img:hover { position: relative; top: 1px; left: 1px; } အောင်မျိုးထွန်း Blog မှ ကြိုဆိုပါ၏။: September 2008
















နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လပြည့်အချိန်တွင် ကရင့်ရိုးရာလက်ချည်ပွဲ ကျင်းပကြသည်။ကရင်ရိုးရာ ၀တ်စုံအပြည့်အစုံ ၀တ်ဆင်၍ လူငယ်များသည် ကြင်ယာစုံအဖိုးအဖွား များထံမှ ကောင်းချီးမင်္ဂလာ များကိုတောင်းခံကြသည်။
ကြင်ယာစုံအဖိုးအဖွား အသက်ကြီးသူများက ပွဲတော်သို့ တက်ရောက်လာသော အသက်ငယ်သူ လူငယ်များနှင့်ခလေးများ၏ လက်ကောက်ဝတ် တွင်ဖြူစင်သည့်ချည်ဖြူဖြင့် ဖွဲ့ချည်ပေး၍ ပတ်ဝန်းကျင်တွင်ကောင်းမွန်စွာနေထိုင်ရန်၊ကရင်လူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို မြတ်နိုးထိန်းသိမ်းရန် ဆုတောင်းပေးကြသည်။
ချည်ဖြူဖွဲ့ မင်္ဂလာတွင် အဆောင်အယောင် ပစ္စည်း(၇)မျိုး ပါရှိရမည်။



  1. ရေကြည်အေးတစ်ခွက် (ကိုယ်ခန္ဒာ နှင့် စိတ်ကို သန့်စင်ရန်)

  2. ချည်ဖြူမျှင် ၃ ခင် (ကံကောင်းစေရန် နှင့် ဘေးအန္တရာယ်များမှကာကွယ်ရန်)

  3. ထမင်းဆုပ် ၇ ဆုပ် (စည်းလုံးခြင်းကို ဖော်ဆောင်ခြင်း)

  4. ကောက်ညှင်းထုပ် ၇ ထုပ် (တပေါင်းတစည်း တည်း ဖြစ်ခြင်းဝ

  5. ဌက်ပျောသီးပေါင်း ၇ ထုပ် (သစ္စာရှိခြင်း)

  6. နတ်ပန်းညို ၇ ခက် (ရောက်လေရာ အရပ်တိုင်းတွင် ကြီးပွားအောင် စွမ်းဆောင်နိုင်ခြင်း)

  7. ကြံပိုင်း ၇ စိပ် (ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း)




ဒီ Post လေးကို တော့ ကရင်လူမျိုးများ ၏ ချစ်စဖွယ် ရိုးရာဓလေ့ကြောင်းများကို သိရှိနိုင်ရန် ရည်ရွယ်ပါသည်။

ဆုတောင်း

အစဉ်ပြောင်းလဲ နိယာမတွေ
စိတ်စင်လှည့်စား သဘာဝတွေနဲ့
လောကအလှ ဆင်နေကြတဲ့
တောတောင်ရေမြေ ရှုခင်းတွေနဲ့
လွမ်းမောဖွယ်ရာ ဇွဲကပင်မြေ
ကျောင်းတော်သာကြီး ရောင်းရင်းမိတ်ဆွေ
တမျိုးစီရူး ငယ်သူငယ်ချင်း
မင်းတို့အားလုံး ပျော်ရွှင်ပါစေ။
natural