မင်္ဂလာလက်ဖွဲ့ 
Saturday, January 24th, 2009
ဘေးပြောစကားနဲ့  သံသယအကောင်းစားတွေ
ယူသွားလို့ မရဘူး...ဒီနေရာမှာထားခဲ့ 
နားလည်ခြင်းနဲ့ ကိုယ်ချင်းစာတရားကိုဆောင်းထားပါ
အထဲမှာနဲနဲအေးတယ်။
သ၀န်တိုမှု၊ မာနတရား နှစ်ဖက်လုံးချွတ်ထားခဲ့ 
အထဲမှာနူးညံ့ခြင်းနဲ့ ဖေးမမှုတွေ ခင်းထားတယ်
အပြင်မှာတိုက်နေတဲ့ လေတွေက ဖောက်ပြန်နေသတဲ့ 
တံခါးတွေကို လုံအောင်ပိတ်ထားမှ။
ကလူကျီစယ်ခြင်းနဲ့ ရယ်မောသံတစ်ချို့ က ပြတင်းလိုက်ကာတွေပေါ့
အိမ်နောက်ဖေး မီးဖိုချောင်က အနံ့ သင်းသင်းလေးလား
ချစ်ခြင်းတရားရဲ့ ဟင်းချို ပါ
ခဏနေတို့ အတူသောက်ကြမယ်။
အလွမ်းမီးလုံးလေးကျွမ်းသွားတယ် အရေးမကြီးပါဘူး
အတူတူရှိနေတာပဲ...
တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပေါ့
မှန်တင်ခုံကိုကြည့်လိုက်ပါဦး
မျက်ဝန်းနှစ်စုံထဲမှာ တစ်ယောက်ကိုတစ်ယောက်ဖြူစင်စွာတပ်မက်လို့ 
သံသရာရှည်ဦးမတဲ့ လား ရှည်ပါစေလေ
ဒီလို မျိုးသာ အမြဲတစေ
နွေးထွေးနေပါစေ။
အိုခြင်း နာခြင်း သေခြင်း မှာ တို့ အတူ မွေ့ လျော်ကြတာပေါ့
ဟိုတစ်ဖက်က စမ်းရေစီးသံ
ဒီတစ်ဖက်က ငှက်တွေရဲ့ တေးသံ
သာယာကြည်နူးခြင်းနဲ့ တို့ နှစ်ယောက်ရဲ့ ဒီအိမ်လေးကို
ဘုရားသခင်က မင်္ဂလာလက်ဖွဲ့ ပေးခဲ့တာပေါ့ကွယ်။
ဗုဒ္ဓတရားတော်
"It is very difficult for one to stay alive"
"It is very difficult for one to have a chance to listen to sublime dhamma"
"It is very difficult for one to be in sasana's presence"
Labels
- IE မှာ မြန်မာစာကောင်းကောင်းဖတ်နိုင်ဖို့ (1)
- karen Traditional Wrist Tying Ceremony (1)
- NOKIA Phone Codes (1)
- Nokia Secret Codes (1)
- shortcut command for windows (1)
- sitminn (2)
- ကွန်ပျူတာ တက္ကသိုလ် က အမှတ်တရများ (1)
- ကွန်ပျူတာ တက္ကသိုလ် အမှတ်တရများ (1)
- ကွန်ပျူတာ တက္ကသိုလ်က အမှတ်တရများ (1)
- ကွန်ပျူတာတက္ကသိုလ်တုန်းက အမှတ်တရများ (1)
- ဒီဇင်ဘာခင် (2)
- ဒီဇင်ဘာခင်(ခေတ္တ အင်္ဂလန်) (2)
- ဖိုးခွား (15)
- ဘာသာပြန်သူ……….အိမ်မက်နွေ (1)
Blog Archive
ဧည့်သည်များ
မင်္ဂလာပါဗျာ
သူငယ်ချင်းများ၏ထင်မြင်ချက်များ
မနက်ခင်းဆေးလိပ်တစ်ဖွာစာ
Sunday, August 10th, 2008
ဇော်ဇော်အောင်ရဲ့  ကဗျာတွေကိုနားလည်ဖို့ 
အချိန်ဘယ်လောက်ယူခဲ့ရလဲ။
ဘာတိုင်းထွာချက်မှမရှိတာပဲ...
မနက်ခင်းဆေးလိပ်တစ်ဖွာစာပေါ့။
ဗန် ဂိုး ရဲ့  အာလူးစားသူများကိ ခံစားနိုင်ဖို့ 
အချိန်ဘယ်လောက်ယူခဲ့ရလဲ။
ဘာတိုင်းထွာချက်မှမရှိတာပဲ...
မနက်ခင်းဆေးလိပ်တစ်ဖွာစာပေါ့။
စိုင်းဝင်းမြင်းရဲ့ တိုက်နေခတ်နေတဲ့လေထဲမှာ မျောပါသွားဖို့ 
အချိန်ဘယ်လောက်ယူခဲ့ရလဲ။
ဘာတိုင်းထွာချက်မှမရှိတာပဲ...
မနက်ခင်းဆေးလိပ်တစ်ဖွာစာပေါ့။
ထူးအိမ်သင်ရဲ့ အနုပညာအကျီင်္ ကို ၀တ်ဆင်ဖို့ 
အချိန်ဘယ်လောက်ယူခဲ့ရလဲ။
ဘာတိုင်းထွာချက်မှမရှိတာပဲ...
မနက်ခင်းဆေးလိပ်တစ်ဖွာစာပေါ့။
မိုးရွာထဲမှာလမ်းလျှောက်ဖို့ 
ကော်ဖီခါးခါးကို နှစ်နှစ်ခြိုက်ခြိုက်သောက်တတ်ဖို့ 
ဧရာဝတီရဲ့ လှိုင်းခတ်သံကိုနားဆင်ဖို့ 
မနာလိုဝန်တိုမှုတွေကိုပစ်ချထားခဲ့ ဖို့ 
လူချစ်လူခင်များဖို့ 
မိန်းကလေးတစ်ယောက်ရဲ့ နောက်ပိုင်းအလှကိုမကြည့်ပဲနေဖို့ 
လက်ဖက်ရည်တစ်ခွက်အကြွေးသောက်ရဖို့ 
ဒါတွေလည်း မနက်ခင်းဆေးလိပ်တစ်ဖွာစာပေါ့။
အင်း..... ခင်ဗျားဒီလို ကိုယ့်ကိုယ်ကိုညာတတ်ဖို့ ကိုကော....
..... ..... .....
..... ..... .....
မနက်ခင်းဆေးလိပ်တစ်ဖွာစာတော့ဖြစ်တန်ကောင်းပါရဲ့ ။ ။
မမတမ်းချင်း
Monday, February 2nd, 2009
မရဲ့ မျက်လုံး မအပြုံးမှာ
ရှုံးနိမ့် ပျော်ဝင်
မုန်တိုင်းဆင်သည်
ရင်ခွင်တုန်ဟီး လှုပ်ခတ်၏။
မရဲ့ ခြေလှမ်း မနှုတ်ခမ်းမှာ
အလွမ်းတွေပို
ပန်းတွေငိုသည်
သေဆိုလျှင်လည်း သေ၀ံ့၏။
မစိတ်မရွှင် မငြိုငြင်လို့ 
အမြင်မရိုး
မျက်စောင်းထိုးမှာ
အတ္တကမ်းရိုး ပြိုခဲ့၏။
မနားမှာနေ မစေရာသွား
မလာရာမျှော်
စိတ်မှန်းပျော်ပြီး
အိပ်မက်နန်းတော် ဆောက်ခဲ့ ၏။
မခြေဖ၀ါး ဖိနပ်ကြားမှာ
ဝပ်တွားခယ ကတ္တီပါစလို
ငြိမ်သက်ဝပ်သေ နေခဲ့ ၏။
မမျက်လွှာကြား မရဲ့ ပါးမှာ
သနပ်ခါးတင်
နံသာမြင်လို့ 
ရင်မှာ ခိုးပြီးရှိုက်မိ၏။
မနားမှာဝေ လိပ်ပြတွေကြောင့်
စိတ်တွေမှောက်မှား
သောကပွားအောင်
ထိပ်ထားမမ လုပ်တတ်၏။
မရဲ့ အလွမ်း မအနမ်းကို
မှန်းဆပုံဖော်
အပျော်လွန်လို့ 
နွံနစ်သော်လည်း မရုံးခဲ့ ပြီ။
မကိုလွမ်းရင် မျှော်တိုင်းမြင်လို့ 
သံယောဇဉ်နွယ်
အမြစ်တွယ်ကာ
ဆယ်သက်ဆယ်ကမ္ဘာ ချစ်တော့မည်။
မနဲ့ အတွေ့  မအရှေ့ မှာ
အသက်ငွေ့ ပျောက်
အာရုံနောက်လို့ 
မရဲ့ ရှေ့ မှောက်ဒူးထောက်မည်။
မရဲ့ ရင်ခွင် ချစ်ဥယာဉ်မှာ
ဝေဆာပွင့်ဖူး
ပန်းနုလှလှ
ထိုဘ၀ကို ရလို သည်။
မနဲ့ အဝေး ခဏလေးမှာ
အတွေးဓါတ်ပျက်
အအိပ်ခက်ပြီ
နံနက်တိုင်းလည်း မျှော်မိသည်။
မရဲ့ လူမိုက် မအကြိုက်အတွက်
ဆက်တိုက်ကြိုးစား
လူမြင်မှားအောင်
လိမ္မာရေးခြားရှိခဲ့ပြီ ။
မပျော်ပါစေ တောင်းဆုခြွေဖို့ 
စေတီင်္ဘုရား
နေ့ တိုင်းသွားကာ
ဘာသာတစ်ရား ကိုင်းရှိုင်းမည်။
မဘ၀င်ခိုက် ဂုဏ်ယူထိုက်အောင်
အမိုက်အမှား
ဖယ်ရှောင်ရှားလို့ 
စိတ်ထားကောင်းအောင် ကြိုးစားမည်။
မဥပက္ခာမကြင်နာလို့ 
ရင်မှာဖြေလျော့ 
ငိုမိတော့သည်
လေပြေအသော့မှာ ကြွေတော့၏။
အတွေ့ အိပ်မက် ရောင်စဉ်ပျက်လို့ 
အိပ်မက်တွေခမ်း
စိတ်ကူးပန်းလည်း
မနွမ်းခင်က ကြွေခဲ့ပြီ။
မရဲ့ သစ္စာ အကြင်နာကို
ခဏတာရ
သည်ဘ၀မှာ
မသေချာလာကြည့် အမျက်မရှိပြီ
သေရာပါထိ ဆက်ချစ်မည်။
လတ်တလော ၀ါကျများ
Tuesday, March 3rd, 2009
အဆုံးကိုသွားမယ်
ဒါဟာ အစဖြစ်တယ် အလယ်ဖြစ်တယ်
သိဖို့ မလိုအပ်ဘူး
ဆုံးခါနီးလည်းဖြစ်ချင်ဖြစ်မယ်
ဖြတ်သန်းရမယ်
ခြောက်ကမ်းပါး ပင်လယ် လွင်ပြင်
တစ်ချိန်မှာရှေးလူကြီးတွေ ပြောခဲ့သလို
အဆုံးကိုရောက်မယ်
ချွေးစက် သွေးစက် မျက်ရည်
အမှုမဲ့ အမှတ်မဲ့ သာထားခဲ့ 
အဆုံးကိုရောက်ရင် ရှေးလူကြီးတွေပြောသလို
မီးကုန်ယမ်းကုန် ပျော်ရွှင်ရမယ်
အရည်ပျော်ပါစေ ငါတို့ ဦးနှောက်တွေ ........
ခုတ်ထစ်ခံပါစေ ငါတို့ နှလုံးသားတွေ..........
ဖောက်ထုတ်ပစ်ပါစေ ငါတို့ မျက်လုံးတွေ.....
လှီးဖြတ်ကြပါစေ ငါတို့ ခြေလက်တွေ........
ရုတ်တရက်ဆိုသလို ပဲ
ခြေကုန်လက်ပန်းကျနေတဲ့  ရှေးလူကြီးတွေကို
အဆုံးမှာတွေ့ လိုက်ရတော့တယ်။
ကယောင်ကတမ်းပြိုကျတဲ့  ကဗျာ
Wednesday, August 13th, 2008
ကဗျာဟာကဗျာလိုပဲ
စကားလုံးတွေတည်ရှိတယ်
အဲဒီတည်ရှိခြင်းကနေ
မရှိခြင်းကို ဆွဲခေါ်သွားမယ်
အရာအားလုံးရဲ့ ရှိခြင်းကို
ခင်ဗျားတအံ့တသြငေးယူရတဲ့ အထိ...။
မကောင်းဘူးလို့ ယူဆမယ့်ဒီကဗျာမှာ
ခင်ဗျားကောင်းတယ်လို့ ထင်ရောင်ထင်မှားဖြစ်နေလိမ့်မယ်။
ကောင်းခြင်းမကောင်းခြင်းကို
ခင်ဗျားကိုယ်တိုင်ဆုံးဖြတ်မယ်
ဒါမှမဟုတ် ကျွန်တော်ဆုံးဖြတ်မယ်
ဒါမှမဟုတ် ဘယ်သူမှ
ဒါမှမဟုတ်လူတွေအားလုံး
ဆုံးဖြတ်ချင်ဆုံးဖြတ်မယ်
ဆုံးဖြတ်ချင်မှလည်းဆုံးဖြတ်မယ်
ခင်ဗျားနားမလည်တဲ့စာတစ်ကြောင်းဟာ
ကျွန်တော်ဖြစ်မယ်၊ခင်ဗျားဖြစ်မယ်
နှစ်ယောက်စလုံးဖြစ်မယ်...
ကဗျာဟာကဗျာဖြစ်တယ်ဆိုတာ
ခင်ဗျားတစ်ချိန်ချိန်မှာ မေ့လျော့ သွားလိမ့်မယ်
ဒါမှမဟုတ်သေတပန်သက်တဆုံး သတိရနေလိမ့်မယ်။
ကဗျာဟာကဗျာလိုပဲ စကားလုံးတွေတည်ရှိမယ်
ခင်ဗျားရှိမယ် ၊ကျွန်တော်ရှိမယ်၊တခါတရံမှာဘာမှမရှိဘူး။ ။
နှစ်ချို့ လက်ဖက်ရည်ဆိုင်
Friday, October 10th, 2008
ငါအိပ်ငိုက်တယ် ...။
ဒီလက်ဖက်ရည်ခွက်ထဲ ဘာတွေထည့်ထားသလဲ
ဟိုဘက်ကကောင်က ငါ့ကိုမိုက်ကြည့်ကြည့်တာလား
လာလွမ်းမနေနဲ့ ပိုက်ဆံပေးရင်ရတဲ့ ဟာမတွေ
ကျွန်တော်သိပ်မဖြေနိုင်ဘူး ဆရာ့အတွက်ဘလူးလေဘယ်ပါ
အကြွေမရှိဘူးကွာ သွားစမ်း သွားစမ်း
ခြေလက်အကောင်းကြီးနဲ့ တောင်းစားနေတယ်
ရေလည်းမတိုက်ဘူး ထိုင်လည်းမကန်တော့ဘူး
ထမင်းနပ်မှန်အောင် စားရဖို့ က အရေးအကြီးဆုံးပဲ
ဘာလို့ အဆင့်မမှီရမှလဲ မြန်မာဘီယာက ရွှေတံဆိပ်။
ငါအိပ်ငိုက်တယ် ...။
ဒီလက်ဖက်ရည်ခွက်ထဲ ဘာတွေထည့်ထားသလဲ
မတတ်နိုင်ဘူးဟေ့ကောင် ရတုန်းလေးတော့ဆွဲရမှာပဲ
မန်းနီးအစ်အဲဗရီးသင်းကွ
သုံးလေးပုံး ထိုးကျွေးပြီးပိတ်ပြစ်လိုက်ကွာ
မြတ်ရင်အကုန်လုပ်တယ် စိတ်မပူနဲ့ 
ဒါရှိရင် မျက်စိတွေအကုန်လုံးကို လိုက်ပိတ်လို့ ရတယ်
သစ်ပင်တွေမရှိတော့ရင် ဟုတ်လား
ငါတို့ မြစ်လောက်မှဖြစ်မယ့် ဟာတွေ တောမှာသွားပြော
ဘွဲ့ က ရရင်တော်ပြီဆိုပြီးယူထားတာ ဖော်ရှိုးပဲ
တစ်ပဲခြောက်ပြားနဲ့ ဘ၀ဖြစ်မလာဘူး။
ငါအိပ်ငိုက်တယ် ...။
ဒီလက်ဖက်ရည်ခွက်ထဲ ဘာတွေထည့်ထားသလဲ
ဟင့်အင်း .... ဟင့် . . . အင်း.....
နောက်တစ်ခွက်
အရသာတော့မဆိုးဘူးနော်
ဘာလို့ ဒီလောက်အိပ်ငိုက်နေရတာလဲ
ထောက်ခံပါတယ် ထောက်ခံပါတယ်
အိပ်ရေးဝရင်တော်ပါပြီ
ရပါတယ် နောက်တစ်ခွက်လောက်ထပ်သောက်တာပေါ့
ခင်ဗျားဟာက ဘာလက်ဖက်ရည်တုန်း။
ကျွန်တော်တကယ်လက်ဖက်ရည်ပြတ်ချင်ပါပြီ။ ။
အိမ်ထမင်းအိမ်ဟင်း
Wednesday, February 25th, 2009
ရော့ ဒီမှာ နေ့ တွက်ဖိုး
မိန်းမရေ ဈေးဖိုးဖယ်ပြီး
သမီးအတွက် ကွန်ဖါဘူးဝယ်ပါ
အိမ်ရှေ့ သရက်ပင်ခူးတာ
ဒီနေ့ ဘယ်နှလုံးရ
အိမ်နီးချင်းတွေကိုလည်း ပေးလိုက်ပါ
ညအခါ လသာသာ ကစားမလား နားမလား
ဖေကြီး မီးမီးအိပ်ချင်ဘီ ပုံပြောပြ
မိန်းမမွေးနေ့ 
လမ်းထိပ်စတိုးက ကလစ်လေးဝယ်လာ
ခေါင်းမိုးအပေါက်ကနေလည်း လရောင်တွေဖြာလို့ 
ရေဒီယိုကလာတဲ့ 
ယနေ့ မှစနှစ်တစ်ရာတိုင်
မနက်ခင်းမသွားခင် တိုင်ကီထဲရေဖြည့်ခဲ့ 
ဈေးကအပြန်ရှင့်အတွက် ကြက်အသဲအမြစ်ဝယ်ခဲ့မယ်
ဒီနေ့ ကဘာဟင်းလဲ
ကန်စွန်းရွက်ချည်ရည်
နောက်ဖေးဆင်းခူးတာမျှော့တွယ်လို့ 
ဘာပဲဖြစ်ဖြစ် သမီးအတွက်ငါးကြော်ထားပါ
ရုပ်မြင်သံကြားမရှိတော့လည်း
စောစောအိပ်ယာဝင်လို့ ရတာပ
ရေဒီယိုအစီအစဉ်အပြီး
ရှင်မရေ.... ဆီမီးခွက်ကိုငြိမ်းလိုက်တော့။
အဝေးပြေးခရိးသည်
Wednesday, January 14th, 2009
အဲ့ဒီလိုနဲ့ သူ့ ကိုခေတ်ထဲမှာထားခဲ့ကြတယ်။
ရွာအ၀င်လမ်းဟာ အရင်ကလို ဖုန်သိပ်မထတော့ပြန်ဘူး။
သယ်ဆောင်လာခဲ့တာ ပန်းပွင့်တွေပါလို့  ဘယ်သူပြောလိုက်ပါလိမ့်။
ရထားဆိုက်ချိန်နောက်ကျတယ်... ဒါသိပ်မဆိုင်ဘူး။
နှင်းဆီပန်းဆိုတာ ဆူးနဲ့ ဆိုပဲ ဒါတော့ဟုတ်မှာ။ သွေးထွက်တတ်တယ်။
အိပ်မက်ထဲမှာလဲ ယာဉ်ထိန်းရဲတွေပါလာသေးတယ် လေတယ်ကွာ။
မြစ်ထဲမှာသောင်တွေထွန်းလာပြီ ပဲစိုက်မလား နှမ်းစိုက်မလား။
အရာရာတိုင်းမှာနောက်ကျခဲ့သူတစ်ယောက်ပါတဲ့။ သေတဲ့အခါကြတော့.....။
ရေးချင်တာလျှောက်ရေးတာ အနုပညာမဟုတ်ဘူး။ မော်ဒန်မဟုတ်ဘူး။ ပိုစ်မော်ဒန်မဟုတ်ဘူး။
နားမလည်တိုင်း ခေတ်ဆန်တာမဟုတ်ဘူးတဲ့။
နားလည်တယ်ဆိုတာကရော ဘာမို့ လို့ လဲ။
ကဲ.... ကျွန်တော်လည်းနားမလည်ဘူး။ ခင်ဗျားလည်းနားမလည်ဘူးဆိုပါတော့။
အနုပညာဟုတ်ပါတယ်ဆိုပြိး ဆိုင်းဘုတ်ထောင်ထားတာမဟုတ်။
အနုပညာဟုတ်ပါတယ်ဆိုပြိး ၀ရန်တီကဒ်တွေပေးထားတမဟုတ်။
ခင်ဗျား စားသုံးနေတာ အနုပညာမဟုတ်မှန်း တဖြည်းဖြည်းရိပ်မိလာတဲ့အခါ
ကျွန်တော့ကို အနုပညာသမားဟုတ်မှန်း ရိပ်မိလာတဲ့ အခါ
ခင်ဗျားရော ကျွန်တော်ရော ဘာမှမဟုတ်မှန်းရိပ်မိလာတဲ့အခါ
ဘယ်သူမှဘာမှမဟုတ်မှန်း လူတွေအားလုံးရိပ်မိလာတဲ့အခါ..
........... အဲ့ဒီအခါ.......
ဂိတ်ဆုံးပါပြိ။ လိုက်ပါလာတဲ့ခရိးသည်များ ဒီနေရာမှာ ဂိတ်ဆုံးပါပြီ။ အားလုံးဆင်းပေးကြပါ။
လမ်းပေါ်မှာပဲ ရွာချလိုက်ပါ။
ဒီတစ်ခါမိုးဟာ ဟိုတစ်ခါလိုသည်းမယ်လို့ သူတို့ ထင်ဦးမှာပဲ။
တမင်တကာလုပ်တဲ့ မတော်တဆတွေလည်းရွာ
မသိုးမသန့် မျက်စောင်းတွေလည်းရွာ
ဖိနပ်မစီးတဲ့ စကားလုံးတွေလည်းရွာ
အန်ဖတ်ဆို့ နေတဲ့ နှင်းဆီပန်းတွေလည်းရွာ
မသိနားမလည်ခြင်းများလည်းရွာ
လက်ဖက်ရည်ဆိုင်မှာပေးဖို့ အကြွေးတွေလည်းရွာ
သူငယ်ချင်းတစ်ယောက်အမေရဲ့  ကင်ဆာရောဂါလည်းရွာ
ကားစပါယ်ယာရဲ့ လျှို့ ဝှက်အိပ်ကပ် ကလေးလည်းရွာ
ထုံးသုတ်ထားတဲ့  မလေးရှားပိတောက်ပန်းတွေလည်းရွာ
ဘာပဲရွာရွာ လမ်းပေါ်မှာပဲရွာပါ။
တစ်ရက်တစ်မနက် လောက်ပဲဖြစ်ဖြစ်
ကိုင်ဇာရဲ့ မိုးသီချင်းလို
ငါတို့  နဲနဲပါးပါးလောက်စိုကြည့်ကြရအောင်။
သူငယ်တန်းတက်စ ၅နှစ်သမီးလေး
“မေမေ .. မေမေ သမီးကို အတန်းထဲက ကောင်လေးက ကြိုက်လို့တဲ့။ သမီးကို ယူမယ်လို့ပြောတယ်”
“သမီးကိုယူဖို့ သူ့မှာ အလုပ်အကိုင်ရော ရှိလို့လား”
“ရှိတယ် မေမေ... သူက သမီးတို့အတန်းက ကျောက်သင်ပုန်းဖျက်တဲ့လူလေ”
၂)
မောင်မယ်သစ်လွင် ကြိုဆိုပွဲ
ကျောင်းသားသစ်..... ကျွန်တော်ငယ်ငယ်တုန်းက ဖြူဖြူဖွေးဖွေး ချစ်စရာလေး။ မေမေက ကျွန်တော့်ဆံပင်ကို ကောက်လိုက်တော့ မိန်းကလေးနဲ့ ပိုတူသွားတယ်။ လူတိုင်းက ကျွန်တော့်ကို မိန်းကလေးလို့ ထင်ကြတယ်။
ကျောင်းသားများ ....... မင်းစိတ်ညစ်ရတာပေါ့။
ကျောင်းသားသစ်..... စိတ်ညစ်တာပေါ့ဗျာ။ အတန်းပိုင် ဆရာမကတောင် ကျွန်တော့်ကို မိန်းကလေးလို့ထင်ပြီး ကောင်မလေးတွေနဲ့ ထိုင်ခိုင်းတယ်။ နောက်တော့ အမေက ကောက်နေတဲ့ ကျွန်တော့်ဆံပင်တွေကို ညှပ်ပစ်လိုက်မှ ယောက်ျားလေးမှန်း သိသွားကြတယ်။
ကျောင်းသားများ..... ဟာ .. ဒါဆို မင်းတို့အတန်းပိုင် လန့်သွားမှာပေါ့။
ကျောင်းသားသစ်..... ဆရာမ လန့်မသွားဘူး။ ကျွန်တော့်ကို မိန်းကလေးထင်ပြီး နေ့တိုင်း ကျောင်းကြို ကျောင်းပို့လုပ်နေတဲ့ ကျောင်းသားက လန့်သွားတာ...
၃)
တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ပြောတယ်။
ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင် သင်ပေးပေမယ့် မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့ ကြက်တူရွေးပြန်အော်တာကို သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့ ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့ သူဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပစ်လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး အတောင်တဖတ်ဖတ်နဲ့ ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့ ကြက်တူရွေးကို ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက “အရင်က ကျွန်တော် ရိုင်းစိုင်းခဲ့တာတွေကို ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို ကျွန်တော်ပြုပြင်ပါ့မယ်” လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။
အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို ကြည့်ပြီး ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို မေးမယ်ကြံတုန်းမှာ ကြက်တူရွေး မေးလိုက်တာက “ဒါနဲ့ မသိလို့ မေးပါရစေ... ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင် နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ ဟင်း” ဟူတည်း
တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။ ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။
မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်
ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်.. သူ့ကိုသွားခိုင်းလိုက်...
ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။ သူ့ကိုသွားခိုင်းလိုက်..
တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....
“မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... ” ဆိုပြီး ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။
ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။ ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။
ပင့်ကူက ဒေါသတကြီး “မင်း ကြာလှချည်လား? အားလုံး မင်းကို စောင့်နေတာ မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ” လို့ အော်တော့ ကင်းခြေ ပြန်ဖြေလိုက်တာက “ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ” ဟူတည်း။
အိပ်မှ မအိပ်ချင်သေးတာ
မောင်ပီတာလေး ကျောင်းကိုလာတော့ မျက်ကွင်းတစ်ဘက်ညိုနေတရ်..
ဆရာမ… " ပီတာ ဘာလို့မျက်ကွင်းတစ်ဘက်ညိုနေတာလဲ"
ပီတာ…" ကျွန်တော်က အဖေနဲ့အမေရဲ့ဘေးမှာအိပ်ရတာ..
ညတုန်းကအဖေက ကျွန်တော့်ကို သားအိပ်ပြီးလာလို့မေးတရ်..
ကျွန်တော်က မအိပ်သေးဘူးလို့ပြန်ဖြေတရ်..
နည်းနည်းကြာတော့ ထပ်မေးတရ်.. သားအိပ်ပြီလား.. ကျွန်တော်က
မအိပ်သေးဘူးလို့ထပ်ဖြေတရ်.. အဲဒီမှာ ကျွန်တော့်ကို လက်သီးနဲ့
ထထိုးတော့တာပဲဗျာ…
ဆရာမ…" ဒါဆိုဒီနေ့ညကျရင် အိပ်ချင်ယောင်ဆောင်လိုက် "
ပီတာ …" ဟုတ်ကဲ့ပါ ဆရာမ "
နောက်တစ်နေ့ကျောင်းသို့လာတော့ပီတာလေး မျက်ကွင်းနှစ်ဖက်ညိုနေတရ်…
ဆရာမ.. " ပီတာလေး ဘာလို့နှစ်ဖက်လုံးညိုသွားရတာလဲ.."
ပီတာ…" ဆရာမပြောသလိုပဲ ညက ကျွန်တော်လုပ်ပါတရ်..
အဖေက မေးတရ်.. မောင်ပီတာလေး အိပ်ပြီးလားလို့မေးတော့.
ကျွန်တော်လည်း အိပ်ချင်ယောင်ဆောင်နေလိုက်တရ်..
အဲဒါမှာ.. အဖေကပြောတရ်…
" ကဲ မေကြီး.. လုပ်ငန်းစကြရအောင် " တဲ့..
ကျွန်တော်လည်း သိချင်လို့… ဘာလုပ်မလို့ဟင် လို့မေးလိုက်တရ်ဗျာ..
အဲဒါနဲ့ ကျွန်တော်ကို လက်သီးနဲ့ ထထိုးပါလေရောဗျာ.."
သူအိပ်ချင်ရှာပြီကိုး
ချစ်သူအိမ်မှာကျွန်တော်ရောက်နေ၏။ကျွန်တော်တို့နှစ်ယောက်ဆိုဖာကြီးပေါ်မှာ
အတူယဉ်တွဲထိုင်ကြ၏။ကျွန်တော်ကချစ်သူကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်၏။
ချစ်သူကလည်းကျွန်တော်ကိုတင်းတင်းကျပ်ကျပ်ပြန်ဖက်၏။သို့သော်သိပ်မကြာပါ။ သူမရုတ်တရက်ထရပ်လိုက်၏။ပြီးမီးခလုတ်ကိုလှမ်းပိတ်လိုက်၏။
ကျွန်တော်အရိပ်အခြေကိုကောင်းကောင်းနားလည်လိုက်ပါသည်။သြော်..သူအိပ်ချင်ရှာပြီကိုး....
ကျွန်တော်သနားစိတ်ဖြင့်ထပြန်ခဲ့ပါသည်။
၁) သေပြီဆရာ
ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇
)ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့
ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။
ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။
တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။
လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။
ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။
ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။
ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။
အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက
သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း
ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့
ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက
ကျွန်တော်က " သုံးဆယ် " ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က
ဟေ....................
( ၂) မလွဲသောအမှား
အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။
ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် " ဆရာ " ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ " ဆရာမောင်လှ "
( ၃ ) ဖြစ်ရမယ်
မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။
ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ
ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ
ဦးလေး ။ ဘာဖြစ်လို့လဲကွ
ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ
ဦးလေး ။ ဟေ...သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ
ချူချာ ။ အဟီး......ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ
( ၄ ) ပါတော့ ပါသွားတယ်
ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။
ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက
ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ
( ၅ ) မှတ်သားလောက်တယ်
သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊
မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား
အေး...ကြားဖူးတယ်။ ဘာဖြစ်လို့လဲ
ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့
နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။
ဟုတ်လားကွ...." ဘာမယ်တဲ့တုန်း "
" ပါးကျိုးမယ် " တဲ့
( ၆ ) မဖြစ်နိင်ဘူး
စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။
လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့....ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက "
ယောင်္ကျားတွေဟာ မိန်းမ
တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ " ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက " စိတ်ကူးယဉ် စာပေများ " ဆိုတဲ့ စင်မှာ
ရှာကြည့်ပါရှင်
မှတ်ပြီလား
တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ......
ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ
လူနာ - ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။
ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စာ
းဗျာ၊ အဆီအဆိမ့်ကိုလျှော့စား
အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ
အခွံတွေကိုချန်မထားနဲ့ဗျ၊ အခွံတွေကလဲအားရှိတယ်
ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။
ထိုအခါ လူနာဖြေလိုက်သောအဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား....
လူနာ - အုန်းသီး။
သူဘယ်မှာလဲ....
ကိုလှ - ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။
ကိုမြ - သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။
ကိုလှ - ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။
ကိုမြ - ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။
သိနားလည်မှု
" မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ "
" ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရား တီးတက်ပါတယ် ။ စန္ဒရားအကြောင်း
ကောင်းကောင်းသိပါတယ်ခင်ဗျာ "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက်
တင်ပေးစမ်းပါကွာ "
သူ မှာထားခဲ့လို့
" ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ "
" ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင်
လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ "
နားလေးသူမို့ပါ
" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား
"
" ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ "
" ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။သူက နားနည်းနည်းလေးတယ် "
အပူကိုယ်စားလှယ်
" အခုတလော ကျုပ်မှာ ပူပင်စရာတွေများလွန်းလို့ ကျုပ်အစား
ပူပေးမယ့်သူရှိရှင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ "
" ကိုင်း.......ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ "
" အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ "
မေမေ့ တာဝန်ထားလိုက်
" အဲဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း
မတူကြဘူး။ သူက ငရဲရှိတယ် ဆိုတာကို မယုံဘူးလို့ အကြောက်အကန် ပြောတယ်
မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါ သမီးရယ် ၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့
မေမေ့တာဝန် ထားလိုက်စမ်းပါ "
အချစ်အတွက်ဆိုရင်
" အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။
အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ "
" ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း
မေ့မနေနဲ့ဦးနော် "
" စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ "
နည်းနည်းစောင့်ပါ
ပထ၀ီဝင်ဆရာမ - " ရှမ်းကုန်းပြင်မြင်နဲ့ ပတ်သက်လို့ မင်းတို့သိသမျှ
ပြောပြစမ်းကွာ "
တပည့် - " လောလောဆယ်တော့ ဘာမှ မသိသေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ သိသိချင်း
ပြောပြပါ့မယ် "
ဆိုမှဆိုတက်ပဲဟာ
" ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား
အုပ်စုနဲ့ တွေ့တယ် မေမေ။ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ် ။
မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ "
" အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ "
" ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ "
အမွေဆက်ခံမိလို့
" ခင်ဗျား မသေသင့်ဘူးဗျ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ခင်ဗျားရဲ့ အခင်ဆုံး
မိတ်ဆွေမို့လို့လား "
" ဟင့်အင်း..ကျွှန်တော့်မိန်းမရဲ့ ပထမ ယောင်္ကျားပါ "
ရေတွက်ပုံချင်းမတူ
" စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့
သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား "
" အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့ "
" ဘာဖြစ်လို့လဲကွ "
" ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့ "

