ် ယုံကြည်ခဲ့ပြီးပြီ.........။
သောက်လက်စအအေးတစ်ခွက် ရေခဲအရည်ပျော်လို့ အရသာမပျက်ခင်
မင်းလက်လွတ်စပါယ် ပစ်ချသွားတဲ့ မျက်စောင်းတစ်ခုရခဲ့တုန်းက ။
မှတ်တိုင်ကျော်သွားတဲ့ ခရီးသည်တစ်ယောက် အူယားဖားယား ပြေးဆင်းတဲ့အဖြစ်လို
မင်းငါ့ကိုလှောင်ရယ်သမှုနဲ့ပြုံးခဲ့တုန်းက ။
အမှတ်တမဲ့ဆုံတဲ့ မျက်ဝန်းနှစ်စုံရဲ့ စက္ကန့်ပိုင်းအတွင်းမှာ
မြတ်နိုးခြင်းကျောက်တိုင်ကို မင်းလွယ်လွယ်ကူကူ စိုက်ထူခဲ့စဉ်တုန်းက.....။
တစ်သက်မှာ တစ်ယောက်မက ချစ်ခဲ့ဖူးမှတော့လည်း
ငါမင်းကို ချစ်တယ်ဆိုတာ မင်းဘယ်လို ယုံကြည်နိုင်ပါ့မလဲ မျက်ခြယ် ......။
အတ္တနဲ့နှောင်ဖွဲ့တတ်တဲ့ လူတွေရဲ့ကြားမှာ မင်းနဲ့ငါဟာ
လွတ်လပ်မှုတွေကြောင့် ဝေးနေခဲ့တယ်ထင်ပါရဲ့.......။
ကဲ.......ဒီမှာ ဘုရားသခင်ဖန်တီးတဲ့ဓါးတစ်လက်
မွန်းကြပ်လွန်းတဲ့ နှောင်ကြိုးတွေကို ဖြတ်တောက်လို့ ဒို့နှစ်ယောက်
လွတ်လပ်ခြင်းကိုသာလျှင်ချည်နှောင်ကြမယ် ...။
သံသယနဲ့ရမ္မက်တွေ ဖြတ်သွားဖြတ်လာများလွန်းတဲ့
လမ်းမပေါ်ကမျဉ်းကျားတစ်ခုပေါ်မှာ ငါတို့ဘာလို့များ
အချိန်အကြာကြီးရပ်နေရမှာလဲ
ရိုးသားစွာဖြေပေးပါ.........မျက်ခြယ်။
ငါဟာမင်းရဲ့အမှန်တရားဖြစ်ခဲ့သလားဆိုတာ
ငါတို့ရဲ့ဇူလိုင် ၁၀ ရက်ကမိုးရေစက်တွေ
ဆက်လက်လို့အေးမြစေချင်ပါတယ်.......။
ငါ့စိတ်ကို ငါပြန်ဖတ်ဖို့အတွက်
တစ်ချို့ချို့သော နေရာတွေမှာ မင်းဟာ
မရှိမဖြစ် အဘိဓ္ဓာန် တစ်ခုပါ မျက်ခြယ်......။
သေလောက်အောင် မချစ်ခဲ့ဘူးတဲ့ငါဟာ
မင်းကိုချစ်ရင်းနဲ့ပဲ သေသွားလိမ့်မယ် ထင်ပါရဲ့
မျက်ခြယ်ရေ........မင်းဟာငါ့ရဲ့ရာသီတိုင်းမှာ
မစဲတဲ့ မိုးဖြူလေးပါ။
မိုးမည်းလိုတော့ဘယ်သည်းထန်လိမ့်မလဲ
ဒီလိုနဲ့ပဲ ငါဟာ မင်းရဲ့အမှတ်တမဲ့ များစွာထဲမှာ
နာတာရှည်ဖျားနာရမယ့် အမြဲတမ်းလူနာတစ်ဦးဖြစ်ခဲ့ပါတယ်......။
အရောင်စုံခြယ်သပြီးတဲ့ ပန်းချီကားတစ်ချပ်ထဲမှာ
ငါဟာ မင်းကိုကိုယ်စားပြုဖို့အတွက်
ဘာရောင်မှမခြယ်တဲ့ တစ်နေရာစာချန်ခဲ့ပါတယ်...။
ချစ်ရပါသော မျက်ခြယ်......
လိုအပ်သလို အသုံးပြုရန်အတွက်
ချစ်ရပါသော မျက်ခြယ်.......
မျက်စိနောက်လျှင် လွင့်ပစ်ရန်အတွက်
ချစ်ရပါသော မျက်ခြယ်.......
ငွေလိုလျှင် အောက်ဈေးနှင့်ထုတ်ရောင်းရန်အတွက်
ချစ်ရပါသော မျက်ခြယ်........
ရယ်စရာသဘောနှင့် ကြည့်ရှုရန်အတွက်
ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်......
ဒီပန်းချီကားကို မင်းစိတ်ကြိုက်မချယ်မှုန်းခဲ့ပေမယ့်
ဒါဟာ ပြတိုက်ထဲပြဖို့မဟုတ်တာသေချာခဲ့သလို
မင်းတစ်ယောက်တည်းအတွက်ဆိုတာလည်း
သေချာခဲ့ပါတယ် မျက်ခြယ်.....။
၂။ဘယ်လောက်ထိများဝေးနေကြဦးမလဲ
ဟောဒီတစ်ဖက်ကမ်းနဲ့ မင်းရဲ့ဟိုတစ်ကမ်း
တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကိုသယ်ဆောင်မယ့်
လေပြေလေညှင်းတွေတော့ရှိရမယ် ( ငါတို့ဘယ်လောက်ပဲဝေး ဝေး )
တို့နှစ်ယောက်ရဲ့နူးညံတဲ့ အတ္တတွေ ဖလှယ်ရအောင်
လှေတစ်စင်းလောက်ဖြစ်ဖြစ်ရှိရမယ် ( ငါတို့ဘယ်လောက်ပဲဝေး ဝေး )
ဒါပေမယ့်ငါတို့နှစ်ယောက်ရဲ့စာတမ်းကို
အလွမ်းနဲ့မရေးခဲ့ကြဘူး
သံသယ နဲ့မရေးခဲ့ကြဘူး
မနာလိုစိတ်နဲ့မရေးခဲ့ကြဘူး
ရသ မစုံရင်နေပလေ့စေ
ဒီစာတမ်းမှာ ...ချစ်ခြင်းတရားတစ်ခုသာလျှင်ရှိရမယ်. ။
ဒါကို မင်းလက်ခံတယ်မဟုတ်လားမျက်ခြယ်...။
လိုတရ မဖြစ်နိုင်တဲ့ဘ၀မှာ
ငါက မင်းတစ်ယောက်တည်းကိုသာ လိုချင်ခဲ့တာပါ။
ဒါကို လောဘကြီးတယ်လို့ ဆိုချင်လည်းဆိုပေါ့။
ငါချစ်တဲ့ကဗျာ ငါချစ်တဲ့ ဂီတ
ငါချစ်တဲ့ ဧရာဝတီ ငါချစ်တဲ့တမာပင်
ငါချစ်တဲ့ သစ္စာလမ်း ငါချစ်တဲ့ ကော်ဖီတစ်ခွက်
ပြီးတော့ ............
ငါချစ်တဲ့ မျက်ခြယ်
ငါစွဲတွေများလွန်းတဲ့ ငါ့လို ပုထုဇဉ် တစ်ယောက်ဟာ
မင်းတစ်ယောက် တည်းအတွက်နဲ့
သံသရာ ကိုဆွဲဆန့်ခဲ့ပါတယ်။
၃။တစ်ချို့တစ်လေကတော့ မျှော်လင့်ချက် နဲ့ အသက်ရှင်တယ်
တစ်ချို့တစ်လေကတော့ မျှော်လင့်ချက် ကြောင့် သေဆုံးတယ်
ငါဟာ သေဆုံးရမယ့်သူလား ရှင်သန်ရမယ့်သူလား
ဒီမေးခွန်းအတွက် ( ကျေးဇူးပြု၍ ပတ်ဝန်းကျင်ပယောဂ မပါဘဲ )
မင်းတစ်ယောက်တည်းသာ ဆုံးဖြတ်ပေးပါမျက်ခြယ်....
ငါ့မှာလည်း အမှားတွေများခဲ့သလို
အမှန်တွေလည်းမနည်းခဲ့ပါဘူး ။
မင်းလည်းဆိုးမိုက်ခဲ့ဘူးသလို
သူမတူအောင်လည်း လိမ္မာယဉ်ကျေးခဲ့ဘူးလိမ့်မယ်
မင်းနဲ့ ငါနှစ်ယောက်ကြားက ချစ်ခြင်းတရားဟာ
စင်းလုံးချော လှပဖို့ရာခိုင်နှုန်းနည်းခဲ့တာ
သဘာဝကျပါတယ် မျက်ခြယ်.....။
နှလုံးသားရေးရာ တွေမှာ အပြင်ပန်းလှပဖို့ထက်
တာရှည်ခံဖို့ကို ပိုတန်ဖိုးထားသင့်တယ်ဆိုတာ
မင်းရောငါရော လက်ခံကြရလိမ့်မယ်....။
မင်းမှာသံယောဇဉ် ဖြစ်တတ်တဲ့စိတ်လည်းရှိမယ်.
စိတ်ကူးယဉ်ဆန်တဲ့စိတ်လည်းရှိမယ် ..
မာယာတွေနဲ့လှည့်ဖျား မှုတွေရှိမယ်...
ဖြုဖွေးဆွတ်နေတဲ့ ရိုးသားမှုတွေရှိမယ်....
လိမ်ညာမှု နဲ့ဖြားယောင်းမှုတွေလည်း ရှိကောင်းရှိမယ်
ငါက မင်းရဲ့တစ်ခြားလူတွေလို
မျက်နှာ ဖောင်းဖောင်းလေးတစ်ခုကိုသာလျှင်
မြတ်နိုးခဲ့တာမှ မဟုတ်ပဲမျက်ခြယ်....။
မင်းနဲ့ပတ်သက်သမျှ ကောင်မွေဆိုးမွေ အားလုံးကို
ငါဂုဏ်ယူဝမ်းမြောက်စွာနဲ့ မြတ်နိုးတတ်ခဲ့တာပါ ...။
ခြေရာခြင်းတစ်ထပ်တည်း သွားရအောင်
ငါတို့နှစ်ယောက်ရဲ့လမ်းတွေ မတူညီခဲ့ပေမယ့်
အဲဒီလမ်းတွေကို လက်တွဲလို့သွားကြမယ်...။
ငါချစ်ခဲ့တာ မင်းတစ်ယောက်တည်း မဟုတ်သလို
မင်းချစ်ခဲ့တာလည်း ငါတစ်ယောက်တည်းမဟုတ်
ဒါပေမယ့် ငါတို့နှစ်ယောက်ရဲ့အချစ်ဆုံးဟာ
လွတ်လပ်မှုသာဖြစ်တယ်...။
မင်းအတွက် ၀မ်းနည်းစရာ... ငါ့အတွက်စိတ်ညစ်စရာ...
ထပ်တူထပ်မျှ မကျခဲ့ပေမယ့်
အားလုံးကို သီချင်းတစ်ပုဒ်နဲ့
အရည်ဖျော်ပစ်နိုင်တဲ့ စွမ်းရည် ငါတို့မှာ ရှိကြတယ်..။
မင်းကမာယာတွေနဲ့ စကားကြွယ်တယ်..
ငါက မင်းသားခေါင်းဆောင်းပြီးနားထောင်တယ်..။
ဒါပေမယ့် ငါတို့နှစ်ယောက်ရဲ့ ဖြူစင်တဲ့ကောက်ကျစ်မှုကို
ချစ်ခြင်းတရားတွေနဲ့ မရောထွေးခဲ့ဘူး...
မင်းလှမ်းတဲ့ လက်တစ်ဖက် ငါကမ်းတဲ့လက်တစ်ဖက်
လောဘမဟုတ်သော မျှော်လင့်ခြင်းတွေနဲ့
ငါတို့ တစ်သက်စာနွေးထွေးသွားရအောင် မျက်ခြယ်....။
၎။ မင်းရောက်တတ်ရာရာ သွားတဲ့လမ်းတွေမှာ
ငါဟာဓါတ်မီးတိုင်...
မင်းဖြစ်သလို သောက်တဲ့ကော်ဖီတစ်ခွက်မှာ
ငါဟာ ဇွန်းတစ်ချောင်း... ဒီလိုပဲဖြစ်ချင်ခဲ့တာပါမျက်ခြယ်..။
စိတ်ချလက်ချသာပွင့်လင်းပါ...
ငါတို့ နှစ်ယောက်မှာ ပါပါရာဇီတွေမရှိဘူး
ပျော်ပျော်ရွှင်ရွှင်နဲ့ သာ လေလွင့်ပါ
ငါတို့ နှစ်ယောက်ကို ဘောင်ခတ်ထားမယ့် ဆောင်ပုဒ်တွေမရှိဘူး
ကဲ..ဒီမှာ မင်းကြိုက်တဲ့ rock သီချင်း
ကဲ..ဒီမှာ မင်းမုန်းတဲ့ သစ္စာမရှိတဲ့လူတွေ
လိုချင်တာ လက်လှမ်းမှီတဲ့ဘ၀မှာ
ငါတို့ တွေလိုအပ်သလောက်ကိုသာ ရှူရှိက်လို့  အသက်ရှင်ရအောင်။
ငိုတဲ့အခါ ငို.. ရယ်တဲ့အခါရယ်.....
မင်းတို့ အဆောင်ရှေ့က စိန်ပန်းအကြွေတွေလောက်
ဘယ်အရာကပိုလှရဦးမှာတဲ့လဲ....
ဘာကို စိုးရီမ်နေမှာလဲ မျက်ခြယ်....
ကျယ်ပြန့် လွန်းတဲ့ စကြ၀ဋ္ဌာထဲမှာ
မင်းရောငါရောဟာ သေးသေးလေးတွေပဲ...
တိုက်နေခတ်နေတဲ့လေနီကြမ်းတွေက ငါတို့ အတွက်ဟုတ်ချင်မှဟုတ်မှာပေါ့
ကြမ်းတမ်းခက်ထန်တဲ့ လှိုင်းလုံးကြီးတွေက
ငါတို့ နှစ်ယောက်အတွက် ဟုတ်ချင်မှဟုတ်မှာပေါ့။
မသေချာခြင်း စီးဆင်းတဲ့မြစ်မှာ
ငါတို့ နှစ်ယောက်က ဘယ်အတ္တကို ဆုပ်ကိုင်ထားမှာလဲ...
လွင့်မျောပါမျက်ခြယ်...
မင်းရဲ့ ဘေးမှာ ငါရှိမယ်...
ဟိုး ....အဝေးခပ်ပြပြဆီမှာ...
ငါတို့ ရဲ့ ပင်လယ်ဟာမျှော်နေတော့မယ်.....။......။

မင်္ဂလာလက်ဖွဲ့ 
Saturday, January 24th, 2009


ဘေးပြောစကားနဲ့  သံသယအကောင်းစားတွေ

ယူသွားလို့ မရဘူး...ဒီနေရာမှာထားခဲ့ 

နားလည်ခြင်းနဲ့ ကိုယ်ချင်းစာတရားကိုဆောင်းထားပါ

အထဲမှာနဲနဲအေးတယ်။

သ၀န်တိုမှု၊ မာနတရား နှစ်ဖက်လုံးချွတ်ထားခဲ့ 

အထဲမှာနူးညံ့ခြင်းနဲ့ ဖေးမမှုတွေ ခင်းထားတယ်

အပြင်မှာတိုက်နေတဲ့ လေတွေက ဖောက်ပြန်နေသတဲ့ 

တံခါးတွေကို လုံအောင်ပိတ်ထားမှ။

ကလူကျီစယ်ခြင်းနဲ့ ရယ်မောသံတစ်ချို့ က ပြတင်းလိုက်ကာတွေပေါ့

အိမ်နောက်ဖေး မီးဖိုချောင်က အနံ့ သင်းသင်းလေးလား

ချစ်ခြင်းတရားရဲ့ ဟင်းချို ပါ

ခဏနေတို့ အတူသောက်ကြမယ်။

အလွမ်းမီးလုံးလေးကျွမ်းသွားတယ် အရေးမကြီးပါဘူး

အတူတူရှိနေတာပဲ...

တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပေါ့

မှန်တင်ခုံကိုကြည့်လိုက်ပါဦး

မျက်ဝန်းနှစ်စုံထဲမှာ တစ်ယောက်ကိုတစ်ယောက်ဖြူစင်စွာတပ်မက်လို့ 

သံသရာရှည်ဦးမတဲ့ လား ရှည်ပါစေလေ

ဒီလို မျိုးသာ အမြဲတစေ

နွေးထွေးနေပါစေ။

အိုခြင်း နာခြင်း သေခြင်း မှာ တို့ အတူ မွေ့ လျော်ကြတာပေါ့

ဟိုတစ်ဖက်က စမ်းရေစီးသံ

ဒီတစ်ဖက်က ငှက်တွေရဲ့ တေးသံ

သာယာကြည်နူးခြင်းနဲ့ တို့ နှစ်ယောက်ရဲ့ ဒီအိမ်လေးကို

ဘုရားသခင်က မင်္ဂလာလက်ဖွဲ့ ပေးခဲ့တာပေါ့ကွယ်။

မနက်ခင်းဆေးလိပ်တစ်ဖွာစာ
Sunday, August 10th, 2008

ဇော်ဇော်အောင်ရဲ့  ကဗျာတွေကိုနားလည်ဖို့ 

အချိန်ဘယ်လောက်ယူခဲ့ရလဲ။

ဘာတိုင်းထွာချက်မှမရှိတာပဲ...

မနက်ခင်းဆေးလိပ်တစ်ဖွာစာပေါ့။



ဗန် ဂိုး ရဲ့  အာလူးစားသူများကိ ခံစားနိုင်ဖို့ 

အချိန်ဘယ်လောက်ယူခဲ့ရလဲ။

ဘာတိုင်းထွာချက်မှမရှိတာပဲ...

မနက်ခင်းဆေးလိပ်တစ်ဖွာစာပေါ့။



စိုင်းဝင်းမြင်းရဲ့ တိုက်နေခတ်နေတဲ့လေထဲမှာ မျောပါသွားဖို့ 

အချိန်ဘယ်လောက်ယူခဲ့ရလဲ။

ဘာတိုင်းထွာချက်မှမရှိတာပဲ...

မနက်ခင်းဆေးလိပ်တစ်ဖွာစာပေါ့။



ထူးအိမ်သင်ရဲ့ အနုပညာအကျီင်္ ကို ၀တ်ဆင်ဖို့ 

အချိန်ဘယ်လောက်ယူခဲ့ရလဲ။

ဘာတိုင်းထွာချက်မှမရှိတာပဲ...

မနက်ခင်းဆေးလိပ်တစ်ဖွာစာပေါ့။





မိုးရွာထဲမှာလမ်းလျှောက်ဖို့ 

ကော်ဖီခါးခါးကို နှစ်နှစ်ခြိုက်ခြိုက်သောက်တတ်ဖို့ 

ဧရာဝတီရဲ့ လှိုင်းခတ်သံကိုနားဆင်ဖို့ 

မနာလိုဝန်တိုမှုတွေကိုပစ်ချထားခဲ့ ဖို့ 

လူချစ်လူခင်များဖို့ 

မိန်းကလေးတစ်ယောက်ရဲ့ နောက်ပိုင်းအလှကိုမကြည့်ပဲနေဖို့ 

လက်ဖက်ရည်တစ်ခွက်အကြွေးသောက်ရဖို့ 

ဒါတွေလည်း မနက်ခင်းဆေးလိပ်တစ်ဖွာစာပေါ့။



အင်း..... ခင်ဗျားဒီလို ကိုယ့်ကိုယ်ကိုညာတတ်ဖို့ ကိုကော....

..... ..... .....

..... ..... .....

မနက်ခင်းဆေးလိပ်တစ်ဖွာစာတော့ဖြစ်တန်ကောင်းပါရဲ့ ။ ။

မမတမ်းချင်း
Monday, February 2nd, 2009


မရဲ့ မျက်လုံး မအပြုံးမှာ

ရှုံးနိမ့် ပျော်ဝင်

မုန်တိုင်းဆင်သည်

ရင်ခွင်တုန်ဟီး လှုပ်ခတ်၏။



မရဲ့ ခြေလှမ်း မနှုတ်ခမ်းမှာ

အလွမ်းတွေပို

ပန်းတွေငိုသည်

သေဆိုလျှင်လည်း သေ၀ံ့၏။



မစိတ်မရွှင် မငြိုငြင်လို့ 

အမြင်မရိုး

မျက်စောင်းထိုးမှာ

အတ္တကမ်းရိုး ပြိုခဲ့၏။



မနားမှာနေ မစေရာသွား

မလာရာမျှော်

စိတ်မှန်းပျော်ပြီး

အိပ်မက်နန်းတော် ဆောက်ခဲ့ ၏။



မခြေဖ၀ါး ဖိနပ်ကြားမှာ

ဝပ်တွားခယ ကတ္တီပါစလို

ငြိမ်သက်ဝပ်သေ နေခဲ့ ၏။



မမျက်လွှာကြား မရဲ့ ပါးမှာ

သနပ်ခါးတင်

နံသာမြင်လို့ 

ရင်မှာ ခိုးပြီးရှိုက်မိ၏။



မနားမှာဝေ လိပ်ပြတွေကြောင့်

စိတ်တွေမှောက်မှား

သောကပွားအောင်

ထိပ်ထားမမ လုပ်တတ်၏။



မရဲ့ အလွမ်း မအနမ်းကို

မှန်းဆပုံဖော်

အပျော်လွန်လို့ 

နွံနစ်သော်လည်း မရုံးခဲ့ ပြီ။



မကိုလွမ်းရင် မျှော်တိုင်းမြင်လို့ 

သံယောဇဉ်နွယ်

အမြစ်တွယ်ကာ

ဆယ်သက်ဆယ်ကမ္ဘာ ချစ်တော့မည်။



မနဲ့ အတွေ့  မအရှေ့ မှာ

အသက်ငွေ့ ပျောက်

အာရုံနောက်လို့ 

မရဲ့ ရှေ့ မှောက်ဒူးထောက်မည်။



မရဲ့ ရင်ခွင် ချစ်ဥယာဉ်မှာ

ဝေဆာပွင့်ဖူး

ပန်းနုလှလှ

ထိုဘ၀ကို ရလို သည်။



မနဲ့ အဝေး ခဏလေးမှာ

အတွေးဓါတ်ပျက်

အအိပ်ခက်ပြီ

နံနက်တိုင်းလည်း မျှော်မိသည်။



မရဲ့ လူမိုက် မအကြိုက်အတွက်

ဆက်တိုက်ကြိုးစား

လူမြင်မှားအောင်

လိမ္မာရေးခြားရှိခဲ့ပြီ ။



မပျော်ပါစေ တောင်းဆုခြွေဖို့ 

စေတီင်္ဘုရား

နေ့ တိုင်းသွားကာ

ဘာသာတစ်ရား ကိုင်းရှိုင်းမည်။



မဘ၀င်ခိုက် ဂုဏ်ယူထိုက်အောင်

အမိုက်အမှား

ဖယ်ရှောင်ရှားလို့ 

စိတ်ထားကောင်းအောင် ကြိုးစားမည်။



မဥပက္ခာမကြင်နာလို့ 

ရင်မှာဖြေလျော့ 

ငိုမိတော့သည်

လေပြေအသော့မှာ ကြွေတော့၏။



အတွေ့ အိပ်မက် ရောင်စဉ်ပျက်လို့ 

အိပ်မက်တွေခမ်း

စိတ်ကူးပန်းလည်း

မနွမ်းခင်က ကြွေခဲ့ပြီ။



မရဲ့ သစ္စာ အကြင်နာကို

ခဏတာရ

သည်ဘ၀မှာ

မသေချာလာကြည့် အမျက်မရှိပြီ

သေရာပါထိ ဆက်ချစ်မည်။

လတ်တလော ၀ါကျများ
Tuesday, March 3rd, 2009

အဆုံးကိုသွားမယ်

ဒါဟာ အစဖြစ်တယ် အလယ်ဖြစ်တယ်

သိဖို့ မလိုအပ်ဘူး

ဆုံးခါနီးလည်းဖြစ်ချင်ဖြစ်မယ်

ဖြတ်သန်းရမယ်

ခြောက်ကမ်းပါး ပင်လယ် လွင်ပြင်

တစ်ချိန်မှာရှေးလူကြီးတွေ ပြောခဲ့သလို

အဆုံးကိုရောက်မယ်

ချွေးစက် သွေးစက် မျက်ရည်

အမှုမဲ့ အမှတ်မဲ့ သာထားခဲ့ 

အဆုံးကိုရောက်ရင် ရှေးလူကြီးတွေပြောသလို

မီးကုန်ယမ်းကုန် ပျော်ရွှင်ရမယ်

အရည်ပျော်ပါစေ ငါတို့ ဦးနှောက်တွေ ........

ခုတ်ထစ်ခံပါစေ ငါတို့ နှလုံးသားတွေ..........

ဖောက်ထုတ်ပစ်ပါစေ ငါတို့ မျက်လုံးတွေ.....

လှီးဖြတ်ကြပါစေ ငါတို့ ခြေလက်တွေ........



ရုတ်တရက်ဆိုသလို ပဲ



ခြေကုန်လက်ပန်းကျနေတဲ့  ရှေးလူကြီးတွေကို

အဆုံးမှာတွေ့ လိုက်ရတော့တယ်။

ကယောင်ကတမ်းပြိုကျတဲ့  ကဗျာ
Wednesday, August 13th, 2008

ကဗျာဟာကဗျာလိုပဲ

စကားလုံးတွေတည်ရှိတယ်

အဲဒီတည်ရှိခြင်းကနေ

မရှိခြင်းကို ဆွဲခေါ်သွားမယ်

အရာအားလုံးရဲ့ ရှိခြင်းကို

ခင်ဗျားတအံ့တသြငေးယူရတဲ့ အထိ...။

မကောင်းဘူးလို့ ယူဆမယ့်ဒီကဗျာမှာ

ခင်ဗျားကောင်းတယ်လို့ ထင်ရောင်ထင်မှားဖြစ်နေလိမ့်မယ်။

ကောင်းခြင်းမကောင်းခြင်းကို

ခင်ဗျားကိုယ်တိုင်ဆုံးဖြတ်မယ်

ဒါမှမဟုတ် ကျွန်တော်ဆုံးဖြတ်မယ်

ဒါမှမဟုတ် ဘယ်သူမှ

ဒါမှမဟုတ်လူတွေအားလုံး

ဆုံးဖြတ်ချင်ဆုံးဖြတ်မယ်

ဆုံးဖြတ်ချင်မှလည်းဆုံးဖြတ်မယ်

ခင်ဗျားနားမလည်တဲ့စာတစ်ကြောင်းဟာ

ကျွန်တော်ဖြစ်မယ်၊ခင်ဗျားဖြစ်မယ်

နှစ်ယောက်စလုံးဖြစ်မယ်...

ကဗျာဟာကဗျာဖြစ်တယ်ဆိုတာ

ခင်ဗျားတစ်ချိန်ချိန်မှာ မေ့လျော့ သွားလိမ့်မယ်

ဒါမှမဟုတ်သေတပန်သက်တဆုံး သတိရနေလိမ့်မယ်။



ကဗျာဟာကဗျာလိုပဲ စကားလုံးတွေတည်ရှိမယ်

ခင်ဗျားရှိမယ် ၊ကျွန်တော်ရှိမယ်၊တခါတရံမှာဘာမှမရှိဘူး။ ။

နှစ်ချို့ လက်ဖက်ရည်ဆိုင်
Friday, October 10th, 2008


ငါအိပ်ငိုက်တယ် ...။

ဒီလက်ဖက်ရည်ခွက်ထဲ ဘာတွေထည့်ထားသလဲ

ဟိုဘက်ကကောင်က ငါ့ကိုမိုက်ကြည့်ကြည့်တာလား

လာလွမ်းမနေနဲ့ ပိုက်ဆံပေးရင်ရတဲ့ ဟာမတွေ

ကျွန်တော်သိပ်မဖြေနိုင်ဘူး ဆရာ့အတွက်ဘလူးလေဘယ်ပါ

အကြွေမရှိဘူးကွာ သွားစမ်း သွားစမ်း

ခြေလက်အကောင်းကြီးနဲ့ တောင်းစားနေတယ်

ရေလည်းမတိုက်ဘူး ထိုင်လည်းမကန်တော့ဘူး

ထမင်းနပ်မှန်အောင် စားရဖို့ က အရေးအကြီးဆုံးပဲ

ဘာလို့ အဆင့်မမှီရမှလဲ မြန်မာဘီယာက ရွှေတံဆိပ်။



ငါအိပ်ငိုက်တယ် ...။

ဒီလက်ဖက်ရည်ခွက်ထဲ ဘာတွေထည့်ထားသလဲ

မတတ်နိုင်ဘူးဟေ့ကောင် ရတုန်းလေးတော့ဆွဲရမှာပဲ

မန်းနီးအစ်အဲဗရီးသင်းကွ

သုံးလေးပုံး ထိုးကျွေးပြီးပိတ်ပြစ်လိုက်ကွာ

မြတ်ရင်အကုန်လုပ်တယ် စိတ်မပူနဲ့ 

ဒါရှိရင် မျက်စိတွေအကုန်လုံးကို လိုက်ပိတ်လို့ ရတယ်

သစ်ပင်တွေမရှိတော့ရင် ဟုတ်လား

ငါတို့ မြစ်လောက်မှဖြစ်မယ့် ဟာတွေ တောမှာသွားပြော

ဘွဲ့ က ရရင်တော်ပြီဆိုပြီးယူထားတာ ဖော်ရှိုးပဲ

တစ်ပဲခြောက်ပြားနဲ့ ဘ၀ဖြစ်မလာဘူး။





ငါအိပ်ငိုက်တယ် ...။

ဒီလက်ဖက်ရည်ခွက်ထဲ ဘာတွေထည့်ထားသလဲ

ဟင့်အင်း .... ဟင့် . . . အင်း.....

နောက်တစ်ခွက်

အရသာတော့မဆိုးဘူးနော်

ဘာလို့ ဒီလောက်အိပ်ငိုက်နေရတာလဲ

ထောက်ခံပါတယ် ထောက်ခံပါတယ်

အိပ်ရေးဝရင်တော်ပါပြီ

ရပါတယ် နောက်တစ်ခွက်လောက်ထပ်သောက်တာပေါ့

ခင်ဗျားဟာက ဘာလက်ဖက်ရည်တုန်း။



ကျွန်တော်တကယ်လက်ဖက်ရည်ပြတ်ချင်ပါပြီ။ ။

အိမ်ထမင်းအိမ်ဟင်း
Wednesday, February 25th, 2009


ရော့ ဒီမှာ နေ့ တွက်ဖိုး

မိန်းမရေ ဈေးဖိုးဖယ်ပြီး

သမီးအတွက် ကွန်ဖါဘူးဝယ်ပါ

အိမ်ရှေ့ သရက်ပင်ခူးတာ

ဒီနေ့ ဘယ်နှလုံးရ

အိမ်နီးချင်းတွေကိုလည်း ပေးလိုက်ပါ

ညအခါ လသာသာ ကစားမလား နားမလား

ဖေကြီး မီးမီးအိပ်ချင်ဘီ ပုံပြောပြ

မိန်းမမွေးနေ့ 

လမ်းထိပ်စတိုးက ကလစ်လေးဝယ်လာ

ခေါင်းမိုးအပေါက်ကနေလည်း လရောင်တွေဖြာလို့ 

ရေဒီယိုကလာတဲ့ 

ယနေ့ မှစနှစ်တစ်ရာတိုင်

မနက်ခင်းမသွားခင် တိုင်ကီထဲရေဖြည့်ခဲ့ 

ဈေးကအပြန်ရှင့်အတွက် ကြက်အသဲအမြစ်ဝယ်ခဲ့မယ်

ဒီနေ့ ကဘာဟင်းလဲ

ကန်စွန်းရွက်ချည်ရည်

နောက်ဖေးဆင်းခူးတာမျှော့တွယ်လို့ 

ဘာပဲဖြစ်ဖြစ် သမီးအတွက်ငါးကြော်ထားပါ

ရုပ်မြင်သံကြားမရှိတော့လည်း

စောစောအိပ်ယာဝင်လို့ ရတာပ

ရေဒီယိုအစီအစဉ်အပြီး



ရှင်မရေ.... ဆီမီးခွက်ကိုငြိမ်းလိုက်တော့။

အဝေးပြေးခရိးသည်
Wednesday, January 14th, 2009


အဲ့ဒီလိုနဲ့ သူ့ ကိုခေတ်ထဲမှာထားခဲ့ကြတယ်။

ရွာအ၀င်လမ်းဟာ အရင်ကလို ဖုန်သိပ်မထတော့ပြန်ဘူး။

သယ်ဆောင်လာခဲ့တာ ပန်းပွင့်တွေပါလို့  ဘယ်သူပြောလိုက်ပါလိမ့်။

ရထားဆိုက်ချိန်နောက်ကျတယ်... ဒါသိပ်မဆိုင်ဘူး။

နှင်းဆီပန်းဆိုတာ ဆူးနဲ့ ဆိုပဲ ဒါတော့ဟုတ်မှာ။ သွေးထွက်တတ်တယ်။

အိပ်မက်ထဲမှာလဲ ယာဉ်ထိန်းရဲတွေပါလာသေးတယ် လေတယ်ကွာ။

မြစ်ထဲမှာသောင်တွေထွန်းလာပြီ ပဲစိုက်မလား နှမ်းစိုက်မလား။

အရာရာတိုင်းမှာနောက်ကျခဲ့သူတစ်ယောက်ပါတဲ့။ သေတဲ့အခါကြတော့.....။

ရေးချင်တာလျှောက်ရေးတာ အနုပညာမဟုတ်ဘူး။ မော်ဒန်မဟုတ်ဘူး။ ပိုစ်မော်ဒန်မဟုတ်ဘူး။

နားမလည်တိုင်း ခေတ်ဆန်တာမဟုတ်ဘူးတဲ့။

နားလည်တယ်ဆိုတာကရော ဘာမို့ လို့ လဲ။

ကဲ.... ကျွန်တော်လည်းနားမလည်ဘူး။ ခင်ဗျားလည်းနားမလည်ဘူးဆိုပါတော့။

အနုပညာဟုတ်ပါတယ်ဆိုပြိး ဆိုင်းဘုတ်ထောင်ထားတာမဟုတ်။

အနုပညာဟုတ်ပါတယ်ဆိုပြိး ၀ရန်တီကဒ်တွေပေးထားတမဟုတ်။

ခင်ဗျား စားသုံးနေတာ အနုပညာမဟုတ်မှန်း တဖြည်းဖြည်းရိပ်မိလာတဲ့အခါ

ကျွန်တော့ကို အနုပညာသမားဟုတ်မှန်း ရိပ်မိလာတဲ့ အခါ

ခင်ဗျားရော ကျွန်တော်ရော ဘာမှမဟုတ်မှန်းရိပ်မိလာတဲ့အခါ

ဘယ်သူမှဘာမှမဟုတ်မှန်း လူတွေအားလုံးရိပ်မိလာတဲ့အခါ..

........... အဲ့ဒီအခါ.......



ဂိတ်ဆုံးပါပြိ။ လိုက်ပါလာတဲ့ခရိးသည်များ ဒီနေရာမှာ ဂိတ်ဆုံးပါပြီ။ အားလုံးဆင်းပေးကြပါ။

လမ်းပေါ်မှာပဲ ရွာချလိုက်ပါ။

ဒီတစ်ခါမိုးဟာ ဟိုတစ်ခါလိုသည်းမယ်လို့ သူတို့ ထင်ဦးမှာပဲ။



တမင်တကာလုပ်တဲ့ မတော်တဆတွေလည်းရွာ

မသိုးမသန့် မျက်စောင်းတွေလည်းရွာ

ဖိနပ်မစီးတဲ့ စကားလုံးတွေလည်းရွာ

အန်ဖတ်ဆို့ နေတဲ့ နှင်းဆီပန်းတွေလည်းရွာ

မသိနားမလည်ခြင်းများလည်းရွာ

လက်ဖက်ရည်ဆိုင်မှာပေးဖို့ အကြွေးတွေလည်းရွာ

သူငယ်ချင်းတစ်ယောက်အမေရဲ့  ကင်ဆာရောဂါလည်းရွာ

ကားစပါယ်ယာရဲ့ လျှို့ ဝှက်အိပ်ကပ် ကလေးလည်းရွာ

ထုံးသုတ်ထားတဲ့  မလေးရှားပိတောက်ပန်းတွေလည်းရွာ

ဘာပဲရွာရွာ လမ်းပေါ်မှာပဲရွာပါ။

တစ်ရက်တစ်မနက် လောက်ပဲဖြစ်ဖြစ်

ကိုင်ဇာရဲ့ မိုးသီချင်းလို

ငါတို့  နဲနဲပါးပါးလောက်စိုကြည့်ကြရအောင်။